သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်း လေထုညစ်ညမ်းမှုကိုကာကွယ်
သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်း လေထုညစ်ညမ်းမှုကိုကာကွယ်
Ministry of Information/ Naypyitaw / June 09, 2026
ကမ္ဘာလုံးဆိုင်ရာ သက်ရှိလူသားများနှင့် သတ္တဝါများအားလုံး ကောင်းမွန်စွာ ရှင်သန်ရပ်တည်နေထိုင်နိုင်ရေးအတွက် အရေးကြီးသည့် အချက်တစ်ခုမှာ သဘာဝပတ်ဝန်းကျင်သန့်ရှင်းကောင်းမွန်နေခြင်းပင်ဖြစ်သည်။ ပတ်ဝန်းကျင်ညစ်ညမ်းမှု သို့မဟုတ် လေထုညစ်ညမ်းမှုများဖြစ်ပေါ်ပါက သက်ရှိများ၏ ဘဝရှင်သန်မှုကို သက်ရောက်မှုအတိုင်းအတာပေါ်မူတည်၍ အနည်းနှင့်အများဆိုသလို ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်ပါသည်။
သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာမှုများကြောင့် ရာသီဥတုပြောင်းလဲဖောက်ပြန်ပြီး အကျိုးဆက်အနေဖြင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့ကို နိုင်ငံအများကြုံတွေ့ခံစားနေရပါသည်။ သဘာဝပတ်ဝန်းကျင်ယိုယွင်းမှုနှင့် ပတ်သက်၍ ရေကြီးရေလျှံခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ တောမီးလောင်ခြင်း၊ မိုးခေါင်ရေရှားခြင်း စသည့် သဘာဝဖြစ်စဉ်များကိုသာ များသောအားဖြင့် သိရှိနားလည်ထားကြ ပါသည်။ သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်းတွင် အက်စစ်မိုးရွာသွန်းခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများကို သိရှိထားရန်လည်း လိုအပ်ပါသည်။ မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မိုးရေအတွင်း အက်စစ်ဖြစ်ထွန်းမှုအခြေအနေ အသိပေးထုတ်ပြန်မှုများကို သတိပြုရမည်ဖြစ်သည်။
လက်ရှိတွင် ၂၀၂၆ ခုနှစ် မေလအတွင်း ရွာသွန်းခဲ့သောမိုးရေများ၌ အက်စစ်ဖြစ်ထွန်းမှုအခြေအနေကို တိုင်းတာခဲ့ပါသည်။ မိုးရေနမူနာတိုင်းတာရရှိခဲ့သည့် မြန်မာပြည်တစ်ဝန်း စခန်း ၃၁ ခုတို့မှ ရွာသွန်းခဲ့သော မိုးရေများ၏ pH တန်ဖိုးများသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က စံသတ်မှတ်ထားသည့် သောက်သုံးရေအတွက် pH တန်ဖိုးနှင့် ကျန်းမာရေးဝန်ကြီးဌာနက စံသတ်မှတ်ထားသည့် သောက်သုံးရေအတွက် pH တန်ဖိုးများသည် ၆ ဒသမ ၅ မှ ၈ ဒသမ ၅ အတွင်းရှိကြောင်း တိုင်းတာရရှိခဲ့သည်။ မိုးရေ၏ pH တန်ဖိုးသည် ၆ ဒသမ ၅ အောက်သို့ ရောက်ရှိမှသာ အက်စစ်ဂုဏ်သတ္တိဖြစ်ပေါ်လာနိုင်သဖြင့် မြန်မာနိုင်ငံရှိ စခန်း ၃၁ ခု တွင် ရွာသွန်းခဲ့သောမိုးရေများ၌ အက်စစ်ဓာတ်ဖြစ်ပေါ်မှုမရှိခြင်းကြောင့် မြန်မာနိုင်ငံအတွက် အန္တရာယ်မရှိကြောင်း တိုင်းတာသိရှိရပါသည်။
သို့သော် အက်စစ်ဂုဏ်သတ္တိ၏ သဘောသဘာဝကို သိရှိထားရန်လိုအပ်ပါသည်။ အက်စစ်မိုးရွာသွန်းခြင်းသည် လေထုညစ်ညမ်းမှုနှင့် တိုက်ရိုက်သက်ဆိုင်နေသည်။ ယခုကာလ ၂၀၂၆ ခုနှစ် မေလအတွင်း ရန်ကုန် (ကမ္ဘာအေး) နှင့် ကျိုင်းတုံမြို့တို့၏ လေထုအရည်အသွေးအခြေအနေများကို ထုတ်ပြန်ထားရာ ယင်းတို့အပေါ် လေ့လာကြည့်ရန်လိုပါသည်။ လေထုအတွင်း၌ ၂ ဒသမ ၅ မိုက်ခရွန်မီတာနှင့် အောက်သေးငယ်သောအမှုန်အမွှားများကို စောင့်ကြည့်တိုင်းတာခြင်းဖြစ်သည်။ ကျိုင်းတုံမြို့၏ လေထုအရည်အသွေးညွှန်းကိန်းသည် ကောင်းမွန်သည့်အခြေအနေရှိသော်လည်း ရန်ကုန် (ကမ္ဘာအေး) နှင့် ကျိုင်းတုံမြို့တို့၌ များသောအားဖြင့် လေထုအရည်အသွေး (AQI) အသင့်အတင့်အခြေအနေရှိနေသည်ကို သတိပြုရမည်ဖြစ်သည်။
