ရမည်းသင်းမြို့နယ် သပြေပင်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ဒုတိယအကြိမ်မြောက် ပြန်လည်ထုတ်ချေး
ရမည်းသင်းမြို့နယ် သပြေပင်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ဒုတိယအကြိမ်မြောက် ပြန်လည်ထုတ်ချေး
Ministry of Cooperatives and Rural Development/ Naypyitaw / November 19, 2025
ရမည်းသင်းမြို့နယ် သပြေပင်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ဒုတိယအကြိမ်မြောက် ပြန်လည်ထုတ်ချေး
ရမည်းသင်း နိုဝင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး ၊ ရမည်းသင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင် ကျေးရွာဖြစ်သည့် သပြေပင်ကျေးရွာအတွက် လည်ပတ်ရန်ပုံငွေ ဒုတိယအကြိမ်ပြန်လည်ထုတ်ချေးခြင်း အခမ်းအနားကို ယနေ့နံနက် နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထုတ်ချေးပေးရာတွင် ရမည်းသင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်အောင်က ကျေးလက်နေပြည်သူများ၏ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်နှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများ ထုတ်ချေးပေးခြင်း ဖြစ်ကြောင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာမြစိမ်းရောင် လုပ်ငန်းအဖွဲ့ဝင်များအား ရန်ပုံငွေများ စနစ်တစ်ကျ လွှဲပြောင်းပေးအပ်ကြပါသည်။
ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း ဒုတိယအကြိမ်အဖြစ် ရမည်းသင်းမြို့နယ်၊ သပြေပင်ကျေးရွာရှိ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၉၅ ဦးအတွက် ငွေကျပ် ၃၂၀ သိန်းကို ကျေးရွာမြစိမ်းရောင်လုပ်ငန်းအဖွဲ့ဝင်များက နေ့ချင်းပြီး ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း ရမည်းသင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်အောင်က ပြောပြ၍ သိရသည်။
နီလာ
Newspaper
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 19, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 18, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 17, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
DownloadAnnouncement
မြန်မာ့တူရိယာများ ၂၀၀ ကျပ်တန် (၆) လုံးပါ Block of Stamp အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁) မျိုးအား ရောင်းချပေးမည်
Ministry of Transport and Communications / Posted on November 18, 2025
မြန်မာ့တူရိယာများ ၂၀၀ ကျပ်တန် (၆) လုံးပါ Block of Stamp အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁) မျိုးအား ရောင်းချပေးမည်
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
Naypyitaw Development Committee / Posted on November 12, 2025
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း
Naypyitaw Development Committee / Posted on October 31, 2025
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း
