လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ နှစ်(၃၀)ပြည့် ပုလဲရတု နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ နှစ်(၃၀)ပြည့် ပုလဲရတု နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ
Ministry of Information/ Naypyitaw / June 16, 2025

နေပြည်တော် ဇွန် ၁၅
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ နှစ်(၃၀)ပြည့် ပုလဲရတု နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် ဇနီး၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။
နှစ်ပေါင်း(၃၀) ပြည့်မြောက်
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံလွတ်လပ်ရေးမရခင်ကပင် နိုင်ငံ့သမိုင်းကြောင်းနှင့်ယှဉ်၍ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ၊ နိုင်ငံသားမှတ်ပုံတင်ရေးဆိုင်ရာနှင့် သန်းခေါင် စာရင်းဆိုင်ရာ ဌာနများကို အမျိုးမျိုးပြောင်းလဲဖွဲ့စည်းခဲ့ရာမှ ၁၉၉၅ ခုနှစ် ဇွန် ၁၅ ရက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအဖြစ် သတ်မှတ်ဖွဲ့စည်းခဲ့ခြင်းကြောင့် ယင်းနေ့ကို မိမိတို့ဝန်ကြီးဌာန၏ မွေးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုဆိုလျှင် မိမိတို့ဝန်ကြီးဌာနသည် နှစ်ပေါင်း (၃၀) ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ယခုအခါဝန်ကြီးရုံးနှင့် ဦးစီးဌာနလေးခု၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်ဦးစီးမှူးရုံးများနှင့် သင်တန်းကျောင်း စသည်ဖြင့်ဖွဲ့စည်း၍ ဌာန၏အဓိက လုပ်ငန်းတာဝန်ကြီး (၄)ရပ်ချမှတ်ကာ နိုင်ငံတော်အစိုးရ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်ပတ် လည်နေ့ကို ဂုဏ်ယူစွာကျင်းပရခြင်းဖြစ်သည့်အတွက် ပုလဲရတုနှစ်ပတ်လည်နေ့မှသည် ရတုအဆက်ဆက် ရှင်သန်ဖြတ်သန်းနိုင်သည့် ဌာနအဖြစ် ရပ်တည်နိုင်ရေး ဝန်ထမ်းအားလုံးက ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ပေးအပ်ချီးမြှင့်
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချီးမြှင့်သည့် ဂုဏ်ထူးဆောင်တံဆိပ်ရရှိကြသူများကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို လည်းကောင်း၊ ဝန်ကြီးဌာန စွမ်းဆောင်ရည်ဆု(ပထမအဆင့်)၊ (ဒုတိယအဆင့်)၊ (တတိယ အဆင့်)ရရှိကြသည့် အရာထမ်း၊ အမှုထမ်းများအတွက် ကိုယ်စားလှယ်များကို ဂုဏ်ပြုမှတ်တမ်းလွှာများကို လည်းကောင်း၊ ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် အရာထမ်းလောင်း သင်တန်းအမှတ်စဉ်(၁၂)တွင် သင်တန်းသားသင်တန်းသူစံပြဆု ရရှိသူနှစ်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကိုလည်းကောင်း ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ၂၀၂၄ - ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များ၌ ဖွင့်လှစ်ခဲ့သည့် သင်တန်းများတွင် စံပြထူးချွန်ဆုရရှိခဲ့ကြသည့် လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဦးသော်ဦးကောင်း၊ ဦးပြည့်ဖြိုးဟိန်းနှင့် ဒေါ်ချယ်ရီအောင်တို့ သုံးဦးအား ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်တို့က တစ်ဆင့်မြင့်ရာထူးဖြစ်သည့် ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူးအဆင့်များကို အပ်နှင်းတပ်ဆင်ပေး၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ၂၀၂၄-၂၀၂၅ ခုနှစ် အတွင်း နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များတွင် ဖွင့်လှစ်ခဲ့သည့် သင်တန်း များ၌ ထူးချွန်ဆုရရှိကြသူများကို အမြဲတမ်းအတွင်းဝန် ဦးမင်းဟိန်းက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ပြီးဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ဝန်ထမ်းများ၏ သားသမီး၊ ကျောင်းသား ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ငွေများနှင့် ကျောင်းသုံးစာရေး ကိရိယာများကို အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက ဌာနအလိုက် ကိုယ်စားလှယ် ကျောင်းသား ကျောင်းသူများထံပေးအပ်ကြပြီး ပြည်ထောင်စု ဝန်ကြီးနှင့် တက်ရောက်လာကြသူများက ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်း Video Clip ကို ကြည့်ရှုအားပေးကြသည်။
ယင်းနောက် ဝန်ထမ်းများကို ကံစမ်းမဲဖောက်ပေးပြီး တက်ရောက်လာကြသူများအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်
Newspaper

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်၊ ဇွန် ၁၆ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက်၊ ဇွန် ၁၅ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်၊ ဇွန် ၁၄ ရက်၊ စနေနေ့။
Announcement
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း
Ministry of Information / Posted on June 14, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန (ရုံးချုပ်) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးကို ယင်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။
တင်ဒါအောင်မြင်ကြောင်းကြေညာခြင်း
Ministry of Information / Posted on June 13, 2025
ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနအတွက် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်၊ သာမန်အသုံး စရိတ်ဖြင့် စက္ကူနှင့်ပုံနှိပ်ရေးပစ္စည်းများ ဝယ်ယူရန် ပြည်တွင်း/ပြည်ပ ပစ္စည်းများဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီမှ (၁၁-၆-၂၀၂၅)ရက်နေ့၊ မွန်းလွဲ(၁၄:၀၀)နာရီအချိန်တွင် စိစစ်ခဲ့သည့် ဈေးနှုန်းများအနက် အနည်းဆုံးပေးသွင်းသည့် အောက်ပါကုမ္ပဏီများမှ ယှဉ်တွဲပါဈေးနှုန်း၊ အရေအတွက်တို့ဖြင့်...
တင်ဒါအောင်မြင်ကြောင်းကြေညာခြင်း
Ministry of Information / Posted on June 13, 2025