ရှမ်းပြည်နယ်၊ ကလောမြို့နယ်၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၍ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦး သေဆုံးကာ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိ
ရှမ်းပြည်နယ်၊ ကလောမြို့နယ်၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၍ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦး သေဆုံးကာ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိ
Ministry of Home Affairs/ နေပြည်တော် / November 10, 2025
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်က ရှမ်းပြည်နယ်၊ ကလောမြို့နယ်၌ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွား၍ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦး သေဆုံးကာ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၉ ရက် မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်တွင် ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ မကွေ့ကျေးရွာဓာတ်အားခွဲရုံအနီး၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၁၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်း မြို့နယ်၊ ဇေယျကွက်သစ်ရပ်ကွက်နေ ထွန်းအောင်ကျော်(၄၃)နှစ် မောင်းနှင်ပြီး ခရီးသည်များ လိုက်ပါလာသည့် MDY-14/1J-XXXX JINBEI ခရီးသည်တင်မော်တော်ယာဉ်သည် ကလောမြို့မှ သာစည်မြို့ဘက်သို့ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ ဘရိတ်ပေါက်၍ လမ်းဝဲဘက်ခြမ်း ပေ ၃၀ ခန့်အနက်ရှိ ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့သဖြင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ဒေါ်သန်းသန်းဦး(၆၉)နှစ်၊ မသန္တာဦး(၂၈)နှစ်၊ မောင်အံ့ဘုန်းသွင်(၈)နှစ်တို့တွင် ထိခိုက်ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ထွန်းအောင်ကျော်ပါ အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၄ ဦး တို့တွင် ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် ထွန်းအောင်ကျော် အား ကလောမြို့မရဲစခန်း ယာဉ်(ပ)၁၄/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Newspaper
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 07, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့
Publisher: မြန်မာ့အလင်း/ December 06, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 05, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ
Ministry of Information / Posted on December 06, 2025
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ
ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