ရပ်ရွာတည်ငြိမ်အေးချမ်းသာယာရေး ပြည်သူလူထု ပူးပေါင်းဆောင်ရွက်


Ministry of Information/ Naypyitaw / January 08, 2025
image_latest


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် “ပြည်သူလူထု၏ လူမှုစီးပွားဘဝ လုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားလုပ်ဆောင်ရေး” ဟူသည့် နိုင်ငံရေးဦးတည်ချက်ကို အလေးထားဆောင်ရွက်လျက်ရှိသည်။ တိုင်းပြည်တည်ငြိမ်အေးချမ်းမှ ပြည်သူတို့၏လူမှုစီးပွားဘဝ မြင့်မားတိုးတက်စေရန် ဖော်ဆောင်နိုင်ပြီး ပြည်သူများ စိတ်ချမ်းမြေ့စွာ နေထိုင်နိုင်မည်ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရက နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ပြီး နိုင်ငံတစ်ဝန်းလုံးရှိ မြို့ရွာများ ဖွံ့ဖြိုးတိုးတက်လာစေရေးကို နှစ်စဉ်အလေးထား စီမံဆောင်ရွက်ပေးလျက်ရှိသည်။ တည်ငြိမ်အေးချမ်းသောဒေသများတွင် မြို့ရွာများ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်နိုင်ပြီး တည်ငြိမ်အေးချမ်းမှုမရှိသောဒေသများတွင် မြို့ရွာများဖွံ့ဖြိုးတိုးတက်လာအောင် မဆောင်ရွက်နိုင်ဘဲ မငြိမ်းချမ်းသော လက်နက်ကိုင်ပဋိပက္ခ အကျိုးဆက်ကြောင့် ဒေသခံပြည်သူများမှာ ဒုက္ခဆင်းရဲနှင့် အခက်အခဲတွေ့ကြရသည့်အပြင် မြို့ရွာများပါ ပျက်စီးဆုံးရှုံးနေသည်ကို တွေ့ရမည်ဖြစ်သည်။

ယနေ့ကာလတွင် အချို့ဒေသများ၌ အကြမ်းဖက်သမားများက မြို့ရွာများသို့ဝင်ရောက်ပြီး အရပ်သားပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ယူ၍ နယ်မြေဒေသလုံခြုံအေးချမ်းရေးအတွက် ဆောင်ရွက်ပေးနေကြသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ချောင်းမြောင်းပစ်ခတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခြင်းစသည်တို့ကို ပြုလုပ်လျက်ရှိသည်။

ထို့ပြင် အကြမ်းဖက် CRPH နှင့် NUG တို့၏စေခိုင်းမှုဖြင့် ဒေသခံ PDF အကြမ်းဖက်သမားများ နိုင်ငံအတွင်းရှိ အချို့ကျေးရွာများတွင် ခိုအောင်းနေထိုင်ပြီး အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိကြောင်းနှင့် ဘာသာရေးအဆောက်အအုံများ၊ စာသင်ကျောင်းများတွင် လက်နက်ခဲယမ်းများ သိုဝှက်သိမ်းဆည်းထားကြောင်း နယ်မြေတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသောလုပ်ရပ်များနှင့် အကြမ်းဖက်လုပ်ရပ်များကို လက်ခံနိုင်ခြင်းမရှိသည့် ဒေသခံပြည်သူအချို့၏ လျှို့ဝှက်ကူညီဆောင်ရွက်ပေးမှုများအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ရုတ်တရက် ထိုးဖောက်ဝင်ရောက်ရှင်းလင်းပြီး နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေကြသည်ကို မြင်တွေ့သိရှိကြရမည်ဖြစ်သည်။

အကြမ်းဖက်သမားများအနေဖြင့် ယခင်ကာလများကလည်း အုပ်ချုပ်မှုခက်ခဲပြီး အလှမ်းကွာဝေးသည့် မြို့ရွာအချို့တို့သို့ဝင်ရောက်၍ လက်နက်အားကိုးဖြင့် အနိုင်ကျင့်ကာ အများပြည်သူဆိုင်ရာအဆောက်အအုံများ၊ ဒေသခံပြည်သူများ၏ နေအိမ်များအတွင်းသို့ ဝင်ရောက်နေရာယူ၍ အတွင်းအပြင်ပတ်လည်အား သဲအိတ်များကာရံခြင်း၊ မိုင်းထောင်ခြင်း၊ အကြမ်းဖက်လေ့ကျင့်ရေးကွင်းများ ဖောက်လုပ်ခြင်း စသည့်အခိုင်အမာစခန်းတည်ဆောက်၍ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်ရန်ကြိုးပမ်းခဲ့သည့်ဖြစ်စဉ်များ၊ ပရဟိတလုပ်ငန်းခေါင်းစဉ်ပြ၍ အဆိုပါ ယာဉ်များအသုံးပြုကာ လက်နက်ခဲယမ်းများသယ်ဆောင်ခြင်း၊ ထိခိုက်ဒဏ်ရာရရှိသူ အကြမ်းဖက်သမားများကို ပို့ဆောင်ခြင်းစသည်တို့ကို လုပ်ဆောင်ခဲ့ကြသည်။

