ဝင်ငွေတိုးစီမံကိန်း လုပ်ငန်းသုံးပစ္စည်းများနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပွဲကျင်းပ
ဝင်ငွေတိုးစီမံကိန်း လုပ်ငန်းသုံးပစ္စည်းများနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပွဲကျင်းပ
Ministry of Information/ Naypyitaw / December 03, 2025
နေပြည်တော် ဒီဇင်ဘာ ၂
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် “အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး” စီမံကိန်းလုပ်ငန်းသုံးပစ္စည်းများနှင့် သင်တန်းဆင်းလက်မှတ် များပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစ၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် သင်တန်းများပို့ချပြီး ကိုယ်ပိုင် စီးပွားရေးလုပ်ကိုင်နိုင်စေရန် လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးခြင်းတို့ကိုဆောင်ရွက်ကာ ယနေ့ချိန်ထိ ကျေးရွာပေါင်း ၃၄၄ ရွာတွင် တစ်ပိုင်တစ်နိုင်စီးပွား ရေးလုပ်ငန်းရှင်ပေါင်း ၁၇၂၀ ကို မွေးထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း။
ယနေ့ ကျင်းပသည့် သင်တန်းဆင်းလက်မှတ်နှင့် လုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲတွင် ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသားများအတွက် အပ်ချုပ်စက်နှင့် ဆက်စပ်လုပ်ငန်းသုံး ပစ္စည်းများကို ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် တပ်ကုန်းမြို့နယ် ရှောက်ကုန်းကျေးရွာနှင့် မကျီးပင်ကျေးရွာ၊ ပျဉ်းမနားမြို့နယ် ပေါစံခေါကျေးရွာနှင့် စက်ရုံကျေးရွာတို့မှ စီမံကိန်းသင်တန်း ဆင်းများအတွက် အပ်ချုပ်စက်နှင့် ဆက်စပ်လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး ညွှန်ကြားရေးမှူးချုပ်က သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။
ယင်းနောက် တပ်ကုန်းမြို့ “လှ” ချည်မျှင်ထုတ်လုပ်ရေးသမဝါယမအသင်း၏ “လှ” ဝါကြိတ် စက်ရုံနှင့် စက်ရက်ကန်းရုံ၌ လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရုံးအမှတ်(၁၆)၌ ကျင်းပသည့် ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားရာတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဓာတ်မြေဩဇာ တန်ချိန် ၁ ဒသမ ၆ သန်းနှင့် ပိုးသတ်ဆေးတန်ချိန် ၃၂၀၀၀ တင်သွင်းနိုင်ရေး လျာထားသတ်မှတ်ချက်အရ ဦးဆောင်ကော်မတီအနေဖြင့် ဧပြီလမှဒီဇင်ဘာလအထိ ကိုးလအတွက် မြေဩဇာတန်ချိန် ၁၅၂၆၄၈ ဒသမ ၀၂ တန်နှင့် ပိုးသတ်ဆေးတန်ချိန် ၂၇၄၉၀ ဒသမ ၅၆ တန်ကို ကုမ္ပဏီအလိုက် သွင်းကုန်လိုင်စင်ရရှိနိုင်ရေး ထောက်ခံပေးခဲ့ကြောင်း။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကလည်း သေချာစိစစ်၍ သတ်မှတ်စည်းကမ်း များနှင့်အညီ သွင်းကုန်လိုင်စင်များ ထုတ်ပေးခဲ့ကြောင်း၊ ဦးဆောင်ကော်မတီ၏ ရည်ရွယ်ချက်အတိုင်း ဓာတ်မြေဩဇာများ အချိန်မီရရှိရေး၊ ဈေးနှုန်းသက်သာစေရေး၊ အရည်အသွေးမှန်ကန်စေရေးတို့အတွက် ဌာနဆိုင်ရာများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြရန် တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ဦးဆောင်ကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ ဦးဆောင်ကော်မတီအတွင်းရေးမှူးနှင့် တာဝန်ရှိသူများက အောက်တိုဘာလမှ ဒီဇင်ဘာလအထိ ထောက်ခံပေးထားသည့် တန်ချိန်များ၊ စက်တင်ဘာလအတွက် သီးနှံပေါ်ပေးစနစ်ဖြင့် ဖြန့်ဖြူးခဲ့သည့်တန်ချိန်များနှင့် လုပ်ငန်းဆောင်ရွက် နေမှုများ၊ ယူရီးယားဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ ဝယ်ယူဖြန့်ဖြူးရောင်းချနေမှုများအပါအဝင် သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
DownloadAnnouncement
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၁၆/၂၀၂၅)
Myanmar National Human Rights Commission / Posted on December 02, 2025
ရှေ့ဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ပေးခြင်းဆိုင်ရာ အသိပေးကြေညာခြင်း
Ministry of Transport and Communications / Posted on November 29, 2025
ရှေ့ဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ပေးခြင်းဆိုင်ရာ အသိပေးကြေညာခြင်း
ရှေ့ဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ပေးခြင်းဆိုင်ရာ အသိပေးကြေညာခြင်း
Ministry of Transport and Communications / Posted on November 29, 2025
ရှေ့ဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ပေးခြင်းဆိုင်ရာ အသိပေးကြေညာခြင်း
