ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအုပ်စုအတွင်း ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)မဲပေးရာတွင် ကြန့်ကြာမှုမရှိစေရေး အဆိုင်းနှစ်ဆိုင်းခွဲ၍ သရုပ်ပြလေ့ကျင့်နေမှုအား ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / January 03, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၃

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအုပ်စုအတွင်း ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) မဲပေးရာတွင် ကြန့်ကြာမှုမရှိစေဘဲ လွယ်ကူလျင်မြန်စွာ မဲပေးနိုင်ရေးအတွက် အဆိုင်းနှစ်ဆိုင်းခွဲ၍ မဲပေးခြင်းသရုပ်ပြလေ့ကျင့်နေမှုကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါကျေးရွာအုပ်စု အခြေခံပညာအထက်တန်းကျောင်း(မိုင်းနား)၌ ပြုလုပ်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာ မဲရုံတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)မဲပေးရာတွင် ကြန့်ကြာမှုမရှိစေရေး အဆိုင်းနှစ်ဆိုင်းခွဲ၍ မဲပေးခြင်းသရုပ်ပြလေ့ကျင့်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ သရုပ်ပြလေ့ကျင့်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

Newspaper

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက် ၊ ဇန်နဝါရီ ၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 05, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၄ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 04, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၃ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

Myanmar National Human Rights Commission Statement No. (1/2026)

Myanmar National Human Rights Commission / Posted on January 05, 2026

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023