လူငယ်ရေးရာဝန်ကြီးဌာန၏ ဇီဝိတဒါနအဖြစ် ငါးလွှတ်ခြင်းနှင့် ငှက်လွှတ်ခြင်း အခမ်းအနားကျင်းပ


Ministry of Information/ Naypyitaw / April 18, 2026
image_latest


နေပြည်တော် ဧပြီ ၁၇

လူငယ်ရေးရာဝန်ကြီးဌာန၏ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မြန်မာ့နှစ်သစ်ကူး အခါသမယ ဇီဝိတဒါနအဖြစ် ငါးလွှတ်ခြင်းနှင့် ငှက်လွှတ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) နှင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ပရိဝုဏ်အတွင်းရှိ အမှတ် (၁) ရေကန်၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း၊ ဒုတိယဝန်ကြီး ဦးစစ်နိုင်နှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းဝန်ထမ်းများက ဇီဝိတဒါနအဖြစ် အမှတ် (၁) ရေကန် အတွင်း ငါးကြင်းရွှေဝါသားပေါက် ကောင်ရေ ၉၀၀၀ ကိုလည်းကောင်း၊ ငှက်ကောင်ရေ ၆၉ ကောင်ကိုလည်းကောင်း ကုသိုလ်ဖြစ် ဘေးမဲ့လွှတ်ပေးကြသည်။

လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သတ္တဝါများ အသက်ရှင်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ ဇီဝိတဒါနငါးလွှတ်ခြင်းအခမ်း အနားများကို နှစ်စဉ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း

Ministry of Information / Posted on April 10, 2026

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း

Video