အကြမ်းဖက်သမားများသည် ထိုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သော ပြည်သူများ၏ နေအိမ်များ၊ ကျောင်းသား ကျောင်းသူများ၏ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စေတီပုထိုးများကို အသုံးချခိုအောင်းကာ အဖျက်လုပ်ရပ်များကို လုပ်ဆောင်နေကြသည့်အတွက် ဒေသခံပြည်သူများ အလုပ်အကိုင် စီးပွားပျက်ပြားပြီး တိမ်းရှောင်ထွက်ခွာသွားကြရခြင်း၊ ရပ်ရေးရွာရေး ဘာသာသာသနာရေးများ ဆုံးရှုံးပျက်ပြားရခြင်း၊ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားခွင့် အခွင့်အရေးများဆုံးရှုံးရခြင်းစသည့် ရပ်ရွာပြည်သူများ အကျိုးစီးပွားပျက်စီးပြီး ဒုက္ခဆင်းရဲ အခက်အခဲများနှင့် ကြုံတွေ့ကြရသည်။

လက်ရှိကာလဖြစ်ပေါ်နေသော တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသည့် ပြဿနာများသည် ဆင်ခြင်တုံတရားနှင့် အသိအမြင် ဗဟုသုတနည်းပါးသော ဒေသခံပြည်သူအချို့နှင့် ပြည်တွင်းပြည်ပမှ သွေးထိုးလှုံ့ဆော် ထောက်ပံ့ကူညီမြှောက်ပင့်ပေးသည့် အကြမ်းဖက်အဖွဲ့များ၊ လူပုဂ္ဂိုလ်များ၏ လက်ချက်ကြောင့် ကိုယ့်မြို့ကိုယ့်ရွာကို ပြန်လည်ဖျက်ဆီးနေသည့် အကြမ်းဖက်အဖွဲ့များ၏ လုပ်ဆောင်မှုများ ဖြစ်သည်။ ကိုယ့်မြို့ကိုယ့်ရွာကို မပျက်စီးအောင်၊ ဖွံ့ဖြိုးတိုးတက်အောင် ကာကွယ် စောင့်ရှောက် ထိန်းသိမ်းဆောင်ရွက်ရမည့်အစား ကိုယ့်မြို့ကိုယ့်ရွာကိုပျက်စီးအောင် ၎င်းတို့ကိုယ်တိုင် လုပ်ဆောင်ခဲ့ကြသည့် အဖျက်လုပ်ရပ်များပင်ဖြစ်သည်။

သို့ဖြစ်ရာ လက်နက်ကိုင်သောင်းကျန်းသူများနှင့်ပူးပေါင်း၍ ကိုယ့်မြို့ကိုယ့်ရွာ ကိုဖျက်ဆီးနေသည့် PDF အမည်ခံ အကြမ်းဖက်သမားများ၏လုပ်ရပ်များကို ဒေသခံတိုင်းရင်းသားပြည်သူများက လက်ခံနိုင်ခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မှုကြောင့် အကြမ်းဖက်သမားများနှင့် လက်နက်ခဲယမ်းများကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ရာ ဆက်လက်၍ အကြမ်းဖက်လှုပ်ရှားမှုများကို လျှို့ဝှက်သတင်းပေးကူညီပြီး နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းမှုရရှိရေးအတွက် ပြည်သူလူထုတစ်ရပ်လုံးက တပ်မတော်နှင့်အတူ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြပါရန် အသိပေးတိုက်တွန်းအပ်ပါကြောင်း။   ။

Newspaper

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက်၊ ဇန်နဝါရီ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက်၊ ဇန်နဝါရီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက်၊ ဇန်နဝါရီ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

တာဝန်မှ အနားယူခွင့်ပြုခြင်း

Ministry of Information / Posted on January 08, 2025

တာဝန်မှ အနားယူခွင့်ပြုခြင်း

အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၁-၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုစာရင်း

Revenue Appellate Tribunal / Posted on January 07, 2025

အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၁-၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုစာရင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023