လေထုအရည်အသွေးကောင်းမွန်သော အစိမ်းရောင်အဆင့်၌ လေထုညစ်ညမ်းမှုအန္တရာယ်မရှိသော်လည်း လေထုအရည်အသွေးအသင့်အတင့်ရှိသော အဝါရောင်အဆင့်၌ ခံနိုင်ရည်နည်းပါးသည့် အချို့လူများအတွက် ကျန်းမာရေးထိခိုက်နိုင်သည့် အန္တရာယ်အသင့်အတင့်ရှိသည်ကို သတိပြုရမည်ဖြစ်သည်။ အက်စစ်မိုးရွာသွန်းခြင်းသည် စက်ရုံ၊ အလုပ်ရုံ၊ မော်တော်ယာဉ်များမှ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်ခြင်းနှင့်အတူ ဆာလ်ဖာဒိုင်အောက်ဆိုက်နှင့် နိုက်ထရိုဂျင်အောက်ဆိုက်ဓာတ်ငွေ့များ ဖြစ်ပေါ်မှုတို့ကြောင့် လေထုအတွင်းရှိ ရေမော်လီကျူးများနှင့် အက်စစ်ဓာတ်ပြုခြင်းဖြစ်သည်။ လေထုညစ်ညမ်းမှုသည်လည်း အလားတူသက်ရောက်မှုဖြစ်သည်။ အထူးသဖြင့် နိုက်ထရိုဂျင်အောက်ဆိုက်ကို မိုးကြိုးပစ်ခြင်းနှင့် ဆာလ်ဖာဒိုင်အောက်ဆိုက်ကို မီးတောင်ပေါက်ကွဲခြင်းတို့ကြောင့် ပိုမိုဖြစ်ပေါ်စေပါသည်။
အက်စစ်မိုးရွာသွန်းခြင်းသည် သစ်တောများ၊ ရေချိုများ၊ မြေဆီလွှာများ၊ အဏုဇီဝပိုးမွှားများ၊ အင်းဆက်များနှင့် ရေနေသတ္တဝါများအပေါ် ဆိုးရွားစွာ သက်ရောက်မှုရှိသည်။ အက်စစ်မိုးသည် အပင်ကြီးထွားမှုနှင့် ကျန်းမာသော မြေဆီလွှာကို ထိန်းသိမ်းပေးသည့် ကယ်လ်ဆီယမ်နှင့် မဂ္ဂနီဆီယမ်ကဲ့သို့သော အာဟာရဓာတ်များကို ဖယ်ထုတ်ခြင်းဖြင့် မြေဆီလွှာဖွဲ့စည်းမှုကို ထိခိုက်စေပါသည်။ လူနေမှုအဆောက်အအုံများတွင် အက်စစ်မိုးရွာသွန်းခြင်းကြောင့် သုတ်ဆေးများပျက်စီးခြင်း၊ သံမဏိအဆောက်အအုံပစ္စည်းများ ချေးတက်ခြင်း၊ ကျောက်အဆောက်အအုံနှင့် ရုပ်တုများ ရာသီဥတုဒဏ်ခံရနိုင်မှုများခြင်းနှင့် လူအများ၏ကျန်းမာရေးကို ထိခိုက်နိုင်ပါသည်။ ထို့ကြောင့် မိုးလေဝသဌာနများက လေထုအရည်အသွေးနှင့် မိုးရေ၌ အက်စစ်ဖြစ်ထွန်းမှုအခြေအနေတို့ကို မပြတ်စစ်ဆေးပေးနေသည်ကို သတိပြုရမည်ဖြစ်သည်။
သို့ဖြစ်ရာ သဘာဝပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှုကြောင့် ကမ္ဘာပေါ်၌ ဖြစ်ပေါ်လာလျက်ရှိသော သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့အပါအဝင် လေထုညစ်ညမ်းမှုနှင့် အက်စစ်မိုးရွာသွန်းမှုများ လျော့ကျလာရေးအတွက် ဇီဝရုပ်ကြွင်းလောင်စာ အသုံးပြုမှုလျှော့ချခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို အစိုးရနှင့်အတူ ပြည်သူများအားလုံး ပူးပေါင်းလက်တွဲဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။
Newspaper
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက် ၊ ဇွန် ၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ June 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက် ၊ ဇွန် ၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ June 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက် ၊ ဇွန် ၇ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ June 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
အဂတိလိုက်စားမှု ကင်းရှင်းစေရေး " 1111 "ကို ဖြေကြားပေးရန် ပြည်သူသို့ အသိပေးနှိုးဆော်ခြင်း
Ministry of Ethnic Affairs / Posted on June 08, 2026
အဂတိလိုက်စားမှု ကင်းရှင်းစေရေး " 1111 "ကို ဖြေကြားပေးရန် ပြည်သူသို့ အသိပေးနှိုးဆော်ခြင်း
အဂတိလိုက်စားမှု ကင်းရှင်းစေရေး " 1111 "ကို ဖြေကြားပေးရန် ပြည်သူသို့ အသိပေးနှိုးဆော်ခြင်း
Ministry of Ethnic Affairs / Posted on June 08, 2026
အဂတိလိုက်စားမှု ကင်းရှင်းစေရေး " 1111 "ကို ဖြေကြားပေးရန် ပြည်သူသို့ အသိပေးနှိုးဆော်ခြင်း
ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ် တာဝန်ပေးခြင်း
Ministry of Information / Posted on June 04, 2026
ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန် ပေးခြင်း

