လေထုညစ်ညမ်းမှုနှင့် ကျန်းမာရေး
လေထုညစ်ညမ်းမှုနှင့် ကျန်းမာရေး
Ministry of Information/ Naypyitaw / February 24, 2026
ခြောက်သွေ့ရာသီရောက်လာသည်နှင့် လေထုညစ်ညမ်းမှုပြဿနာလည်း စတင်ဖြစ်ပေါ်လာသည်။ လေထုညစ်ညမ်းမှုဆိုသည်မှာ လေထဲတွင် အန္တရာယ်ရှိသည့် ဓာတ်ပစ္စည်းများနှင့် အမှုန်အမွှားများ ပါဝင်နေခြင်းဖြစ်ပြီး လူ ၁ဝဝ လျှင် ၉ဝ တို့က ထိုညစ်ညမ်းသည့် လေကိုရှူနေကြရသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုထားသည်။ ထို့အပြင် လေထုညစ်ညမ်းမှုနှင့်ဆက်နွှယ်၍ နှစ်စဉ် လူ ၁၇ သန်း သေဆုံးနေကြရသည်ဟုလည်း ဆိုသည်။
လေထုညစ်ညမ်းမှုကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများဖြစ်သည့် ပန်းနာရင်ကျပ် (Asthma) ကို ပိုမိုဆိုးရွား လာစေနိုင်ပြီး အဆုတ်ရောင်ရောဂါ (Pneumonia)ကိုလည်း ဖြစ်နိုင်ခြေများစေနိုင်သည်။ နာတာရှည်အဆုတ်ရောဂါ (COPD)ကို ဖြစ်စေနိုင်သည်။ နှလုံးနှင့် သွေးကြောဆိုင်ရာ ပြဿနာများဖြစ်သည့် သွေးတိုးရောဂါကို ပိုဆိုးစေနိုင်ပြီး နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့ ဖြစ်နိုင်ခြေများစေနိုင်သည်ဟု ကျန်းမာရေးပညာရှင်များက သတိပေးထားသည်။ ထို့အပြင် အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေများစေနိုင်ပြီး အခြားကင်ဆာရောဂါတို့လည်း ဖြစ်စေနိုင်သည်ဟုဆိုသည်။ ကလေးများ၏ အဆုတ်ဖွံ့ဖြိုးမှုနှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှုတို့ကို ထိခိုက်စေပြီး ပန်းနာရင်ကျပ် ဖြစ်နိုင်ခြေများစေသည်။ သက်ကြီးရွယ်အိုများတွင် နှလုံးနှင့်သွေးကြောဆိုင်ရာပြဿနာများ ပိုမိုဆိုးလာစေနိုင်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများ ဖြစ်နိုင်ခြေများစေသည်။ ကိုယ်ဝန်ဆောင်သန္ဓေသားဖွံ့ဖြိုးမှုကို ထိခိုက်စေပြီး မွေးရာပါချို့ယွင်းချက်ပါလာခြင်း၊ ပေါင်မပြည့်ဘဲ မွေးဖွားခြင်းတို့ ဖြစ်နိုင်ခြေများစေသည်။ လေထုညစ်ညမ်းမှုကြောင့် စိတ်ဖိစီးမှုနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများလည်းဖြစ်နိုင်သည်ဟု ပညာရှင်တို့ကဆိုသည်။
ရုပ်ခန္ဓာရှင်သန်နေစေရေးအတွက် လေ၊ ရေနှင့် အစာအာဟာရတို့ဖြင့် ထောက်ပင့်ပေးထားရခြင်းဖြစ်ရာ လူတစ်ဦးသည် နေ့စဉ်လေ ၁၄ ကီလိုဂရမ်၊ ရေ ၂ ကီလိုဂရမ်နှင့် အစားအစာ ၁ ဒသမ ၅ ကီလိုဂရမ်ကို မှီဝဲနေကြရသည်ဟု ဆိုသည်။ သို့ဖြစ်သည့်အတွက် မိမိတို့ ရှူသွင်း၊ စားသောက်သုံးဆောင်လိုက်သည့် လေ၊ ရေ၊ အစား အစာတို့ သန့်ရှင်းနေစေဖို့လိုသည်။ လေထုညစ်ညမ်းမှုအန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် လေထုညစ်ညမ်းမှုအမြင့်ဆုံးအချိန်များ ဖြစ်သည့် နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် အပြင်မထွက်ဘဲ အိမ်တွင်း၌သာ နေထိုင်ခြင်း၊ အိမ်တွင်းလေထုကို ထိန်းသိမ်းရန်အတွက် ပြတင်းပေါက်နှင့် တံခါးများကို ပိတ်ထားခြင်း၊ အပြင်သို့ ထွက်ရပါကလည်း လေထုညစ်ညမ်းမှုကို ကာကွယ်နိုင်သည့် အရည်အသွေးမြင့် ပါးစပ်နှာခေါင်းစည်း ( ဥပမာ- N95 Mask) တပ်ဆင်ခြင်း၊ အိမ်တွင်း၌အမွှေးတိုင်၊ ခြင်ဆေးခွေထွန်းခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ထင်း/မီးသွေးတို့ဖြင့် ချက်ပြုတ်ခြင်းတို့ကို ရှောင်ကြဉ်ခြင်း၊ အိမ်တွင်း၌ ဖုန်မထစေရန် စိုစွတ်သည့်အဝတ်၊ ကြမ်းတိုက်တံတို့ဖြင့် သန့်ရှင်းရေးပြုလုပ်ခြင်း၊ အိမ်ပတ်ဝန်းကျင်တွင် သစ်ပင်များစိုက်ပျိုးခြင်း၊ ရေများများသောက်ခြင်း၊ လေထုညစ်ညမ်းမှု အမြင့်ဆုံးအချိန်တွင် ကာယလှုပ်ရှားမှုများကို ပြင်းထန်စွာ သို့မဟုတ် ကြာရှည်စွာ ပြုလုပ်ခြင်းတို့ ရှောင်ကြဉ်ခြင်းတို့ကို ဂရုပြုလိုက်နာ ဆောင်ရွက်ကြရန်လိုသည်။
