လှည်းကူးမြို့နယ်အတွင်းရှိ မြေပဲနှင့် နွေစပါးစိုက် သမဝါယမအသင်းသားတောင်သူများသို့ သွင်းအားစုများပေးအပ်
လှည်းကူးမြို့နယ်အတွင်းရှိ မြေပဲနှင့် နွေစပါးစိုက် သမဝါယမအသင်းသားတောင်သူများသို့ သွင်းအားစုများပေးအပ်
Ministry of Information/ Naypyitaw / January 25, 2026
နေပြည်တော် ဇန်နဝါရီ ၂၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် မင်းကုန်းကျေးရွာ၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသော မင်းကုန်း-ဝါးယားကုန်း ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝါးယားကုန်းကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်း နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးကာ ကျေးရွာသူ ကျေးရွာသားများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေရရှိရေးနှင့် ဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် အခြေခံပညာမူလတန်းကျောင်း ခြံစည်းရိုးအုတ်တံတိုင်းကာရံထားမှုကိုလည်းကောင်း၊ ကျေးရွာသောက်သုံးရေရရှိရေးအတွက် ရေဂါလန် ၂၄၀၀ ဆံ့ အမြင့်တင်ရေစင်တည်ဆောက် ထားမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေး ပြီး အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့်တွေ့ဆုံကာ ကျောင်းဘက်စုံဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သမဝါယမကောလိပ်(ဖောင်ကြီး)၌ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့်လည်းကောင်း၊ ရတနာပုံအဆောင်၌ အဆောင်နေကျောင်းသား ကျောင်းသူများနှင့်လည်းကောင်း သီးခြားစီတွေ့ဆုံ၍ သမဝါယမကောလိပ် (ဖောင်ကြီး) လျှပ်စစ်မီးရရှိရေးအတွက် ဆိုလာစနစ်တပ်ဆင်နိုင်ရေး ဆောင်ရွက်ပေးပြီး ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လှည်းကူး မြို့နယ်အတွင်းရှိ မြေပဲနှင့် နွေစပါးစိုက်ပျိုးသည့် သမဝါယမအသင်းသုံးသင်းမှ အသင်းသားတောင်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံရာ တိုင်းဒေသကြီး သမဝါယမဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဒေသခံပြည်သူများနှင့် အသင်းသားတောင်သူများ၏ စိုက်ပျိုးရေးဆိုင်ရာနှင့် ဒေသဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ လှည်းကူးမြို့နယ်အတွင်းရှိ မြေပဲနှင့် နွေစပါးစိုက် သမဝါယမအသင်းသုံးသင်းအတွက် သွင်းအားစုများ ပေးအပ်ခဲ့ကြောင်းသိရသည်။
သတင်းစဉ်
Newspaper
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ
Ministry of Information / Posted on January 24, 2026
သနန္တန ဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ် သဘောထားထုတ်ပြန်ကြေညာချက် (၁/၂၀၂၆)
Ministry of Information / Posted on January 24, 2026
သနန္တန ဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ် သဘောထားထုတ်ပြန်ကြေညာချက် (၁/၂၀၂၆)
မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်၏ သဘောထားထုတ်ပြန်ခြင်း
Ministry of Information / Posted on January 24, 2026
မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်၏ သဘောထားထုတ်ပြန်ခြင်း
