လျစ်လျူရှုခံထားရသည့် အမှန်တရား


Ministry of Information/ Naypyitaw / January 14, 2026
image_latest


မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေသည့် လှေတစ်စင်းပေါ်တွင် လိုက်ပါလာသူများအား တပ်မတော်(ရေ)နှင့် မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ခဲ့သည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက်က ရန်ကုန်မြို့ တောင်ဘက် ရေမိုင် ၁၅၆ မိုင်ခန့်အကွာရှိ မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေသည့် လှေတစ်စင်းပေါ်မှ လိုက်ပါလာသူများအနက် လူ ၈၆ ဦးတို့ကို စစ်ရေယာဉ်ပေါ်သို့ ကူညီကယ်ဆယ်နိုင်ခဲ့ပြီး လိုအပ်သည့် ဆေးဝါးကုသမှုများ ပြုလုပ်ပေးခြင်း၊ အစားအစာများကျွေးမွေးခြင်းတို့ ပြုလုပ်ပေးခဲ့သည်။ အဆိုပါ ရေဝင်နစ်မြုပ်ခဲ့သည့်လှေပေါ်မှ ကူညီကယ်ဆယ်ထားရှိသူများအား သက်ဆိုင်ရာသို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်လွှဲပြောင်းပို့ဆောင်နိုင်ရေး လိုအပ်သည့် စိစစ်ဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ကောင်းမွန်စွာ စနစ်တကျ စောင့်ရှောက်ထားကြောင်း သတင်းအရသိရသည်။

အဆိုပါလှေပေါ်မှ ကူညီကယ်ဆယ်ထားရှိသူများ၏ ရုပ်ရည်သွင်ပြင်လက္ခဏာများနှင့် ဝတ်စားဆင်ယင်မှုများအရ ၎င်းတို့မှာ မြန်မာနိုင်ငံ၏အနောက်ဘက် အိမ်နီးချင်းနိုင်ငံတစ်ခုမှဖြစ်သည်ဟု ယူဆရပြီး အမျိုးသားများသာမက အမျိုးသမီးများလည်းပါရှိသည်ကို တွေ့ရသည်။ နှစ်စဉ် မုတ်သုံရာသီကုန်ဆုံးပြီးနောက် ပင်လယ်ပြင်တွင် လှိုင်းလေငြိမ်သက်သည့် အချိန်ကာလသို့ရောက်တိုင်း မြန်မာ့ပင်လယ် ပြင်နှင့်ဆက်စပ်နေသည့် ပင်လယ်ရေလမ်းကြောင်းမှတစ်ဆင့် မလေးရှားနိုင်ငံကဲ့သို့သော ဒေသတွင်းနိုင်ငံအချို့ဆီသို့ လူမှောင်ခိုပို့ဆောင်သည့် ရေယာဉ်များသွားလာကြရာ မကြာခဏဆိုသလိုပင် ယခုဖြစ်ရပ်မျိုး ဖြစ်ပေါ်လေ့ရှိပြီး ယခုကဲ့သို့ ကယ်ဆယ်၊ ယခုကဲ့သို့ ပြုစုစောင့်ရှောက်ကျွေးမွေးကာ ယခုကဲ့သို့ပင် သက်ဆိုင်ရာနိုင်ငံသို့ စနစ်တကျ ပြန်လည်အပ်နှံပေးခဲ့ရမှုများ အကြိမ်ကြိမ်ရှိခဲ့သည်။ ဤသည်မှာ မြန်မာ့တပ်မတော်အနေဖြင့် လူသားချင်းစာနာထောက်ထားမှုအရ ဆောင်ရွက်ခြင်းဖြစ်သကဲ့သို့ ဘေးဒုက္ခကူညီကယ်ဆယ်ရေးတာဝန်တစ်ရပ်ကို ထမ်းဆောင်ခြင်းလည်းဖြစ်သည်။ သို့ရာတွင် တပ်မတော်၏ ဤသို့သော ဆောင်ရွက်ချက်များမှာ လူသိထင်ရှားခြင်းမရှိဘဲ မဟုတ်မမှန် စွပ်စွဲချက်ဖြစ်သော လူမျိုးတုံးသတ်ဖြတ်မှုဆိုသည့် စွပ်စွဲချက်မှာမူ နိုင်ငံတကာ၏ Main Stream Media များတွင် နေရာယူထားသည်ကို တွေ့ရှိနိုင်သည်။

အဆိုပါ ရေဝင်နစ်မြုပ်သည့်လှေပေါ်မှ လိုက်ပါလာသူများကို ကယ်ဆယ်ခဲ့ရသည့်နေ့မတိုင်မီ တစ်ရက်အလို ဇန်နဝါရီ ၉ ရက်နေ့တွင် နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ဇန်နဝါရီ ၁၂ ရက်မှ စတင်ပြုလုပ်မည့် ကြားနာပွဲသို့တက်ရောက်ရန် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့မှ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့သို့ ထွက်ခွာသွားခဲ့ကြသည်။ ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိကျင်းပမည့် အဆိုပါတရားရုံး ကြားနာပွဲတွင် မြန်မာနိုင်ငံက ဇန်နဝါရီ ၁၆ ရက်မှ ၂၀ ရက်အထိလည်းကောင်း၊ ဇန်နဝါရီ ၂၈ ရက်မှ ၂၉ ရက်အထိလည်းကောင်း နှစ်ကြိမ်လျှောက်လဲရမည်ဖြစ်သည်။

