သံချောင်းတွေကို အရစ်ပုံစံဖော်ဖို့၊ သံနဲ့ပတ်သက်ပြီး စမ်းသပ်စစ်ဆေးတဲ့ပုံစံတွေ ဘယ်လိုရှိတယ်ဆိုတာတွေကို ပြသနေတာဖြစ်ပါတယ်။ ပြည်တွင်းမှာ နိုင်ငံတကာအဆင့်မီ အရည်အသွေးပြည့်ဝတဲ့ပစ္စည်းတွေကို ရောင်းချပေးနေတာဖြစ်ပါတယ် (ဦးကျော်စိုး)


Ministry of Information/ Naypyitaw / February 12, 2026
image_latest


(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်)ကို နေပြည်တော်ရင်ပြင်၌ ဖေဖော်ဝါရီ ၈ ရက်မှ ၁၃ ရက်အထိ ခြောက်ရက်တာ ကျင်းပလျက်ရှိသည်။

ပြပွဲတွင် ပြခန်းပေါင်း ၁၂၀ ကျော်နှင့် ပြင်ပကုမ္ပဏီ ၂၉ ခုတို့က ပါဝင်ပြသရောင်းချလျက်ရှိပြီး ပါဝင်ပြသရောင်းချကြသည့် လုပ်ငန်းရှင်များ၏ စကားသံများကို ဖော်ပြလိုက်ရပါသည် -

ဦးမြင့်ဝင်း

Manufacturing Director

SUPER SEVEN STARS INDUSTRIAL DEVELOPMENT CO.,LTD

အဓိကကတော့ ဒီနှစ်မှာ Advanced Technology သုံးထားတဲ့ စက်ကိရိယာတွေ ပါဝင်ပြသထားပါတယ်။ ထုပ်ပိုးမှုအပိုင်းနဲ့ သက်ဆိုင်တဲ့ စက်ကိရိယာတွေ၊ သစ်သီးအခြောက်ခံစက်တွေမှာဆိုရင် နည်းပညာအပိုင်းကမြင့်လာတယ်။ အာလူးကြော်စက်မှာဆိုရင် MSME လုပ်ငန်းရှင်တွေကို တစ်ပိုင်တစ်နိုင် ကျစ်ကျစ်လျစ်လျစ်နဲ့ ထုတ်လုပ်မှုလုပ်နိုင်အောင်၊ လုပ်ငန်းလုပ်နိုင်အောင် ပြသထားပါတယ်။ အဲဒီအပြင် နို့နဲ့ နို့ထွက်ပစ္စည်းနဲ့ သက်ဆိုင်တာ၊ ဥစားကြက်မွေးမြူရေးနဲ့ သက်ဆိုင်တာတွေကိုလည်း ပြသထားပါတယ်။ ကျွန်တော်တို့ ပြခန်းကို MSME လုပ်ငန်းရှင်တွေအများဆုံး လာရောက်လေ့လာကြတယ်။ သူတို့လုပ်ငန်းအတွက် လိုအပ်တဲ့စက်ကိရိယာ တွေနဲ့ပတ်သက်တာတွေကို တိုင်ပင်ဆွေးနွေးကြပါတယ်။

ကျွန်တော်တို့အနေနဲ့ သူတို့လုပ်ငန်း အတွက် ရင်းနှီးအသုံးပြုရမယ့် ငွေကြေးအရင်းအနှီးနဲ့ ထိုက်တန်အောင် ထိထိရောက်ရောက်အသုံးပြုနိုင်မယ့် စက်ကိရိယာတွေကို ရွေးချယ်ပြသပေးတယ်။ လက်ခံအားပေးကြပါတယ်။ အခုပြပွဲမှာ ရောင်းအားကောင်းတဲ့စက်က ထုပ်ပိုးမှုနဲ့သက်ဆိုင်တဲ့ စက်တွေများပါတယ်။ ကျွန်တော်တို့က ဝန်ဆောင်မှုအပိုင်းကို အပြည့်အဝဆောင်ရွက်ပေးပါတယ်။ မဝယ်သေးခင်မှာ သူတို့နဲ့တိုင်ပင်ဆွေးနွေးတယ်။ သူတို့ရဲ့ လိုအပ်ချက်တွေအတွက် အကြံပြုဆွေးနွေးပေးတယ်။ တပ်ဆင်တဲ့အပိုင်းကိုလည်း ဆောင်ရွက်ပေးတယ်။ ပြုပြင်ထိန်းသိမ်းမှုအပိုင်းကိုလည်း စီစဉ်ပေးတယ်။ စက်ကိုဝယ်ယူပြီးတာနဲ့ နောက်ထပ် စက်ကိရိယာအပိုပစ္စည်းတွေလည်း ကျွန်တော်တို့ဆီမှာ အမြဲရှိနေပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ ကျွန်တော်တို့ဆီက စက်ကို ဝယ်ယူသွားပြီးတာနဲ့ စိတ်ချမ်းမြေ့စွာတန်ဖိုးရှိရှိ အသုံးချနိုင်အောင် ကူညီဆောင်ရွက်ပေးပါတယ်။

