ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား နှစ်ဦး ဒဏ်ရာရရှိ


Ministry of Home Affairs/ နေပြည်တော် / January 01, 2026


     ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

     ဖြစ်စဉ်မှာ ဒီဇင်ဘာ ၃၁ ရက် နံနက် ၁ နာရီ ၄၀ မိနစ်တွင် တောင်ကြီးမြို့၊ မြို့မရပ်ကွက်၊ အနောက်မြို့ပတ်လမ်း၊ အာရောဂျံဆေးခန်းအနီး၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၁၈) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ(တောင်ကြီး)မှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အနောက်မြို့ပတ်လမ်း၊ (၁၆)ထပ်တိုက်တန်းမှ မြို့မဈေးသို့ မကွေးမြို့နယ်၊ နွားကူးကျေးရွာနေ သက်နိုင်မြင့်(၃၈)နှစ် မောင်းနှင်ပြီး ဝက်သိုက်ကျေးရွာနေ အောင်ကျော်မင်း(၂၈)နှစ် လိုက်ပါလာသည့် MDY-12၊ 2P/XXXX YUTONG EXPRESS ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ မြို့မဈေးမှ ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာနေ သန့်ဇင်ဖြိုး(ခ) ဖိုးသား(၂၃)နှစ် မောင်းနှင်ပြီး ၎င်း၏အစ်ကိုဖြစ်သူ မြင့်အောင်ဇော်(၃၈)နှစ် လိုက်ပါလာသည့် ၆၈ယ/XXXXX LUOJIA-110 ဆိုင်ကယ်သည် လမ်းယာဘက်ခြမ်းမှ လမ်းဝဲဘက်ခြမ်းရှိ ဘုရင့်နောင် လမ်းသွယ်ဘက်သို့ ရုတ်တရက်ချိုးကွေ့စဉ် ဝင်ရောက်တိုက်မိခဲ့သဖြင့် သန့်ဇင်ဖြိုး(ခ)ဖိုးသားနှင့် မြင့်အောင်ဇော် တို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် သန့်ဇင်ဖြိုး(ခ)ဖိုးသားအား တောင်ကြီး မြို့မရဲစခန်း ယာဉ်(ပ)၁၁/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

Newspaper

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 01, 2026

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 31, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း

Ministry of Information / Posted on January 01, 2026

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း

Ministry of Information / Posted on January 01, 2026

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း

သတင်းထုတ်ပြန်ချက်

Ministry of Information / Posted on December 31, 2025

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023