သာစည်မြို့နယ်သမဝါယမအသင်းစု၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်စည်းဝေး
သာစည်မြို့နယ်သမဝါယမအသင်းစု၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်စည်းဝေး
Ministry of Cooperatives and Rural Development/ Naypyitaw / January 28, 2026
သာစည် ဇန်နဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်သမဝါယမအသင်းစု၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို မြို့နယ်သမဝါယမအသင်းစုရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ဦးစွာ သဘာပတိဦးတင်ထွန်းက အမှာစကားပြောကြားသည်။ ဆက်လက်ပြီး တိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူးဦးလှိုင်မိုးက အမှာစကား ပြောကြားရာတွင် သမဝါယမဦးစီးဌာနနှင့်ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညီညီဝင်းက ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်း များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ချုပ်ဘဏ္ဍာရေး ရှင်းတမ်းနှင့် အမြတ်ခွဲဝေမှုစာရင်းအားလည်းကောင်း၊ အမှုဆောင်အဖွဲ့၏ လုပ်ငန်းအစီရင်ခံစာ နှင့် ရှေ့လုပ်ငန်းစဉ်များကို လည်းကောင်း၊ အသင်းသားစာရင်းစစ်အစီရင်ခံစာကိုလည်းကောင်း တာဝန်ရှိသူအသီးသီးက ဖတ်ကြားပြီး အမှုဆောင်အဖွဲ့၏ လုပ်ငန်းအစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ် များကို သဘာပတိက တက်ရောက်လာသူများထံမှ အတည်ပြုချက်ရယူသည်။ ၎င်းနောက် သဘာပတိက နိဂုံးချုပ်အမှာစကားပြောကြားပြီး တက်ရောက်လာသူများအား လက်ဆောင် ပစ္စည်းများပေးခဲ့ကြောင်းသိရသည်။
အဆိုပါအစည်းအဝေးသို့ မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်အတွင်းရှိ အခြေခံအသင်းများမှ အသင်းဝင်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်
Newspaper
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက် ၊ ဇန်နဝါရီ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက် ၊ ဇန်နဝါရီ ၂၇ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဇန်နဝါရီ ၂၆ ရက်၊ တနင်္လာနေ့။
Announcement
ပြည်ထောင်စုဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း
Ministry of Information / Posted on January 27, 2026
ပြည်ထောင်စုဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း
စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေခြင်း
Ministry of Information / Posted on January 27, 2026
စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေခြင်း
သမဝါယမဦးစီးဌာနမှလစ်လပ်လျက်ရှိသောရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း
Ministry of Cooperatives and Rural Development / Posted on January 23, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
