ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ ရပ်ကွက်(၂)၊ တာချီလိတ်-ကျိုင်းတုံပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင် အမှတ် ၃၉၄ မိုင် ၄ ဖာလုံနှင့် ၅ ဖာလုံကြား၌ မော်တော်ယာဉ် တစ်စီး မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / December 20, 2025


     ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက် နံနက် ၁၁ နာရီ ၅ မိနစ်ခန့်က ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ ရပ်ကွက်(၂)၊ တာချီလိတ်-ကျိုင်းတုံပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် ၃၉၄ မိုင် ၄ ဖာလုံနှင့် ၅ ဖာလုံ ကြား၌ တာချီလိတ်မှ ကျိုင်းတုံသို့ ယာဉ်မောင်း ယောဟန်(၃၁)နှစ် မောင်းနှင်လာသော ယာဉ်အမှတ် SHN-7၊ 9M-XXXX MITSU BISHI PAJERO-IO အမျိုးအစား အဖြူရောင် မော်တော်ယာဉ်သည် အင်ဂျင်ခန်းအတွင်း ဝိုင်ယာရှော့ဖြစ်ရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သ တင်းရရှိသဖြင့် ကျိုင်းတုံ ခရိုင်၊ မြို့နယ်မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် နှစ်စီးဖြင့် မီးငြှိမ်းသတ်ရေး လုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ နံနက် ၁၁ နာရီ ၁၁ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။ 

     အဆိုပါ မီးလောင်မှုကြောင့် SHN-7၊ 9M-XXXX MITSUBISHI PAJERO-IO အမျိုးအစား အဖြူရောင် မော်တော်ယာဉ်အရှေ့ပိုင်းရှိ ဘက်ထရီနှင့်အင်ဂျင် မီးလောင်ဆုံး ရှုံးခဲ့ကြောင်းနှင့် ယာဉ်မောင်း ယောဟန်အား ကျိုင်းတုံမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

Newspaper

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက် ၊ ဒီဇင်ဘာ ၂၀ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ December 20, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက် ၊ ဒီဇင်ဘာ ၁၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 19, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လကွယ်နေ့ ၊ ဒီဇင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 18, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

Announcement

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်း ကြေညာ

Ministry of Information / Posted on December 20, 2025

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်း ကြေညာ

စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ မတ်လတွင် ကျင်းပစစ်ဆေးသွားမည်

Ministry of Information / Posted on December 20, 2025

စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ မတ်လတွင် ကျင်းပစစ်ဆေးသွားမည်

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023