ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ)သင်တန်း ဖွင့်လှစ်
ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ)သင်တန်း ဖွင့်လှစ်
Ministry of Social Welfare, Relief & Resettlement/ စစ်ကိုင်းတိုင်းဒေသကြီး / December 29, 2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်က စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးတွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်း ဖွင့်လှစ်ခဲ့ပါ သည်။
သင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးတွင် ဒီဇင်ဘာလ၂၂ ရက်မှ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်ထိ သင်တန်းကာလ (၂၁) ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်သည်။ သင်တန်းတွင် သင်တန်းသူ/သား (၃၀) ဦး တက်ရောက်လျက်ရှိပြီး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ ဘာသာရပ်များကို စာတွေ့၊ လက်တွေ့ ပို့ချသွားမည်ဖြစ်သည်။
အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က အဖွင့်အမှာစကား ပြောကြားခဲ့ရာ သင်တန်းသူ/သင်တန်းသားများ အနေဖြင့် သင်တန်းကာ (၂၁)ကြာ ပိတ်ရက်မရှိ တက်ရောက်ရမည်ဖြစ်ကြောင်း၊ မူလတန်းကြိုကျောင်းများတွင် ဆရာ/ဆရာမအဖြစ် သင်ကြားနေသူများ၊ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဘာသာရပ်ကို စိတ်ပါဝင်စားသူများအတွက် ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ သင်တန်းတွင် သက်ဆိုင်ရာ ဘာသာရပ်များအလိုက် ဆရာ/ဆရာမများမှ ပို့ချသွားမည် ဖြစ်ပါကြောင်း၊ ရပ်ရွာအခြေပြုကျောင်းများ၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများ၊ ကိုယ့်အား ကိုယ်ကိုး မူလတန်းကြိုကျောင်း ဆရာ/ဆရာမများအနေဖြင့် စဉ်ဆက်မပြတ် လေ့လာသင်ယူ နေရမည်ဖြစ်ပါကြောင်း ၊ ဌာနတွင်း ဆရာ/ ဆရာများကိုမူ လူမှုဝန်ထမ်းဦးစီးဌာန(ရုံးချုပ်)မှ အစဉ် အမြဲလေ့ကျင့်ပေးလျက်ရှိပါကြောင်း၊ သင်တန်းတွင် သင်ယူရမည့်ဘာသာရပ်များနှင့် ပတ်သက်၍ အခက်အခဲများရှိပါက အချိန်မရွေး မေးမြန်းနိုင်ပါကြောင်း ပြောကြားခဲ့ပြီး သင်တန်းဖွင့်ပွဲ အခမ်းအနားကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါသည်။

Newspaper
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် ၊ ဇန်နဝါရီ ၆ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက် ၊ ဇန်နဝါရီ ၅ ရက်၊ တနင်္လာနေ့။
Announcement
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် (၉/၂၀၂၆) ၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများအမည်စာရင်းကြေညာခြင်း
Ministry of Information / Posted on January 06, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် (၉/၂၀၂၆) ၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများအမည်စာရင်းကြေညာခြင်း
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
Ministry of Transport and Communications / Posted on December 31, 2025
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း
Ministry of Information / Posted on January 05, 2026
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း
