ရုံးလုပ်ငန်းသုံးကွန်ပျူတာဆိုင်ရာပညာရပ်နှင့် e-Government အထောက်အကူပြု Basic Microsoft Office Application သင်တန်းဆင်းပွဲကျင်းပ
ရုံးလုပ်ငန်းသုံးကွန်ပျူတာဆိုင်ရာပညာရပ်နှင့် e-Government အထောက်အကူပြု Basic Microsoft Office Application သင်တန်းဆင်းပွဲကျင်းပ
Ministry of Cooperatives and Rural Development/ Naypyitaw / November 24, 2025
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ ရုံးလုပ်ငန်းသုံးကွန်ပျူတာဆိုင်ရာ ပညာရပ်နှင့် e-Government အထောက်အကူပြု Basic Microsoft Office Application သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ဌာနမှူးများ၊ ခေတ္တဌာနမှူးများ၊ ဘာသာရပ်တာဝန်ခံများ၊ ဆရာ/ဆရာမများနှင့် သင်တန်းသူ/သားများ စုစုပေါင်း(၁၅၀)ဦးခန့် တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပါမောက္ခချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် အဆိုပါသင်တန်းကို တက္ကသိုလ်၏ e-Government အကောင်အထည်ဖော်ဆောင်ရေးလုပ်ငန်းကော်မတီအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ရေးဆွဲထားသည့် Action Plan နှင့်အညီ မိမိတို့ဌာန၏ ဝန်ထမ်းသစ်များအတွက် Basic Microsoft Office Application သင်တန်းကို ICT ဌာနမှ ဦးဆောင်၍ ၁၁-၁၁-၂၀၂၅ ရက်နေ့မှ ၂၁-၁၁-၂၀၂၅ ရက်နေ့ထိ တစ်နေ့(၂)နာရီ (၈)ရက် သင်ကြားချိန်စုစုပေါင်း(၁၆)နာရီကို မိမိတို့၏လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချနိုင်စေရန်နှင့် e-Government လုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန်ရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ပါသည်။
တက္ကသိုလ် e-Government လုပ်ငန်းများ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန်အတွက် ဝန်ထမ်းသစ်များ၏ ကျွမ်းကျင်မှုအဆင့်တိုးတက်မြင့်မားရေး သည် အရေးကြီးကြောင်း၊ ယခုသင်ကြားပို့ချပေးခဲ့သည့် သင်ခန်းစာများသည် မိမိတို့ကိုယ်တိုင် အတွက် အကျိုးရှိပြီး လက်တွေ့လုပ်ငန်းခွင်များတွင် အသုံးပြုနိုင်သည့် အရေးပါသော သင်ခန်းစာများဖြစ်သည့်အတွက် ယခုသင်တန်းမှရရှိခဲ့သော အသိပညာ၊ အတတ်ပညာများကို လုပ်ငန်းခွင်တွင် စနစ်တကျပြန်လည်အသုံးချခြင်းဖြင့် သက်ဆိုင်ရာရုံးလုပ်ငန်းများအပြင် နိုင်ငံတော်၏ e-Government လုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူပြု ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
သင်ကြားပို့ချခဲ့သည့်သင်ခန်းစာများကို လက်တွေ့အသုံးချ၍ အုပ်စုအလိုက် Group Presentation များပြုလုပ်၍ ရှင်းလင်းဆွေးနွေးခြင်း၊ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခြင်း၊ သင်တန်းသား/သူ ကိုယ်စားလှယ်တစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခြင်းနှင့် မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြောင်းသိရပါသည်။
Newspaper
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 24, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 23, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 22, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
DownloadAnnouncement
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း
Ministry of Ethnic Affairs / Posted on November 21, 2025
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့်နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၁၄/၂၀၂၅)
Myanmar National Human Rights Commission / Posted on November 20, 2025
Myanmar National Human Rights Commission Statement No (14/ 2025)
Myanmar National Human Rights Commission / Posted on November 20, 2025