ယခု ICJ တွင် လူမျိုးတုံးသတ်ဖြတ်မှုဟူသော စွပ်စွဲချက်ဖြင့် စွဲတင်သည့်အမှုမှာ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ်များအတွင်းရှိ ရဲကင်းစခန်း ၃၀ နှင့် တပ်မတော်တပ်ရင်း ဌာနချုပ်တစ်ခုတို့ကို ARSA အကြမ်းဖက်သမားတို့က လူအင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် တပ်မတော်စစ်သည်တစ်ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနဝန်ထမ်း တစ်ဦးတို့ ကျဆုံးခဲ့ရမှုအပေါ် တပ်မတော်လုံခြုံရေးတပ်ဖွဲ့များက အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်မှုနှင့်စပ်လျဉ်း၍ မဟုတ်မမှန် လုပ်ကြံစွပ်စွဲခဲ့ခြင်းဖြစ်သည်။ ARSA အကြမ်းဖက်သမားတို့မှာ အဆိုပါ ဩဂုတ် ၂၅ ရက် ညမှာပင် ၎င်းတို့လူမျိုးတူ အချင်းချင်းဖြစ်သည့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်အချို့၊ အပြစ်မဲ့သူ တစ်ဦးတို့ကိုပါ ရက်စက်စွာသတ်ဖြတ်ခဲ့ကြပြီး သာမန်အပြစ်မဲ့ ဘင်္ဂါလီလူမျိုးများအတွင်း၌ပါ အကြောက်တရားကို သွတ်သွင်းခဲ့ကြသည့်အပြင် ၎င်းတို့ဆူပူသောင်းကျန်းမှုအတွင်း ဒေသခံ ရခိုင်လူမျိုးများ၊ အခြားတိုင်းရင်းသားများနှင့် ဟိန္ဒူဘာသာဝင်များကိုပါ သတ်ဖြတ်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်ရာ တပ်မတော်အနေဖြင့် အကြမ်းဖက်ချေမှုန်းရေးကို မဖြစ်မနေ ဆောင်ရွက်ခဲ့ရခြင်းဖြစ်သည်။

မမှန်မကန် လုပ်ကြံဖန်တီးထားသည့်အမှုတစ်ခုကို နိုင်ငံနှင့်လူမျိုးတို့၏ ဂုဏ်သိက္ခာနှင့် အကျိုးစီးပွားအတွက် နိုင်ငံတကာမျက်နှာစာတွင် သွားရောက်၍ အမှုရင်ဆိုင်ကာကွယ်နေကြသည့် မြန်မာကိုယ်စား လှယ်အဖွဲ့၏နောက်တွင် မြန်မာပြည်သူလူထုတစ်ရပ်လုံးက တစ်ခဲနက် ထောက်ခံရပ်တည်လျက်ရှိသည်။ တစ်ဖက်တွင်လည်း နိုင်ငံနှင့်လူမျိုးကိုလည်းကောင်း၊ ပကတိအမှန်တရားကိုလည်းကောင်း သစ္စာဖောက်ဖျက်သူအချို့ ပွဲထုတ်လာဖွယ်ရှိသည်တို့ကို ရှုတ်ချလျက်ရှိသည်။ တရားကိုနတ်စောင့်သည့်အလျောက် အမှန်တရားပေါ်ပေါက်လာမည် သာဖြစ်သည်ဟု ယုံကြည်ပါကြောင်း။ ။

Newspaper

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၁၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 13, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 12, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

ပြည်ပထွက်ခွာခွင့်နှင့်ပတ်သက်၍ အသိပေးကြေညာချက်

Ministry of Information / Posted on January 13, 2026

ပြည်ပထွက်ခွာခွင့်နှင့်ပတ်သက်၍ အသိပေးကြေညာချက်

သတင်းထုတ်ပြန်ချက်

Ministry of Information / Posted on January 12, 2026

ရန်ကုန်မြို့၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက် – မြန်မာနိုင်ငံသည် ရွေးကောက်ပွဲအပြီးတွင် သမိုင်းစာမျက်နှာအသစ်သို့ ကူးပြောင်းကာ နိုင်ငံတော်သစ် တည်ဆောက်ရေးလုပ်ငန်းစဉ်များကို စတင်ဖော်ဆောင်တော့မည့်အချိန်အခါဖြစ်ပါသည်။ ထိုသို့ နိုင်ငံသစ်တစ်ရပ်ကို အောင်မြင်စွာ တည်ဆောက်နိုင်ရန်အတွက် နိုင်ငံတကာအသိုက်အဝန်း၏ အပြုသဘောဆောင်သော အားပေးကူညီမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများသည်...

သတင်းထုတ်ပြန်ချက်

Ministry of Information / Posted on January 12, 2026

ရန်ကုန်မြို့၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက် – မြန်မာနိုင်ငံသည် ရွေးကောက်ပွဲအပြီးတွင် သမိုင်းစာမျက်နှာအသစ်သို့ ကူးပြောင်းကာ နိုင်ငံတော်သစ် တည်ဆောက်ရေးလုပ်ငန်းစဉ်များကို စတင်ဖော်ဆောင်တော့မည့်အချိန်အခါဖြစ်ပါသည်။ ထိုသို့ နိုင်ငံသစ်တစ်ရပ်ကို အောင်မြင်စွာ တည်ဆောက်နိုင်ရန်အတွက် နိုင်ငံတကာအသိုက်အဝန်း၏ အပြုသဘောဆောင်သော အားပေးကူညီမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများသည်...

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023