သနပ်ပင်မြို့နယ် ကျိုက်မင်းကလော့ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေထုတ်ချေး
သနပ်ပင်မြို့နယ် ကျိုက်မင်းကလော့ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေထုတ်ချေး
Ministry of Cooperatives and Rural Development/ Naypyitaw / March 16, 2026
သနပ်ပင်မြို့နယ် ကျိုက်မင်းကလော့ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေထုတ်ချေး
သနပ်ပင်၊မတ် ၁၆
ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မင်းရွာကျောင်းစုကျေးရွာ အုပ်စု၊ ကျိုက်မင်းကလော့ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေ ဒသမအကြိမ်ထုတ်ချေးခြင်းကို (၁၅-၃-၂၀၂၆)နံနက်ပိုင်းကအဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကေသီထွန်းကကျေးရွာရှိ ရပ်မိ၊ရပ်ဖများ၊မြစိမ်းရောင်အသင်းသား၊အသင်းသူများ၊မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်တွေ့ဆုံကာမြစိမ်း ရောင်ကျေးရွာစီမံကိန်း၏ ရည်ရွယ်ချက်များ၊စီမံကိန်းဆောင်ရွက်ရခြင်း၏ အကျိုး ကျေးဇူးများလုပ်ငန်းစဥ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သနပ်ပင်မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှစီမံကိန်းတာဝန်ခံဝန်ထမ်းများက အတိုးနှုန်းနှင့်ကာလသတ်မှတ်ချက်များ၊ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး
ကျိုက်မင်းကလော့ကျေးရွာရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံသို့စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၄၄၆သိန်းကို လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် မြို့နယ်ဦးစီးမှူးဒေါ်ကေသီထွန်းနှင့်တာဝန်ရှိသူများကမြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူကျိုက်မင်းကလော့ကျေးရွာတွင် ဒသမအကြိမ်အဖြစ်စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၃၇ဦးကိုငွေကျပ် ၂၅၈သိန်း၊မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၄၇ဦးကိုငွေကျပ်၁၈၈သိန်း၊စုစုပေါင်း အသင်းသား၊အသင်းသူ ၈၄ဦးကိုငွေကျပ် ၄၄၆သိန်းထိထုတ်ချေးပေးခဲ့ကြောင်း သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Newspaper
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စနေနေ့။
Announcement
အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း
Ministry of Information / Posted on March 16, 2026
အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း
၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း
Ministry of Information / Posted on March 16, 2026
၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း
Naypyitaw Development Committee / Posted on March 16, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း