သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) ၌ “သိမ်မွေ့ရှုမဝမြန်မာ့အလှ” လှယဉ်ကျေးမယ်နှင့် မြန်မာ့ရိုးရာဝတ်စားဆင်ယင်မှု ပြိုင်ပွဲကျင်းပ


Ministry of Information/ Naypyitaw / July 02, 2025
image_latest


သန်လျင် ဇူလိုင် ၁

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) တွင် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအား​ဖြင့် “သိမ်မွေ့ရှုမဝမြန်မာ့အလှ” လှယဉ်ကျေးမယ်နှင့် မြန်မာ့ရိုးရာ ဝတ်စားဆင်ယင်မှုပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ဘက်စုံသုံးခန်းမ၌ ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းက အမှာစကားပြောကြားသည်။

ဦးစွာပြိုင်ပွဲကို ပထမနှစ်နှင့် အထူးပြုဘာသာရပ်ငါးခုမှ ကျောင်းသူများက “မြစိမ်းရောင်လွှမ်း အေးချမ်းစေမည်မြန်မာပြည်” အဖွင့်သီချင်းဖြင့် ကပြဖျော်ဖြေကြ သည်။ ဆက်လက်၍ ပြိုင်ပွဲဝင် ကျောင်းသူ ၂၈ ဦးက ခါးနံပါတ် (၁) မှ (၁၄) အထိ တစ်ဖွဲ့၊ ခါးနံပါတ် (၁၅) မှ (၂၈) အထိ တစ်ဖွဲ့၊ အဖွဲ့နှစ်ဖွဲ့ခွဲ၍ တစ်ဦးချင်းယှဉ်ပြိုင်ခဲ့ကြသည်။ ယင်းနောက် ပြိုင်ပွဲဝင် ကျောင်းသူ ၂၈ ဦးအနက် အမှတ်ပေးအကဲဖြတ်ဒိုင်အဖွဲ့က ကျောင်းသူ ၁၀ ဦးအား ရွေးချယ်၍ တစ်ဦးချင်းထပ်မံယှဉ်ပြိုင်ခဲ့ကြပြီး ဆန်ခါတင်ငါးဦးအား ရွေးချယ်၍ မေးခွန်းများ မေးမြန်းကာ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆု နှစ်ဆုကို ရွေးချယ်ခဲ့ကြသည်။

ထို့နောက် “သိမ်မွေ့ရှုမဝမြန်မာ့အလှ” လှယဉ်ကျေးမယ်နှင့် မြန်မာ့ရိုးရာဝတ်စားဆင်ယင်မှုပြိုင်ပွဲတွင် ဆုရရှိကြသူများအား ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်သည်။ ထို့နောက် ပြိုင်ပွဲတွင် အစီအစဉ်အလိုက် တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြသည့် ပထမနှစ်နှင့် အထူးပြုဘာသာရပ်ငါးခုမှ ကျောင်းသူအဖွဲ့ ခုနစ်ဖွဲ့အား ပါမောက္ခချုပ်က ဂုဏ်ပြုပန်းစည်းနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်သည်။ အဆိုပါပြိုင်ပွဲသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)၊ ပါမောက္ခ/ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၀၀၀ ခန့် တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက် ၊ ဇူလိုင် ၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ July 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း

Ministry of Information / Posted on July 02, 2025

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း

ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း

Ministry of Information / Posted on July 02, 2025

၁။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်၊ ဦးဥတ္တမလမ်း၊ အမှတ် (၄၉) တွင် ပါတီရုံးချုပ်တည်ရှိသော ရခိုင်တိုင်းရင်းသားများပါတီ (Rakhine Nationalities Party) က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၅ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ၂၄-၆-၂၀၂၅ ရက်နေ့တွင် လျှောက်ထားလာပါသည်။ ယင်းသို့ လျှောက်ထားရာတွင် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ဖော်ပြပါအတိုင်း...

အမည်မည်းစာရင်းကြေညာခြင်း

Ministry of Information / Posted on July 02, 2025

အမည်မည်းစာရင်းကြေညာခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023