ဦးကျော်စွာစိုး

အထွေထွေမန်နေဂျာ၊ NPK Motor Co.,Ltd

ကျွန်တော်တို့ကုမ္ပဏီအနေနဲ့ လျှပ်စစ်သုံးမော်တော်ယာဉ်တွေကို SKD စနစ်နဲ့ မြန်မာနိုင်ငံမှာ ပထမဦးဆုံး ထုတ်လုပ်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ Brand အားဖြင့်တော့ LEAP Motor Brand ကို ထုတ်လုပ်လျက်ရှိပါတယ်။ အဲဒီလို လျှပ်စစ်သုံးမော်တော်ယာဉ်တွေကို ထုတ်လုပ်တဲ့နေရာမှာ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီရဲ့ လမ်းညွှန်ချက်အတိုင်း SKD Bus တွေကို အုပ်စု ၁၀ စုခွဲပြီး ပြည်ပကနေတင်သွင်းပြီး ပြည်တွင်းမှာ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို ထုတ်လုပ်တဲ့အခါ ပြည်သူတွေ သက်သောင့်သက်သာ အဆင်ပြေပြေ သွားလာနိုင်ရေးကို ရည်ရွယ်ခဲ့ပါတယ်။ အဲဒီလိုရည်ရွယ်ပြီး ထုတ်လုပ်တဲ့အပြင်ဈေးနှုန်းအားဖြင့် သင့်တင့်တဲ့ဈေးနှုန်းနဲ့ ရောင်းချပေးသလို အရည်အသွေးအားဖြင့် ပြည့်ဝနေဖို့အတွက် လိုအပ်တဲ့ ထုတ်လုပ်ရေးသုံး ပစ္စည်းတွေ၊ စက်တွေ၊ စမ်းသပ်ပစ္စည်းတွေ၊ စစ်ဆေးရေးပစ္စည်းတွေ အားလုံးကို တပ်ဆင်အသုံးပြုခဲ့တာဖြစ်ပါတယ်။ ထုတ်လုပ်တဲ့ ဝန်ထမ်းတွေကလည်း ကျွမ်းကျင်မှုရှိတဲ့ ဝန်ထမ်းတွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ထုတ်လုပ်တဲ့ လျှပ်စစ်သုံးယာဉ်တွေရဲ့ အရည်အသွေးကိုအာမခံလို့ ရပါတယ်။

လက်ရှိအချိန်မှာ ထုတ်လုပ်တဲ့ပုံစံက တစ်စိတ်တစ်ပိုင်း တပ်ဆင်ပြီးတဲ့ အစိတ်အပိုင်းတွေကို ထုတ်လုပ်နေတာဖြစ်ပါတယ်။ ဒုတိယဆင့်အနေနဲ့ ပြည်တွင်းကပစ္စည်းတွေနဲ့ အစားထိုးထုတ်လုပ်မှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် တာယာ၊ ထိုင်ခုံတို့ကို ပြည်တွင်းမှာ အစားထိုးထုတ်လုပ်သွားမှာပါ။ တတိယအဆင့်အနေနဲ့ အမယ်တစ်ခုချင်းအလိုက်၊ ပစ္စည်းတစ်ခုချင်းစီအလိုက် ထုတ်လုပ်ပြီး အပြည့်အဝတပ်ဆင်ထုတ်လုပ်ခြင်းအပိုင်းကို သွားမှာဖြစ်ပါတယ်။

