လယ်ဝေးမြို့နယ်၊ မီးလောင်ကုန်းစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းရှိ ဆောင်းသီးနှံ မတ်ပဲစိုက်ပျိုးမည့် အသင်းသားတောင်သူများအား မျိုးနှင့်သွင်းအားစုများ ပေးအပ်
လယ်ဝေးမြို့နယ်၊ မီးလောင်ကုန်းစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းရှိ ဆောင်းသီးနှံ မတ်ပဲစိုက်ပျိုးမည့် အသင်းသားတောင်သူများအား မျိုးနှင့်သွင်းအားစုများ ပေးအပ်
Ministry of Cooperatives and Rural Development/ Naypyitaw / November 25, 2025
လယ်ဝေး နိုဝင်ဘာ ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက လယ်ဝေးမြို့နယ်၊ ရွှေပြည်အေးကျေးရွာ၊ မီးလောင်ကုန်းစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းရှိ ဆောင်းသီးနှံမတ်ပဲစိုက်ပျိုးမည့် အသင်းသားတောင်သူများသို့ နိုင်ငံတော်ထောက်ပံ့ငွေ(သက်တန့်ရောင်စီမံကိန်း)ဖြင့် မျိုးနှင့် သွင်းအားစုများ ပေးအပ်ပွဲကျင်းပသည်။
အခမ်းအနားတွင် ညွှန်ကြားရေးမှူး ဒေါ်ဆုယဉ်မြင့်က ယခုနှစ်ဆောင်းသီးနှံမတ်ပဲ စိုက်ပျိုးရာတွင် ပန်းတိုင်အထွက်နှုန်းပြည့်မီစေရန် ဦးစီးဌာနကြီးကြပ်မှုဖြင့် အသင်းသား တောင်သူများက စဉ်ဆက်မပြတ်ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုကြောင်း၊ အဖျက်ပိုးမွှား အန္တရာယ်များမှကာကွယ်နိုင်စေရန် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ အသီးအပွင့်အား တိုးဆေးနှင့် မြေဩဇာများကို နည်းစနစ်မှန်ကန်စွာဖြင့် စံချိန်၊ စံညွှန်းများအတိုင်း အသုံးပြုရန် လိုအပ်ကြောင်း၊ လိုအပ်သည့် သွင်းအားစုများကို နိုင်ငံတော်ဘဏ္ဍာငွေမှ ပံ့ပိုးဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊ သီးနှံပေါ်ချိန်တွင် မျိုးနှင့်သွင်းအားစုတန်ဖိုးငွေများကို အချိန်မီပြန်လည်ပေးဆပ် နိုင်ရေး မြို့နယ်သမဝါယမဦးစီးဌာနမှ စဉ်ဆက်မပြတ်ကွင်းဆင်းကြည့်ရှုပြီး နိုင်ငံတော် ထောက်ပံ့ငွေ(သက်တန့်ရောင်စီမံကိန်း)ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းဖြစ်၍ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အနီးကပ်ကြီးကြပ်ပေါင်းစပ်ဆောင်ရွက်ပေးရန် မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
နေပြည်တော်ကောင်စီနယ်မြေ
Newspaper
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက် ၊ နိုဝင်ဘာ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 26, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက် ၊ နိုဝင်ဘာ ၂၅ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 25, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 24, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
DownloadAnnouncement
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း
Ministry of Ethnic Affairs / Posted on November 21, 2025
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့်နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၁၄/၂၀၂၅)
Myanmar National Human Rights Commission / Posted on November 20, 2025
Myanmar National Human Rights Commission Statement No (14/ 2025)
Myanmar National Human Rights Commission / Posted on November 20, 2025
