ရမည်းသင်းမြို့နယ် သဲချောင်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းပေါ်ရှိ ရေကျော်ပြုပြင်တည်ဆောက်နေမှု ကွင်းဆင်းစစ်ဆေး


Ministry of Cooperatives and Rural Development/ Naypyitaw / December 08, 2025
image_latest


ရမည်းသင်းမြို့နယ် သဲချောင်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းပေါ်ရှိ ရေကျော်ပြုပြင်တည်ဆောက်နေမှု ကွင်းဆင်းစစ်ဆေး

‌ရမည်းသင်း ဒီဇင်ဘာ ၈

မန္တလေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၊ သဲချောင်းကျေးရွာ၌ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ကုန်ထုတ်တံတား ရေကျော်ပြုပြင်တည်ဆောက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်  မန္တလေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်မျိုးလွင်၊ ရမည်းသင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်း ၊ ရမည်းသင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်အောင်နှင့် အင်ဂျင်နီယာဝန်ထမ်းများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ သဲချောင်းကျေးရွာ ကျေးလက်ကုန်ထုတ်ပေါ်ရှိ ကုန်ထုတ်တံတား ရေကျော်ပြုပြင် တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး  တိုင်းဒေသကြီးဦးစီးမှူး ဦအောင်မျိုးလွင်က လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး မှာကြားပါသည်။

သံချောင်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းပေါ်ရှိ ကုန်ထုတ်တံတား ရေကျော် အရှည် ၁၃၀ ပေ အကျယ်ပေ ၁၈ အမြင့် ရှစ်လက်မထု ရေကျော်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၇၀ ဒသမ ၁၃၉ သန်းဖြင့် တင်ဒါအောင်မြင်သည့် Royal MTK Innovation ကုမ္ပဏီမှ စက်တင်ဘာလ ပထမအပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၆၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ သဲချောင်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းပေါ်ရှိ ရေကျော် ပြုပြင်တည်ဆောက်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၁၆၁၊ လူဦးရေ ၆၂၈ ဦး တို့၏ စိုက်ပျိုးမြေ ၄၀၀ ဧကကို အကျိုးပြုနိုင်မှာဖြစ်ပြီး အဆိုပါ စိုက်ပျိုးမြေများမှထွက်ရှိသော လယ်ယာထွက်ကုန်နှင့် ကောက်ပဲသီးနှံများအား ဈေးကွက်အတွင်းသို့ ကုန်ကျစရိတ် သက်သာစွာ အလွယ်တကူသယ်ယူပို့ဆောင်နိုင်မှာဖြစ်ကြောင်း သိရသည်။

 

သန်းလွင်(မကွေး)

Newspaper

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 11, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှု ဗဟိုကော်မတီ ဖွဲ့စည်းခြင်း

Ministry of Information / Posted on December 10, 2025

အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှု ဗဟိုကော်မတီ ဖွဲ့စည်းခြင်း

ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း

Ministry of Information / Posted on December 10, 2025

ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း

ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း

Ministry of Information / Posted on December 10, 2025

ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023