အဲဒီလို ကူးပြောင်းသွားတဲ့အခါ တစ်နှစ်ထက်တစ်နှစ် ပစ္စည်းကိရိယာတွေကို တိုးတက်ထုတ်လုပ်ပြီး နောင်တစ်ချိန်မှာ လျှပ်စစ်သုံးယာဉ်တစ်စီးလုံးကို ပြည်တွင်းပစ္စည်းတွေနဲ့သာ ထုတ်လုပ်သွားနိုင်အောင် ကြိုးစားနေပါတယ်။ အဲဒီလို တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ထုတ်လုပ်နိုင်ဖို့အတွက် နည်းပညာပိုင်းဆိုင်ရာ၊ ရင်းနှီးမြှုပ်နှံမှုပိုင်းဆိုင်ရာ ပမာဏက များပြားလာမှာဖြစ်တဲ့အတွက် နိုင်ငံတော်အနေနဲ့ အခုထက်ပိုပြီး ပံ့ပိုးကူညီမှုတွေ လုပ်ပေးနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ ပြီးတော့ အဲဒီလို ထုတ်လုပ်လာနိုင်တာနဲ့အမျှ MSME လုပ်ငန်းတွေဟာလည်း အခုထက်ပိုပြီး တိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်။

ဦးဟိန်းမင်းထက်

Managing Director

GREEN LAND Co.,Ltd

ကျွန်တော်တို့ GL ကုမ္ပဏီအနေနဲ့ GREEN LAND SOLAR နဲ့ GREEN LAND (စိမ်းလန်း) ဆိုပြီး လုပ်ငန်းနှစ်မျိုး လုပ်ကိုင်ဆောင်ရွက်ပါတယ်။ ကျွန်တော်တို့ရဲ့ပြခန်းမှာ အပင်အပိုင်းမှာဆိုရင် နှစ်ရှည်ပျိုးပင်တွေ၊ အရိပ်အပင်ကြီးတွေ၊ ယိုးဒယား ကိုင်းကူးမျိုး သီးပင်စားပင်တွေ၊ အလှစိုက် ဘွန်စိုင်းအပင်ကြီးတွေကို အပင်အမျိုးအစား လေးမျိုးလောက် ပြသရောင်းချပေးပါတယ်။ အလှစိုက်တဲ့ ဘွန်စိုင်းအပင်ကြီးတွေအပြင် အလှစိုက် ကံ့ကော်ပင်ကြီးတွေ ပါပါတယ်။ သီးပင်စားပင်ထဲကဆိုရင် ယိုးဒယားအုန်းချိုမွှေးပါ။ ယိုးဒယားအုန်းချိုမွှေးက တစ်ပိုင်တစ်နိုင် အိမ်စားအနေနဲ့ကော စီးပွားဖြစ်အနေနဲ့ပါ စိုက်ပျိုးသင့်တဲ့ အပင်မျိုးဖြစ်ပြီး ရေတိုနဲ့အကျိုးအမြတ်ရတဲ့ အပင်မျိုးဖြစ်ပါတယ်။ ပြပွဲကျန်တဲ့ရက်တွေမှာလည်း လာရောက်လေ့လာကြဖို့ ဖိတ်ခေါ်ပါတယ်။ ဈေးနှုန်းကလည်း ချိုသာပါတယ်။

