သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ Intellectual Talk အစီအစဉ်အဖြစ် Data Analysis ဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ Intellectual Talk အစီအစဉ်အဖြစ် Data Analysis ဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ
Ministry of Cooperatives and Rural Development/ Naypyitaw / January 21, 2026
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ စာရင်းအင်းပညာဌာနမှ ဦးဆောင်ကျင်းပသည့် Intellectual Talk အစီအစဉ်အဖြစ် Data Analysis ဆိုင်ရာ အသိပညာပေး ဟောပြောပွဲအခမ်းအနားကို (၁၅-၁-၂၀၂၆)ရက်နေ့၊ နံနက်(၉း၀၀)နာရီတွင် တက္ကသိုလ်၏ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ ပါမောက္ခချုပ်၊ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ (သင်တန်း၊ စီမံ၊ သု/ဖွံ့) ဌာနများမှ ဌာနမှူးများ၊ ဘာသာရပ်ဌာနများမှ ပါမောက္ခ (ဌာနမှူး)များ၊ စာရင်းအင်းပညာဌာနမှ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခ (ဌာနမှူး) ၊ ကထိက(ဌာနမှူး)၊ တာဝန်ရှိဆရာ၊ ဆရာမများနှင့် မေဂျာအသီးသီးမှ ကျောင်းသား/သူ ကိုယ်စားလှယ် အတန်းခေါင်းဆောင်များသည် အစည်းအဝေးခန်းမ၌လည်းကောင်း၊ စာရင်းအင်းပညာအထူးပြု စတုတ္ထနှစ် (ဒုတိယနှစ်ဝက်) ကျောင်းသား/သူများသည် သက်ဆိုင်ရာစာသင်ခန်းများမှ zoom ဖြင့် တက်ရောက်ခဲ့ကြသည်။
ပါမောက္ခချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် “ယနေ့ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ စတုတ္ထနှစ်(ဒုတိယနှစ်ဝက်) ကျောင်းသား၊ကျောင်းသူများကို Research Project Paper ကောင်းမွန်စွာ ရေးသားနိုင်ရန် ရည်ရွယ်ပြီး သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ စာရင်းအင်းပညာဌာနမှ ပါမောက္ခဆရာမများမှ Data Analysis နှင့် ပတ်သက်သည့် အသိပညာများကို ဆွေးနွေးပြောကြားသွားမည်ဖြစ်ကြောင်း၊ စတုတ္ထနှစ်ကျောင်းသား/ကျောင်းသူ များသည် Project Paper ဆောင်ရွက်သည့်အခါ လိုအပ်သောအချက်အလက်များနှင့် ကိန်းဂဏန်းများ ကောက်ယူခြင်း (Data Collection) ကို စနစ်တကျ နည်းလမ်းမှန်ကန်စွာ ကောက်ယူရပြီး (Data Analysis) ပြုလုပ်ရမည်ဖြစ်ကြောင်း၊ Data Analysis ဟုခေါ်သည့် Data များကို ပိုင်းခြား သုံးသပ် ရသည့် အပိုင်းသည် အရေးကြီးဆုံး လုပ်ငန်းစဉ်ဖြစ်သည့်အတွက် ၎င်းလုပ်ငန်းစဉ်မှရသည့် ရလဒ်များကြောင့် လုပ်ငန်းတစ်ခု၏ အနာဂတ်ဗျူဟာများ၊ နည်းဗျူဟာများကို အများကြီး ပြောင်းလဲ သွားအောင် တွန်းအားပေးနိုင်ကြောင်း၊ မည်သည့်နယ်ပယ်မှဖြစ်စေ Data များကို ခွဲခြမ်းစိတ်ဖြာ နည်း(၄)နည်းရှိကြောင်း၊ ၎င်းနည်း(၄)မျိုးကို အမျိုးအစားအားဖြင့် ခွဲထားသည်ဆိုသော်လည်း လက်တွေ့တွင် ၎င်းတို့မှာ တစ်ခုနှင့်တစ်ခု ဆက်စပ်နေပြီး တစ်ခုအပေါ်တစ်ခု တည်ဆောက်ထားခြင်းမျိုးဖြစ်ကြောင်း၊ ထို့ကြောင့် ခက်ခဲသော Data Analysis လုပ်ငန်းစဉ်သို့ ရောက်လေလေ ရရှိလာသောရလဒ်နှင့် သိမြင်မှုများမှာလည်း ပိုမိုတန်ဖိုး တက်လာလေလေ ဖြစ်ကြောင်း၊ တက္ကသိုလ်သည် စီးပွားရေးပညာရပ်များနှင့် စီးပွားရေးပညာရပ်များကို အထောက်အကူပြုသော ဘာသာရပ်များကို သင်ကြားပေးနေသည့် တက္ကသိုလ်ဖြစ်သည်နှင့်အညီ Research Project Paper ရလဒ်များသည်လည်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန်အတွက် အရည်အသွေးပြည့်ဝသည့် သုတေသနရလဒ်များ ပေါ်ထွက်လာနိုင်စေရန်နှင့် ၎င်းအရည်အသွေးပြည့်ဝသည့်သုတေသနရလဒ်များကို လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်စေရန်အတွက် ဆက်လက်ကြိုးစား ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ယခုအသိပညာပေးဆွေးနွေးပွဲတွင် Data Analysis ပြုလုပ်ရန် အတွက် SPSS Software နှင့် Microsoft Excel အသုံးပြုနည်းများကိုလည်း ဆွေးနွေး ပြောကြားသွားမည်ဖြစ်ကြောင်း၊ စတုတ္ထနှစ် (ဒုတိယနှစ်ဝက်) ကျောင်းသား/ကျောင်းသူများ အနေဖြင့် ဆရာမများဆွေးနွေးပို့ချမည့် အသိပညာပေးဆွေးနွေးပွဲမှာ Data Analysis နည်းပညာရှိသော အသုံးချပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် အရည်အသွေးပြည့်ဝသည့် သုတေသနရလဒ်များရှိသော Project Paper များ ရေးသားဆောင်ရွက်သွားနိုင်ရန် ကြိုးစားသွားကြစေလိုကြောင်းနှင့် အနာဂတ်တွင်လည်း ဒေသအကျိုးပြု၊ နိုင်ငံအကျိုးပြု သုတေသနစာတမ်းများ ရေးသားနိုင်သည်အထိ ဆက်လက်ကြိုးစားသွားကြပါရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။
အစီအစဉ်အရ မှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကာ အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။
ထို့နောက် စာရင်းအင်းပညာဌာနမှ ပါမောက္ခ ဒေါက်တာအိအိအေးမှ Data Analysis I for Research Project Paper ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပါမောက္ခ ဒေါက်တာယဉ်မွန်သန့်မှ Data Analysis II for Research Project Paper ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးဟောပြောခဲ့ကြပါသည်။
Newspaper
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။
Announcement
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်)၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၅) နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်းရရှိမှုအခြေအနေ
Ministry of Information / Posted on January 21, 2026

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ (အပိုင်း ၂) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးချင်း ဆန္ဒမဲရရှိမှု အခြေအနေ

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်)၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၄) နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်းရရှိမှုအခြေအနေ