လျှပ်စစ်သုံးမော်တော်ယာဉ်နှင့်လျှပ်စစ်သုံး သုံးဘီးမော်တော်ဆိုင်ကယ်များ သီလဝါဆိပ်ကမ်း(MITT)နှင့်အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ရောက်ရှိထုတ်ပေးခဲ့ခြင်း
လျှပ်စစ်သုံးမော်တော်ယာဉ်နှင့်လျှပ်စစ်သုံး သုံးဘီးမော်တော်ဆိုင်ကယ်များ သီလဝါဆိပ်ကမ်း(MITT)နှင့်အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ရောက်ရှိထုတ်ပေးခဲ့ခြင်း
Ministry of Planning and Finance/ Yangon (MITT) & Yangon (AWPT) / July 17, 2025
လျှပ်စစ်သုံးမော်တော်ယာဉ်နှင့်လျှပ်စစ်သုံး သုံးဘီးမော်တော်ဆိုင်ကယ်များ သီလဝါဆိပ်ကမ်း(MITT)နှင့်အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ရောက်ရှိ
အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ခွင့်ပြုချက်ဖြင့် 99 MYANMAR CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV(LHD)၊ BRAND NAME: GAC AION V၊ 2025 MDL၊ C/O: CHINA – (12) U နှင့် ASIA PACIFIC AUTOMAKER CORPORATION CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SEDAN(LHD)၊ BRAND NAME:DONGFENG (AEOLUS)၊ 2025 MDL၊ C/O: CHINA – (18) U တို့သည် ၈-၇-၂၀၂၅ ရက်နေ့တွင် သီလဝါ ဆိပ်ကမ်း (MITT) သို့လည်းကောင်း ၊ GREAT SAPPHIRE CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW THREE WHEEL MOTORCYCLE၊ BRAND NAME: DAYANG၊ 2024 MDL၊ C/O: CHINA – (24) U သည် ၅-၆-၂၀၂၅ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့လည်းကောင်း အသီးသီးရောက်ရှိလာခဲ့ပါသည်။ အဆိုပါ Import Declaration ဖွင့်လှစ်ခဲ့သည့် လျှပ်စစ်သုံးမော်တော်ယာဉ် (၃၀) စီးသည် သီလဝါဆိပ်ကမ်း (MITT) ၌ ၁၁-၇-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံး သုံးဘီးမော်တော်ဆိုင်ကယ် (၂၄) စီး သည် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) ၌ ၂-၇-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်း သတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၁၆-၇-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါ တင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။
သတင်းစဉ်။
Newspaper

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက် ၊ သြဂုတ် ၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ August 01, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက် ၊ ဇူလိုင် ၃၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 31, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက် ၊ ဇူလိုင် ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Announcement
ခရိုင်နှင့် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း
Ministry of Information / Posted on July 31, 2025
ခရိုင်နှင့် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း
စည်ပင်သာယာရေးကော်မတီများ ဖွဲ့စည်းခန့်အပ်တာဝန်ပေးခြင်း
Ministry of Information / Posted on July 31, 2025
စည်ပင်သာယာရေးကော်မတီများ ဖွဲ့စည်းခန့်အပ်တာဝန်ပေးခြင်း
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များ ခန့်အပ်တာဝန်ပေးခြင်း
Ministry of Information / Posted on July 31, 2025
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များ ခန့်အပ်တာဝန်ပေးခြင်း