သစ်တောထိန်းသိမ်းရေးနှင့် ကျေးလက်ဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်


Ministry of Natural Resources & Environmental Conservation/ နေပြည်တော် / January 06, 2025


သစ်တောများအား မှီခိုနေထိုင်သူများ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သစ်တော ထိန်းသိမ်းခြင်းနှင့် ဒေသခံပြည်သူအခြေပြု စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးမှုဆိုင်ရာ စံပြသစ်တောများ တည်ထောင်ခြင်းစီမံကိန်း၏ သစ်တောထိန်းသိမ်းရေးနှင့် ကျေးလက်ဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ၆-၁-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များ၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်မှ ဒေသခံများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက သစ်တောသစ်ပင်များသည် ကမ္ဘာမြေပေါ်ရှိ သက်ရှိများ ရှင်သန်ရပ်တည်ရေးအတွက် အလွန်အရေးပါပြီး စားရေရိက္ခာဖူလုံရေး၊ ရာသီဥတုမျှတရေး၊ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေး၊ ရေနှင့်မြေဆီလွှာ ထိန်းသိမ်းရေး စသည့် အကျိုးကျေးဇူးများနှင့် ဂေဟစနစ်ဝန်ဆောင်မှုများကို ပံ့ပိုးပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ခြင်း ၁၀ နှစ် စီမံကိန်းအား ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ နိုင်ငံပိုင်စိုက်ခင်း ဧက ၁၆၀,၀၀၀ ကျော်၊ အပင်ပေါင်း ၁၄၆ သန်းကျော် စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ သစ်တောဖုံးလွှမ်းမှု တိုးပွားအောင်ဆောင်ရွက်နေသကဲ့သို့ သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေးနှင့် ရေအရင်းအမြစ်များ စဉ်ဆက်မပြတ် ရရှိရေးအတွက် ရေဝေရေလဲ ထိန်းသိမ်းရေးလုပ်ငန်း ၁၈ မျိုးကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊

စံပြသစ်တောစီမံကိန်းသည် သစ်တောထိန်းသိမ်းရေးနှင့် ဒေသခံပြည်သူအခြေပြု စီးပွားရေး လုပ်ငန်း ဖွံ့ဖြိုးစေရေးကို ဟန်ချက်ညီညီ ပေါင်းစပ်ဆောင်ရွက်ပြီး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်စေရေးနှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုလုပ်ငန်းများကို ပံ့ပိုးဆောင်ရွက်ခြင်း ဖြစ်သည့်အတွက် နိုင်ငံတော်က ချမှတ်ဖော်ဆောင်လျက်ရှိသည့် စီးပွားရေးဦးတည်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းလည်းဖြစ်ကြောင်း၊ သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ ရေရှည်တည်တံ့စေရန်နှင့် ကျေးလက်ဖွံ့ဖြိုးရေးအတွက် ဒေသခံများနှင့် ဆက်စပ်ဌာနများ ချိတ်ဆက် ဆောင်ရွက်ပြီး ရေရှည်တွင် ပိုမိုတိုးတက်ကောင်းမွန်သော စီမံအုပ်ချုပ်မှု၊ အခွင့်အလမ်းနှင့် အစီအစဉ်များ ရေးဆွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြား သည်။

ဆက်လက်၍ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး က သစ်တောထိန်းသိမ်းရေးနှင့် ကျေးလက်ဖွံ့ဖြိုးမှုဆိုင်ရာ အချက်အလက်အလက်များအား ရှင်းလင်း တင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ခင်းကျင်းပြသထားသော ပိုစတာများအား လှည့်လည်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်သူအခြေပြု စံပြသစ်တောတည်ထောင်ခြင်း၏ သဘောသဘာဝ နှင့် စီမံကိန်းလုပ်ငန်းတိုးတက်မှု၊ သစ်တောစီမံအုပ်ချုပ်ခြင်းနှင့် လူမှုဘဝဖွံ့ဖြိုး တိုးတက်စေခြင်းအတွက် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် အလားအလာ၊ ‌ဂေဟစနစ်ဝန်ဆောင်မှုနှင့် ‌ဒေသခံပြည်သူအခြေပြု ခရီးသွားလုပ်ငန်းဖော်ဆောင်နိုင်မှု အခြေအနေများနှင့်ပတ်သက်၍ တက်ရောက်လာသူများ က ကဏ္ဍအလိုက် အသေးစိတ် တင်ပြ ဆွေးနွေးခဲ့ကြပါသည်။

Newspaper

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက်၊ ဇန်နဝါရီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက်၊ ဇန်နဝါရီ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက်၊ ဇန်နဝါရီ ၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၁-၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုစာရင်း

Revenue Appellate Tribunal / Posted on January 07, 2025

အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၁-၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုစာရင်း

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့် ရာထူးများအတွက် ရေးဖြေစာမေးပွဲ ကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ်များကို ထုတ်ပြန်ခြင်း

Ministry of Ethnic Affairs / Posted on January 07, 2025

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့် ရာထူးများအတွက် ရေးဖြေစာမေးပွဲ ကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ်များကို ထုတ်ပြန်ခြင်း

လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့အသိပေးနှိုးဆော်ချက်

Ministry of Information / Posted on January 07, 2025

၁။ မြန်မာနိုင်ငံအရပ်ရပ်တွင် နွေဦးရာသီနှင့် နွေရာသီကာလများတွင် နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာရာမှ အပူပျံတက်တိမ်များ ဖြစ်ထွန်း၍ မွန်းလွဲ/ ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ပြီး၊ အဆိုပါမိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့်...

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023