သစ္စာလမ်းမကြီး ထော်ရွဲရွာအပိုင်း ကတ္တရာလမ်းဖွင့်


Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ / February 15, 2025
သစ္စာလမ်းမကြီး ထော်ရွဲရွာအပိုင်း ကတ္တရာလမ်းဖွင့်


သစ္စာလမ်းမကြီး ထော်ရွဲရွာအပိုင်း ကတ္တရာလမ်းဖွင့်

ဘားအံ-ဖေဖော်ဝါရီ (၁၅)

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ထီးဖိုးကလုံးရွာမှ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူဒေသသို့ သံလွင်မြစ်ကြောင်းနှင့် အပြိုင် ဆက်သွယ်ဖောက်လုပ်ထားသော သစ္စာလမ်းမကြီး ထော်ရွဲရွာအပိုင်း ဖွင့်ပွဲကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ပိုင်းက အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။

အဆိုပါလမ်းပိုင်းသည် လမ်းအကျယ်တစ်ဖက်ပေ(၂၀)စီ၊ နှစ်ဖက်ပေ(၄၀)နှင့် အရှည်တစ်မိုင်ခန့်ရှိပြီး လမ်း အလယ်တွင် ၁၀ပေအကျယ်ရှိ လမ်းလယ်ကျွန်းနှင့်ပန်းအိုးကြီးများ၊ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာမီးတိုင်များပါဝင် ကာ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ကမ်းနီတိုက်ကျောင်းဆရာတော်ဘဒ္ဒန္တဝိစာရ၊ ထော်ရွဲတိုက်ကျောင်းဆရာတော် ဘဒ္ဒန္တဥတ္တမ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဗဟိုအကြံပေးနှင့်ကွပ်ကွဲ ရေးအဖွဲ့နာယက စောထွန်းလှိုင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးညီညီဇော်တို့က ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးကြပြီး လမ်းပိုင်းအား မော်တော်ယာဉ်များဖြင့် ဖြတ်သန်းကြည့်ရှုစစ်ဆေးကြသည်။

ထို့နောက် လှိုင်းဘွဲမြို့နယ်၊ အင်းနို့သိပ္ပံကျေးရွာအုပ်စု၊ ထော်ရွဲကမ်းနားကျေးရွာ၊ ထော်ရွဲကျောင်းတိုက် အဝင် မုခ်ဦးအလှူနှင့် ဆရာတော်ဘဒ္ဒန္တဥတ္တမ၏မွေးနေ့(ဝိဇာတ)မင်္ဂလာအခမ်းအနားကို ထော်ရွဲကျောင်းတိုက်၌ကျင်းပရာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ကမ်းနီတိုက်ကျောင်း ဆရာတော်ဘဒ္ဒန္တဝိစာရ ထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ပြည်နယ်ဝန်ကြီးချုပ်က သာသနာ‌ရေးဆိုင်ရာများ နှင့် ကျေးဇူးတင်ဝမ်းမြောက်စကား လျှောက်ထားတင်ပြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အလှူရှင်များက နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ကမ်းနီတိုက်ကျောင်း ဆရာတော်ဘဒ္ဒန္တဝိစာရ၊ မြိုင်ကြီငူနန်းဦးဘေးမဲ့ကျောင်းတိုက်ဦးစီးပဓာနနာယက ဒုတိယမြိုင်ကြီးငူဆရာတော် သီရိပျံချီဘဒ္ဒန္တဉာဏိက၊ ထော်ရွဲတိုက်ကျောင်းဆရာတော်ဘဒ္ဒန္တဥတ္တမအမှူးပြုသော ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကြပြီး ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးညီညီဇော်က ထီးဖိုးက လုံး-မြိုင်ကြီးငူ-မဲသဝေါလမ်းပိုင်း ပြင်ဆင်ထိန်းသိမ်းစရိတ် ငွေကျပ် ၈၀၂၉၀၀၀ဝိ/-(ရှစ်ရာ့နှစ်သိန်းကိုးသောင်းကျပ်) ကို ဒုတိယမြိုင်ကြီးငူဆရာတော်ထံ ဆက်ကပ်လှူဒါန်းကာ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ကမ်းနီတိုက်ကျောင်း ဆရာတော်ဘဒ္ဒန္တဝိစာရထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေ ကြသည်။

ထို့နောက် ဆရာတော်၊သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဧည့်ပရိတ်အပေါင်းတို့က ဗုဒ္ဓ သာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြကာ ရတနာရွှေမိုးငွေမိုးများ ရွှာသွန်းဖြိုးခဲ့ပါသည်။

Newspaper

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 09, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 08, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 07, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

Announcement

သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း

Ministry of Foreign Affairs / Posted on May 09, 2025

သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း

မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအား‌ရောင်းချပေးမည်။

Ministry of Transport and Communications / Posted on May 03, 2025

မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအား‌ရောင်းချပေးမည်။

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023