သမဝါယမအသင်းများက ဆီထွက်သီးနှံနေကြာပန်းတိုင်အထွက်တိုးရေး ဆောင်ရွက်


Ministry of Cooperatives and Rural Development/ Naypyitaw / February 25, 2025
image_latest


ပြည် ဖေဖော်ဝါရီ ၂၅

ပြည်တွင်းစားရေရိက္ခာဖူလုံရေးနှင့် ဆီစားသုံးမှုဖူလုံစေရေးတို့အတွက် သမဝါယမကဏ္ဍက ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်ရှိ သမဝါယမအသင်းများမှ ရေဆင်းစပ်မျိုး-၁ နေကြာစိုက်ဧက ၂၀၀ စိုက်ပျိုးထားရှိပါသည်။ ပြည်မြို့နယ်သမဝါယမအသင်းစုမှ စံပြစိုက်ကွက်အနေဖြင့် ပေါင်းတလည် မြောင်းဆုံအုပ်စု၊ မြောင်းဆုံကျေးရွာတွင် ရေဆင်းစပ်မျိုး-၁ နေကြာစိုက်ဧက ၁၀ ဧက ကို သီးသန့်စိုက်ပျိုးခဲ့ပါသည်။

ပြည်မြို့နယ်သမဝါယမဦးစီးဌာနအနေဖြင့် အသင်းသားတောင်သူများ နေကြာသီးနှံစိုက်ပျိုး ရာတွင် လိုအပ်သည့် မျိုးကောင်းမျိုးသန့်များရရှိရေး၊ နည်းစနစ်တကျမြေပြုပြင်ရေး၊ ရေရရှိရေး၊ သွင်းအားစုများဖြည့်သွင်းရေး၊ နည်းပညာအကူအညီများပေးရေး၊ နေကြာများဝတ်မှုန်ကူးချိန်တွင် အစေ့အဆံ အောင်မြင်စေရေးအတွက် ပျားလုပ်ငန်းဦးစီးဌာနနှင့် ချိတ်ဆက်၍ ပျားပုံးများချခြင်း၊ ရွက်ဖျန်းမြေဩဇာများကို အချိန်မီအသုံးချနိုင်ရေးတို့ကို အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေး လျက်ရှိရာ အထွက်နှုန်းအနေဖြင့် ယခင်ဒေသမျိုးထက် ယခု စိုက်ပျိုးထားသောရေဆင်းစပ်မျိုး-၁ နေကြာသည် တစ်ဧကလျှင် ၃၅ တင်းမှ တင်း ၄၅ ထိ ထွက်ရှိနိုင်မည်ဖြစ်ကြောင်းနှင့် အဆိုပါနေကြာများကို ဆီထုတ်လုပ်နိုင်ရေးအတွက် ပုဂ္ဂလိကပိုင်ဆီစက်များနှင့် သမဝါယမပိုင် ဆီစက်များတွင် ကြိတ်ခွဲ၍ ကာလပေါက်ဈေးဖြင့် ရောင်းချနိုင်ရေးကူညီ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

Newspaper

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက်၊ ဖေဖော်ဝါရီ ၂၅ ရက် ၊အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 24, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက်၊ ဖေဖော်ဝါရီ ၂၄ ရက် ၊တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက်၊ ဖေဖော်ဝါရီ ၂၃ ရက် ၊တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ February 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

အသိပေးကြေညာချက်

Ministry of Information / Posted on February 25, 2025

အသိပေးကြေညာချက်

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊အခွန်ဌာနမှ အသိပေးကြေညာခြင်း

Naypyitaw Development Committee / Posted on February 24, 2025

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊အခွန်ဌာနမှ အသိပေးကြေညာခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023