ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့
ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့
Ministry of Information/ Naypyitaw / June 05, 2026
လူ၊ တိရစ္ဆာန်များအပါအဝင် ကုန်းနေရေနေသတ္တဝါများ၊ အပင်များနှင့် အဏုဇီဝသက်ရှိများ ရှင်သန်နေထိုင်ရာ ကမ္ဘာကြီးမှာ မှန်လုံအိမ်ဓာတ်ငွေ့များ အလွန်အကျွံထုတ်လွှတ်မှုကြောင့် ကမ္ဘာ့လေထု အပူချိန်မြင့်တက်ပြီး ရာသီဥတုဖောက်ပြန်ခြင်း၊ မြို့ပြများ၊ စိုက်ပျိုးမြေများ တိုးချဲ့ခြင်းကြောင့် သစ်တောများပြုန်းတီးခြင်း၊ လေထု၊ ရေထုနှင့် မြေဆီလွှာများညစ်ညမ်းခြင်း၊ တိရစ္ဆာန်များ၊ အပင်များစသည့် ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးပျောက်ကွယ် မျိုးသုဉ်းလာခြင်း စသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ကြုံတွေ့ လာနေရသည်။
နှစ်စဉ် ဇွန်လ ၅ ရက်နေ့သည် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ဖြစ်သည်။ ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ကမ္ဘာ့နိုင်ငံအသီးသီးတို့က ဝိုင်းဝန်းဖြေရှင်း ဆောင်ရွက်လာကြစေရေးအတွက် ၁၉၇၂ ခုနှစ်တွင် ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံက ဇွန်လ ၅ ရက်ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ၁၉၇၃ ခုနှစ်မှစတင်၍ ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် ကျင်းပလာခဲ့ရာ ယခုအခါ ၅၃ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ယခု နှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်ကို “ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့ - A Global Call for Climate Action” ဟူ၍ သတ်မှတ်ထားသည်။
ကမ္ဘာ့လေထု အပူချိန်မြင့်တက်ခြင်းသည် မှန်လုံအိမ်အာနိသင် (Greenhouse Effect) ကြောင့် ဖြစ်သည်။ စက်ရုံများ၊ မော်တော်ယာဉ်များနှင့် စက်ယန္တရားများမှ မီးခိုးငွေ့များထုတ်လွှတ်ခြင်း၊ ကျောက်မီးသွေး၊ ရေနံစသည့် ရုပ်ကြွင်းလောင်စာများ အသုံးပြုခြင်း၊ သစ်တောများခုတ်ထွင်ရှင်းလင်းခြင်း စသည်တို့မှ ကာဗွန်ဒိုင်အောက်ဆိုက်၊ မီသိန်းစသည့် မှန်လုံအိမ်ဓာတ်ငွေ့များ (Greenhouse Gases) အမြောက်အမြားထွက်ပေါ်လာသည်။ အဆိုပါဓာတ်ငွေ့များက ကမ္ဘာ့လေထုကို စောင်တစ်ထည်ကဲ့သို့ ဖုံးအုပ်ထားရာ နေရောင်ခြည်မှလာသော အပူရှိန်ကို ကမ္ဘာမြေကစုပ်ယူပြီးနောက် အာကာသထဲသို့ ပြန်၍ထုတ်လွှတ်ရာတွင် ပိတ်မိစေသောကြောင့် ကမ္ဘာကြီးမှာ ပိုမိုပူနွေးလာသည်။
ကမ္ဘာ့လေထုအပူချိန်မြင့်တက်လာခြင်းက ကမ္ဘာ့ရာသီဥတုကို ဖောက်လွဲဖောက်ပြန်ဖြစ်စေသည်။ ပူပြင်းခြောက်သွေ့ခြင်း၊ မိုးခေါင် ရေရှားခြင်း၊ ပြင်းထန်သည့် မုန်တိုင်းများဖြစ်ပေါ်ခြင်း၊ မိုးရွာသွန်းမှု လွန်ကဲခြင်း၊ ရေကြီးရေလျှံခြင်း စသည်ဖြင့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များကိုဖြစ်ပေါ်စေသည်။ ဝင်ရိုးစွန်းဒေသနှင့် ရေခဲတောင်များ အရည်ပျော်စေပြီး ပင်လယ်ရေမျက်နှာပြင်ကို မြင့်တက်လာစေသည်။ ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝပတ်ဝန်းကျင်ပြောင်းလဲပြီး တိရစ္ဆာန်များနှင့် အပင်များမျိုးသုဉ်းမည့် အန္တရာယ်များလည်းဖြစ်ပေါ်လာသည်။ ကမ္ဘာကြီး၏ ပျမ်းမျှအပူချိန် မြင့်တက်မှုကို ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်ထက် မကျော်လွန်စေရန် ကမ္ဘာ့နိုင်ငံများက သဘောတူကတိပြုထားကြပြီး ရာသီဥတု ပြောင်းလဲမှုတိုက်ဖျက်ရေးအတွက် စွမ်းအင်သစ် (New Energy)များ အသုံးပြုခြင်း၊ သစ်ပင်များစိုက်ပျိုးခြင်း၊ ကာဗွန်ထုတ်လွှတ်မှုလျှော့ချနိုင်ရေး ဆောင်ရွက်ခြင်းတို့ကို ကမ္ဘာတစ်ဝန်း အလေးထားဆောင်ရွက်လျက်ရှိသည်။
ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၏ စည်းရုံး လှုံ့ဆော်မှုက အစိုးရများ၊ စက်မှုလုပ်ငန်းများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများအနေဖြင့် မူဝါဒဆိုင်ရာ ဆွေးနွေးပွဲများထက် အဓိကကဏ္ဍများတွင် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ကြရန် တိုက်တွန်း ထားခြင်းဖြစ်သည်။ ယင်းသို့ ဆောင်ရွက်ရာတွင် မှန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုလျှော့ချနိုင်သည့် ခေတ်မီစီးပွားရေးစနစ်များ ပြောင်းလဲကျင့်သုံးနိုင်ရန် စဉ်းစားဆောင်ရွက်ခြင်း၊ နေရောင်ခြည်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်သည့် အမိုးများ၊ လေစွမ်းအင်စက်ရုံများ အလျင်အမြန်တိုးချဲ့ခြင်း၊ ရာသီဥတုဘေးဒဏ်ခံနိုင်သည့် မြို့များ ဒီဇိုင်းရေးဆွဲခြင်း၊ သစ်တောများ အမြောက်အမြားတိုးချဲ့ခြင်း၊ အဏ္ဏဝါထိန်းသိမ်းရေးနှင့် စိမ့်တောများ၊ ရေဝပ်အင်းများ ပြန်လည်ထူထောင်မှုကိုမရှိမဖြစ်လိုအပ်သည့် ကာဗွန်စုပ်ယူမှုများအဖြစ် ဦးစားပေးဆောင်ရွက်ခြင်း၊ မီသိန်းဓာတ်ငွေ့နှင့် ကာဗွန်ကဲ့သို့သော (Super Pollutants) ညစ်ညမ်းပစ္စည်းများကို ချက်ချင်းလျှော့ချရန် အကောင်အထည်ဖော်ခြင်း စသည်တို့ကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ကြရန်ဖြစ်သည်။
မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်ရာ စိုက်ပျိုးရေးလုပ်ငန်းများမှ မှန်လုံအိမ်ဓာတ်ငွေ့များ ထုတ်လွှတ်မှုလျှော့ချခြင်း၊ ရေအား၊ နေအား၊ လေအား စသည့် ပြန်ပြည့်မြဲစွမ်းအင်များ ပြောင်းလဲကျင့်သုံးခြင်း၊ သစ်တောများပြန်လည်ထူထောင်ခြင်းနှင့် သစ်ပင်များ အမြောက်အမြားစိုက်ပျိုးခြင်း၊ အစိမ်းရောင်ဇုန်များ၊ မှန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုကင်းမဲ့ဇုန်များ ထူထောင်ခြင်းဖြင့် ရာသီဥတု ပြောင်းလဲမှုတိုက်ဖျက်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကြရပါမည့် အကြောင်း။ ။
Newspaper
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက် ၊ ဇွန် ၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက် ၊ ဇွန် ၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက် ၊ ဇွန် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ June 03, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) နှုတ်ဖြေစာမေးပွဲ ဖြေဆိုရန် အသိပေးကြေညာချက်
Ministry of Cooperatives and Rural Development / Posted on May 26, 2026
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် နှင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အတွက် ကျောင်းစတင်ဖွင့်လှစ်မည့်ရက်၊ ကျောင်းအပ်လက်ခံမည့်ရက်(သတင်းပို့ရမည့်ရက်) များအား ကြေညာခြင်း
Ministry of Cooperatives and Rural Development / Posted on May 21, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ အိန္ဒိယနိုင်ငံ တရားဝင်ခရီးစဉ်အတွင်း မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပူးတွဲကြေညာချက်
Ministry of Information / Posted on June 02, 2026
၁။ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက် အထိ အိန္ဒိယနိုင်ငံသို့ ပထမဆုံးတရားဝင်ခရီးစဉ် သွားရောက်ခဲ့သည်။

