ရေကြည်မြို့နယ် သပြေကွင်းကျေးရွာ၌ ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး ‎


Ministry of Cooperatives and Rural Development/ Naypyitaw / December 10, 2025
image_latest


ရေကြည်မြို့နယ် သပြေကွင်းကျေးရွာ၌ ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

‎ရေကြည်  ဒီဇင်ဘာလ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဖြည့်စွက်ခွင့်ပြုရန်ပုံငွေဖြင့် သပြေကွင်းကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်နေမှုအခြေအနေများကို  ဒီဇင်ဘာလ ၉  ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။ 
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဧရာဝတီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဌေးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဦးလှိုင်အေး၊ ရေကြည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဆွေနှင့် ခရိုင်၊ မြို့နယ်တာဝန်ခံအင်ဂျင်နီယာများမှ သပြေကွင်းကျေးရွာ၌ ကျေးရွာကုန်ထုတ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို  ကွင်းဆင်းစစ်ဆေးပြီး  ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဦးလှိုင်အေးက သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစေရေး အလေးထား ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရေကြည် မြို့နယ် သပြေကွင်းကျေးရွာ၌  လမ်းအရှည်  ၅ ဒသမ ၃ ၊ အကျယ် ၁၆ပေ၊ အမြင့်  ၁ ပေ ၉ လက်မ ရှိ ကျောက်ရောမြေခင်းခြင်းလုပ်ငန်းကို  ပြည်ထောင်စုဖြည့်စွက်ခွင့်ပြုရန်ပုံငွေမှ  ကျပ် ၂၃၈ဒသမ ၃၈၈ သန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အင်ဂျင်နီယာဝန်ထမ်းများက တာဝန်ယူ၍ ယခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်၍တာဝန်ယူ ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းဆောင်ရွက်မှုမှာ ၂၅ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးပြီဖြစ်ပါကြောင်း ရေကြည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဆွေထံမှ သိရသည်။ 

Newspaper

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ December 07, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

Myanmar National Human Rights Commission Statement No. (17/ 2025)

Myanmar National Human Rights Commission / Posted on December 10, 2025

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

Ministry of Information / Posted on December 06, 2025

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023