ဒေါ်ကြွယ်ကြွယ်

Marketing supervisor ၊ Mandalay Smart Home Builders Co.,Ltd

ကျွန်မတို့ ကုမ္ပဏီက Mobile Smart Home Builders ဖြစ်တဲ့အတွက် ငလျင်ဘေးဒဏ်ကြောင့် အိမ်ရာတွေဆုံးရှုံးသွားတဲ့ အများပြည်သူတွေအတွက် အိမ်ရာလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြေရှင်းပေးနိုင်ဖို့နဲ့ ပြည်သူတွေ အရည်အသွေးပြည့်မီသော Mobile အိမ်တွေကို ပိုမိုမြန်ဆန်စွာ ပိုင်ဆိုင်နိုင်စေဖို့ ဈေးနှုန်းသက်သာစွာနဲ့ ကိုယ်ပိုင်အိမ်တွေ ပိုင်ဆိုင်နိုင်အောင်လို့ ပြပွဲမှာလာရောက်ပြီး ခင်းကျင်းပြသပေးနေတာဖြစ်ပါတယ်၊၊ တန်ဖိုးအနေနဲ့ ၂၉၉ သိန်းကနေစပြီး သိန်း ၁၀၀၀ ကျော်အထိ ရှိပါတယ်၊၊ စိတ်ဝင်စားတဲ့ ပြည်သူတွေ လာရောက်လေ့လာဝယ်ယူမယ်ဆိုရင် ကျွန်မတို့ ကုမ္ပဏီမှာ Modern ၁၀ မျိုးရှိပြီး Deposit ၅၀ ရာခိုင်နှုန်းသွင်းရင် အိမ်ကိုတစ်လအတွင်း ရရှိမှာဖြစ်ပြီး ကျန်ရှိတဲ့ ၅၀ ရာခိုင်နှုန်း သွင်းနေတဲ့အချိန်မှာလည်း ဝန်ဆောင်မှုအပြည့်အဝ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်၊၊ ဒီပြပွဲမှာတော်တော်များများ လာရောက်ပြီး စိတ်ဝင်တစားကြည့်ရှုလေ့လာကြပါတယ်၊၊ ပြည်သူတွေ တော်တော်များများက စိတ်ဝင်တစားနဲ့ လာရောက်လေ့လာကြည့်ရှုကြတဲ့အတွက် အင်မတန် ဝမ်းသာမိပါတယ်၊၊

ဦးမျိုးမြင့်ထွန်း

Executive Director ၊ Good Brothers’ Company Limited

ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ လယ်ယာသုံးကဏ္ဍမှာ မြေပြုပြင်တာကစပြီး စိုက်ပျိုး၊ ရိတ်သိမ်းတဲ့ အဆင့်အထိ ပြသထားပါတယ်။ ဒါ့အပြင် တောင်သူတွေ လိုအပ်နေတဲ့ သွင်အားစုတွေကိုပါ ထည့်သွင်းပြသထားပါတယ်။ MSME လုပ်ငန်းအတွက် စွမ်းအင်ကဏ္ဍမှာ အဓိကထားအသုံးပြုနိုင်ဖို့အတွက် ဆိုလာတွေကိုလည်း ပြသထားပါတယ်။ လက်ရှိ Good Brothers အနေနဲ့ တောင်သူတွေကို အကျိုးပြုနိုင်မယ့်အရာတွေကို ပြသထားတဲ့အတွက် တောင်သူတွေ တော်တော်များများ လာကြည့်ကြတယ်။ ဝယ်ယူသူတွေလည်းများပါတယ်။ ဒီပြပွဲမှာ ရောင်းချရတဲ့ပစ္စည်းတွေများပါတယ်။ ကျွန်တော်တို့ဆီက စက်ပစ္စည်းတွေ ဝယ်ယူမယ်ဆိုရင် လက်ငင်းစနစ်နဲ့ရောင်းသလို တောင်သူတွေကို ဝယ်ယူနိုင်အောင်၊ အသုံးပြုနိုင်အောင် အရစ်ကျစနစ်၊ ငှားရမ်းတဲ့စနစ်နဲ့ ဆောင်ရွက်ပေးနေတာလည်းရှိပါတယ်။ ဝယ်ယူတဲ့နေရာမှာ ကျွန်တော်တို့ ကုမ္ပဏီက စက်တန်ဖိုးရဲ့ ၅၀ ရာခိုင်နှုန်းကို ကနဦးတင်သွားပြီး ကျန်တဲ့ငွေကိုတော့ ခြောက်လတစ်ဖြတ်နဲ့ တစ်နှစ်ခွဲကာလပေးသွင်းပြီး ရောင်းချ တဲ့ ပစ္စည်းတွေ ရှိပါတယ်။ တချို့ပစ္စည်းတွေက နေ့စဉ်ဝင်ငွေရှာဖွေနေတဲ့ ပစ္စည်းတွေဖြစ်တဲ့အတွက် အပတ်စဉ်၊ လစဉ်စနစ်နဲ့ ရောင်းချပြီး ဝယ်ယူသုံးစွဲသူတွေ အဆင်ပြေပြေနဲ့ ပြန်လည်ပေးဆပ်နိုင်အောင်ပါ။ ဝင်ငွေကို မိသားစုအတွက် တစ်ဖက်တစ်လမ်းကသုံးနိုင်ပြီး တောင်သူတွေအနေနဲ့ မိသားစုလည်း အဆင်ပြေ၊ စက်လည်း ပိုင်ဆိုင်သွားရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖန်တီးပြီး ဆောင်ရွက်ပေးထားခြင်းဖြစ်ပါတယ်။

