သာစည်မြို့နယ်၌ သာဂရ-သုံးပတ်လည်-အလယ်ကန် လမ်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး
သာစည်မြို့နယ်၌ သာဂရ-သုံးပတ်လည်-အလယ်ကန် လမ်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး
Ministry of Cooperatives and Rural Development/ Naypyitaw / December 23, 2025
သာစည် ဒီဇင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်သော သာဂရ-သုံးပတ်လည်-အလယ်ကန်လမ်း မြေသားတာပေါင်တင်၍ ဂျင်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို တာဝန်ရှိသူများက ဒီဇင်ဘာ ၂၂ ရက်တွင် ကြည့်ရှုစစ်ဆေးသည်။
ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေကျပ် ၈၃ ဒသမ ၈၂၈ သန်းဖြင့် သာဂရ-သုံးပတ်လည်-အလယ်ကန်လမ်း လမ်းအရှည် သုည ဒသမ ၈၂ကီလိုမီတာအား မြေသားတာပေါင်တင်၍ ဂျင်းခင်းခြင်းလုပ်ငန်း များကို သာစည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပြီး အဆိုပါလုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)ဒေါ်နှင်းနှင်းအိလှိုင်နှင့် မြို့နယ်တာဝန်ခံတို့က ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကျန်လမ်းပိုင်းများအား လာမည့်ဘဏ္ဍာရေးနှစ်များတွင် ဆက်လက်လျာထား ဆောင်ရွက်သွားရန် မှာကြားသည်။
သာဂရ-သုံးပတ်လည်-အလယ်ကန်လမ်းသည် ရန်ကုန်-တောင်ငူ- မန္တလေးလမ်း၊ခရိုင်ချင်းဆက်(၂)လမ်းတို့ဖြင့် ချိတ်ဆက်သွားလာနိုင်သော အဓိကကျသော လမ်းဖြစ်ပြီး အဆိုပါဒေသရှိ ကျေးရွာငါးရွာမှ ဒေသခံ ပြည်သူများအတွက် သွားလာရေးအဆင်ပြေချောမွေ့လာမည်ဖြစ်ပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ် ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
Newspaper
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက် ၊ ဒီဇင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 23, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် ၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 22, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက် ၊ ဒီဇင်ဘာ ၂၁ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 21, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
DownloadAnnouncement
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ်ဝင်ခွင့် ရရှိသူများစာရင်း (နောက်ဆက်တွဲ)
Ministry of Cooperatives and Rural Development / Posted on December 18, 2025
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာအားကစားအဖွဲ့ နေ့ရက်အလိုက် ပြိုင်ပွဲရလဒ်များနှင့် ဆုတံဆိပ်ရရှိမှု (၁၉-၁၂-၂၀၂၅)
Ministry of Sports and Youth Affairs / Posted on December 20, 2025
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်း ကြေညာ
Ministry of Information / Posted on December 20, 2025
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်း ကြေညာ
