လူဦးရေဆုလာဘ် အနာဂတ်အင်အား


Ministry of Information/ Naypyitaw / November 16, 2025
image_latest


နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူငယ်လူရွယ်များကို မှန်ကန်ထိရောက်အကျိုးရှိစွာ ဆောင်ရွက်စီမံပေးနိုင်ရန် အရေးကြီးသည်။ မိမိတို့နိုင်ငံတွင် လက်ရှိကာလအတွင်း အလုပ်လုပ်နိုင်သည့်အရွယ် လူငယ်လူရွယ်ဦးရေသည် များပြားနေဆဲ၊ တစ်နည်းအားဖြင့် လူဦးရေဆုလာဘ် ရရှိနေဆဲကာလဖြစ်ရာ နိုင်ငံတွင် ပိုင်ဆိုင်ထားသည့် လူသားအရင်းအမြစ်ကို မြှင့်တင်ပေးပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်စွာအသုံးချသွားရမည်ဖြစ်သည်။

မိမိတို့နိုင်ငံတွင် အလုပ်လုပ်နိုင်သည့် လူငယ်များ ပြည်ပသို့ ရွှေ့ပြောင်းသွားလာမှု များပြားလျက်ရှိရာ ယင်းသို့ရွှေ့ပြောင်းရန်အတွက် ပြည်တွင်းနှင့် ပြည်ပအခြေအနေအရပ်ရပ်တို့က တွန်းအားနှင့်ဆွဲအားတို့ကို ဖြစ်ပေါ်စေခြင်းကြောင့်ဖြစ်သည်။ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း၊ လူမှုစီးပွားရေးအခြေအနေ၊ နိုင်ငံရေးတည်ငြိမ်မှုစသည်တို့က လူငယ်တို့ ပြည်ပထွက်ခွာရန် တွန်းအားတို့ကိုဖြစ်စေပြီး အိမ်နီးချင်းနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှု၊ လုပ်ခလစာဆွဲဆောင်မှုစသည်တို့က လူငယ် များကို ဆွဲအားတို့ဖြစ်ပေါ်စေသည်။

လူငယ်များကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တန်ဖိုးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်လာစေရန် အသိပညာ၊ အတတ်ပညာ၊ အသက်မွေးဝမ်းကျောင်းပညာများကို သင်ကြားပေးပြီး အခွင့်အလမ်းများ ဖန်တီးပေးရန်လိုသည်။ လူငယ်တစ်ဦးချင်းစီတိုင်း ပညာတတ်မြောက်နေခြင်းအားဖြင့် ၎င်းတို့တစ်ဦးတစ်ယောက်ချင်းစီ၏ ဘဝများအတွက် ကောင်းမွန်စွာ တည်ဆောက်သွားနိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံတော်၏ ကဏ္ဍအသီးသီးအတွက် လိုအပ်သော လူ့စွမ်းအားအရင်းအမြစ်ကို ဖြည့်ဆည်းကာ နိုင်ငံကို ကမ္ဘာ့အလယ်တွင် ဝင့်ထည်အောင် တည်ဆောက်သွားနိုင်မည်ဖြစ်သည်။

“လက်ရှိအချိန်တွင် နိုင်ငံတော်၏ အနိမ့်ဆုံးပညာရေး ရည်မှန်းချက်အဖြစ် KG+9 အထိ မသင်မနေရ ပညာရေးစနစ်ကို ချမှတ်ထားပြီး ပညာတတ်လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာအောင် ဆောင်ရွက်ပေးလျက်ရှိနေကြောင်း။

“မိမိတို့နိုင်ငံ၏ ပညာရေးစနစ်သည် အတန်းပညာမှတစ်ဆင့် အတတ်ပညာ၊ အသိပညာအထိ ပြည့်စုံအောင် ဖန်တီးပေးထားသည့် စနစ်ကောင်းတစ်ခုပင်ဖြစ်ကြောင်း၊ အတတ်ပညာ၊ အသိ ပညာပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်ကောင်းများကသာလျှင် နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့အောင် ထိန်းသိမ်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း” နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က YMBA (ဗဟို) (၇၅) ကြိမ်မြောက် စိန်ရတု (၃၈) ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဆုချီးမြှင့်ပွဲအခမ်းအနား အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

အလုပ်လုပ်နိုင်သည့် လူငယ်လူရွယ်ဦးရေ များပြားသည့် မိမိတို့နိုင်ငံတွင် လူငယ်များကို မြေတောင်မြှောက်ပြုစုပျိုးထောင်ပေးခြင်း၊ လူငယ်ကဏ္ဍတွင် အကျိုးရှိစွာ ရင်းနှီးမြှုပ်နှံပေးခြင်းဖြင့် မကြာသောအနာဂတ်ကာလတွင် နိုင်ငံအတွက် ကောင်းကျိုးဖြစ်ထွန်းလာမည်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုပါက အရည် အသွေးမြင့်မားသည့် လူငယ်များသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၏ မောင်းနှင်အားဖြစ်လာပြီး လူဦးရေဆုလာဘ်၏ ကောင်းကျိုးများကို လက်ဝယ်ပိုင်ဆိုင် ဆုပ်ကိုင်နိုင်ကြမည်ဖြစ်သည်။

သို့ဖြစ်ရာ လူငယ်လူရွယ်များ အရည်အသွေးမြင့်မားရေးအတွက် စီမံဆောင်ရွက်ပေးခြင်း၊ အခွင့်အလမ်းများနှင့် မျှော်လင့်ချက်များ ဖန်တီးပေးခြင်း၊ ပညာရေးကို လုပ်သား ဈေးကွက်နှင့် ချိန်ညှိပေးပြီး ခိုင်မာသည့် အသက်မွေးဝမ်းကျောင်းသင်တန်းများ ထူထောင်ပေးခြင်း၊ နည်းပညာနှင့် မောင်းနှင်သည့် အနာဂတ်မိမိတို့၏ လုပ်သားအင်အားကို ပြင်ဆင်ခြင်း၊ နိုင်ငံအတွင်း၌ ရေရှည်တည်တံ့ပြီး အရည်အသွေးရှိသည့် အလုပ်အကိုင်များ ဖန်တီးပေးခြင်း၊ ယနေ့ကျောင်းစာသင်ခန်းတွင် ရှိနေ သည့်ကလေးတိုင်း မြန်မာနိုင်ငံ၏အနာဂတ်ကို ပခုံးပြောင်းပုံဖော်မည့် အသိပညာရှင်၊ အတတ်ပညာရှင်အဖြစ် မှတ်ယူပြီး ပညာရေးကို မြှင့်တင်ပေးခြင်းဖြင့် နိုင်ငံ၏ အနာဂတ်စွမ်းအားလူငယ်များကို ပြုစုပျိုးထောင်ကြရပါမည့်အကြောင်း။ ။

Newspaper

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 14, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

Announcement

သမဝါယမကောလိပ်(ဖောင်ကြီး)နှင့်သမဝါယမကောလိပ်(မန္တလေး) ပထမနှစ်ဝင်ခွင့်ရရှိသူများစာရင်း

Ministry of Cooperatives and Rural Development / Posted on November 13, 2025

သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး)တို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ် (ပထမနှစ်ဝက်)သင်တန်းနှင့် ဒုတိယနှစ် (ပထမနှစ်ဝက်)သင်တန်းများကို (၁၇-၁၁-၂၀၂၅)ရက်နေ့မှ စတင်၍ ကျောင်းအပ်လက်ခံပြီး (၂၄-၁၁-၂၀၂၅)ရက်နေ့၌ စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023