သာပေါင်းမြို့နယ် တံခွန်တိုင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ စစ်ဆေး
သာပေါင်းမြို့နယ် တံခွန်တိုင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ စစ်ဆေး
Ministry of Cooperatives and Rural Development/ Naypyitaw / March 09, 2026
သာပေါင်းမြို့နယ် တံခွန်တိုင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ စစ်ဆေး
သာပေါင်း၊ မတ် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန်၊ ကျေးလက်နှင့်မြို့ပြကွာဟမှုကိုလျော့ချနိုင်စေရန် ရည်ရွယ်၍ တံခွန်တိုင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို မတ်လ(၈)ရက်နေ့နံနက်ပိုင်းက တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သာပေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်နွယ်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ တံခွန်တိုင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် အခြားစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ ချေးငွေစာချုပ်ပါအတိုင်း အမှန်တကယ်လုပ်ငန်းဆောင်ရွက်မှုရှိ၊မရှိကိုလည်းကောင်း၊ စာရင်းဇယားများဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တံခွန်တိုင်ကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၄၉ဦးကို ငွေကျပ် ၂၃၈ သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ခုနစ်ဦးကို ငွေကျပ် ၁၇သိန်း၊ ရေလုပ်ငန်းလုပ်ကိုင်သူ ၁၂ဦးကို ငွေကျပ် ၂၉သိန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ သုံးဦးကိုငွေကျပ် ၁၆သိန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူလေးဦးကို ၁၅သိန်း၊ စုစုပေါင်း အသင်းသား၊အသင်းသူ ၇၅ဦးတို့အား မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၃၁၅သိန်းထိ ထုတ်ချေးပေးထားပြီး စီမံကိန်းလုပ်ငန်းများ လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း သာပေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်နွယ်က ပြောပြ၍ သိရသည်။
နွဲ့ယဥ်
Newspaper
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စနေနေ့။
Announcement
အများပြည်သူသို့ အသိပေးကြေညာ
Ministry of Information / Posted on March 07, 2026
အများပြည်သူသို့ အသိပေးကြေညာ
အများပြည်သူသို့ အသိပေးကြေညာ
Ministry of Information / Posted on March 07, 2026
အများပြည်သူသို့ အသိပေးကြေညာ
ပြောင်းလုပ်ငန်းရှင်များသို့ အသိပေးကြေညာချက်
Ministry of Information / Posted on March 07, 2026
ပြောင်းလုပ်ငန်းရှင်များသို့ အသိပေးကြေညာချက်