လေထုညစ်ညမ်းမှုကြောင့် ဆိုးရွားသော ကျန်းမာရေးထိခိုက်မှုမှာ ညစ်ညမ်းမှုအမျိုးအစားနှင့် ပမာဏ၊ လူတစ်ဦးချင်းစီ၏ ထိတွေ့မှုကာလတို့ပေါ်တွင် မူတည်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုထားသည်။ အသက်ရှူလမ်းကြောင်းနှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါရှိသူများ၊ သက်ကြီးရွယ်အိုများ၊ တစ်နှစ်အောက်ကလေးများ၊ ငယ်ရွယ်သည့်ကလေးများသည် ယေဘုယျအားဖြင့် လေထုညစ်ညမ်းမှု၏ အကျိုးသက်ရောက်မှုကို ပိုမိုခံရခြင်းကြောင့် မိသားစုအတွင်း ဂရုစိုက်ကြရန်လိုသည်။ လေထုညစ်ညမ်းမှုနှင့် ကာလတိုထိတွေ့ရာတွင် လတ်တလောတုံ့ပြန်မှုအဖြစ် မျက်လုံး၊ နှာခေါင်းနှင့် လည်ချောင်းများယားယံခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်း၊ အသက်ရှူလမ်းကြောင်းအောက်ပိုင်း ရောဂါပိုးဝင်ခြင်းတို့ဖြစ်တတ်ရာ ဆိုးရွားသည့် သက်ရောက်မှုကိုခံစားရပါက နီးစပ်ရာ ဆရာဝန် သို့မဟုတ် ကျန်းမာရေးဌာနသို့ သွားရောက်ပြသရန် သတိပြုထားဖို့လည်း လိုအပ်သည်။
လေထုညစ်ညမ်းမှုသည် နယ်နိမိတ်ဖြတ်ကျော် ဝင်ရောက်လာခြင်းဖြစ်နိုင်သကဲ့သို့ မိမိတို့ပြည်တွင်းရှိ အန္တရာယ်ရှိအရင်း အမြစ်များမှလည်းဖြစ်နိုင်သည်။ သို့ဖြစ်ရာ အိမ်တွင်းလေထု ညစ်ညမ်းမှုကိုလျှော့ချခြင်း၊ အမှိုက်မီးရှို့ခြင်း၊ တောမီးနှင့် လယ်ယာမြေပြုပြင်ရန် မီးရှို့မှုတို့ကိုရှောင်ကြဉ်ခြင်း၊ တစ်ဦးချင်း ကိုယ်ပိုင် မော်တော်ယာဉ်သုံးစွဲမှုကိုလျှော့ချပြီး အများသုံးယာဉ်များကို ပိုမိုအသုံးပြုခြင်းတို့အပါအဝင် လေထုညစ်ညမ်းမှုဖြစ်ပေါ်စေသည့် လုပ်ဆောင်မှုများကို ရှောင်ကြဉ်ခြင်း၊ အတတ်နိုင်ဆုံးလျှော့ချခြင်း အားဖြင့် လေထုညစ်ညမ်းမှုနှင့် ဆက်နွှယ်နေသည့် အန္တရာယ်များမှ ရှောင်ကြဉ်နိုင်ကြပါမည့်အကြောင်း။ ။
Newspaper
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 24, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 23, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 22, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
DownloadAnnouncement
မြန်မာ့လက်ဖက်ခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Ministry of Transport and Communications / Posted on February 24, 2026
မြန်မာ့လက်ဖက်ခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
မြစ်ကြီးနားလေဆိပ်တွင် ခရီးသည်တင် လေယာဉ်တစ်စင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ နောက်ဆက်တွဲ သတင်းထုတ်ပြန်ချက်
Ministry of Information / Posted on February 23, 2026
မြစ်ကြီးနားလေဆိပ်တွင် ခရီးသည်တင် လေယာဉ်တစ်စင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ နောက်ဆက်တွဲ သတင်းထုတ်ပြန်ချက်
တတိယအကြိမ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးတက်ရောက်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ သတင်းပို့ကြရန် ထုတ်ပြန်
Ministry of Information / Posted on February 23, 2026
တတိယအကြိမ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးတက်ရောက်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ သတင်းပို့ကြရန် ထုတ်ပြန်