ဦးကျော်စိုး

Deputy Managing Director

STEEL KING COMPANY LIMITED

ကျွန်တော်တို့ STEEL KING COMPANY LIMITED အနေနဲ့ သံချည်သံကွေးနဲ့ Coupler စနစ်နဲ့ပတ်သက်ပြီး ပြသနေတာဖြစ်ပါတယ်။ သံတွေကို ဆိုက်ထဲမှာ ထုတ်လုပ်မယ့်အစား စက်နဲ့ ဘယ်လိုထုတ်လုပ်မလဲဆိုတာကို ဒီပြခန်းမှာပြသပါတယ်။ သံတွေဆက်တဲ့နေရာမှာ Coupler စနစ်ကိုသုံးခြင်းအားဖြင့် ပိုပြီးခိုင်မာမှုရှိလာမယ်။ သံချောင်းတွေကို အရစ်ပုံစံဖော်ဖို့၊ သံနဲ့ပတ်သက်ပြီး စမ်းသပ်စစ်ဆေးတဲ့ ပုံစံတွေဘယ်လို ရှိတယ်ဆိုတာတွေကို ပြသနေတာဖြစ်ပါတယ်။ ပြည်တွင်းမှာ နိုင်ငံတကာအဆင့်မီ အရည်အသွေးပြည့်ဝတဲ့ ပစ္စည်းတွေကို ရောင်းချပေးနေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ တံတားစီမံကိန်းတွေ၊ ဆောက်လုပ်ရေး အပိုင်းတွေ၊ ကိုယ်ပိုင်အိမ်ဆောက်လုပ်တာကအစ အထူးအစီအစဉ်အနေနဲ့ ပြပွဲကနေ ရောင်းချပေးနေပါတယ်။

ပြခန်းကို ပြည်သူတွေ စိတ်ဝင်တစားလာရောက်ကြည့်ရှုလေ့လာကြပါတယ်။ အခုလို ပွင့်လင်းရာသီကာလမှာ အထူးပရိုမိုးရှင်းတွေနဲ့ ရောင်းချနေတာဖြစ်တဲ့အတွက် ပြည်သူတွေ လာရောက်လေ့လာပြီး အော်ဒါပေးတာ ရှိပါတယ်။ ဖုန်းဆက်ပြီးဝယ်ယူတာလည်းရှိတယ်။ ဒီပြခန်းမှာ နည်းပညာအသစ်တွေနဲ့ ရေရှည်ခိုင်မာတဲ့ အဆောက်အအုံတွေ ဖြစ်အောင်ပြသထားတဲ့အတွက် လာရောက်လေ့လာကြဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ်။

မင်းကျော်စွာ

ဓာတ်ပုံ - အောင်မင်းထွန်း

Newspaper

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 12, 2026

Publication Date: 2026

Page: 32 pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

အထူးကျေးဇူးတင်ရှိကြောင်း အသိပေးထုတ်ပြန်ချက်

Ministry of Information / Posted on February 11, 2026

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ အပိုင်းလိုက်ကျင်းပပြုလုပ်ခဲ့ရာ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲတစ်ရပ်အဖြစ် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါသည်။

တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမည်စာရင်းကြေညာခြင်း

Ministry of Information / Posted on February 11, 2026

တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမည်စာရင်းကြေညာခြင်း

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းနှင့် သတင်းအေဂျင်စီလုပ်ငန်းလုပ်ကိုင်သူများ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် အသစ်လဲလှယ်ရန် အသိပေးကြေညာခြင်း

Ministry of Information / Posted on February 11, 2026

၁။ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေများ ထွက်ရှိသည့် ၁၀-၁၀-၂၀၁၄ ရက်နေ့မှစ၍ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ်များအား ၅ နှစ် သက်တမ်းခွင့်ပြုပေးခဲ့ပါသည်။

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023