ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ်၌ ခြောက်ကောင် အန်စာတုံး ကြိုးဆွဲလောင်းကစား ပြုလုပ်သူ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးအား ဖမ်းဆီးအရေးယူ
ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ်၌ ခြောက်ကောင် အန်စာတုံး ကြိုးဆွဲလောင်းကစား ပြုလုပ်သူ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးအား ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ နေပြည်တော် / December 28, 2025
ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ်၌ ဒီဇင်ဘာ ၂၇ ရက်က ခြောက်ကောင် အန်စာတုံး ကြိုးဆွဲ လောင်းကစား ပြုလုပ်သူ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးအား ဖမ်းဆီး အရေးယူထားကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၇ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့၊ နားလင်လိုင်ကျေးရွာအနီး မိုင်းနောင်-ကျေးသီးကားလမ်းဘေး၌ လောင်းကစားပြုလုပ် နေကြောင်း သတင်းအရ မိုင်းနောင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ နားလင်လိုင်ကျေးရွာနေ စိုင်းပေါထိလှ(၃၅)နှစ်နှင့် မိုင်းရှူးမြို့၊ အမှတ်(၂) ရပ်ကွက်နေ မနန်းထွေးခမ်း(၁၉)နှစ် တို့နှစ်ဦးအား ခြောက်ကောင်အန်စာတုံး ကြိုးဆွဲလောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် စိုင်းပေါထိလှနှင့် နန်းထွေးခမ်း တို့နှစ်ဦးအား မိုင်းနောင်နယ်မြေရဲစခန်း (ပ)၂၃/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
Newspaper
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက် ၊ ဒီဇင်ဘာ ၂၉ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 29, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက် ၊ ဒီဇင်ဘာ ၂၈ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 28, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက် ၊ ဒီဇင်ဘာ ၂၇ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 27, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
DownloadAnnouncement
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ
Ministry of Information / Posted on December 28, 2025

ရှမ်းပြည်နယ်အတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ
Ministry of Information / Posted on December 28, 2025
ရှမ်းပြည်နယ်အတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