ဟင်္သာတမြို့နယ် ဇီးတောစု ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် ကွန်ကရစ်ဘီးလမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှု စစ်ဆေး
ဟင်္သာတမြို့နယ် ဇီးတောစု ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် ကွန်ကရစ်ဘီးလမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှု စစ်ဆေး
Ministry of Cooperatives and Rural Development/ Naypyitaw / March 18, 2026
ဟင်္သာတမြို့နယ် ဇီးတောစု ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် ကွန်ကရစ်ဘီးလမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှု စစ်ဆေး
ဟင်္သာတ မတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်း အတိုးရငွေဖြင့် ခေါင်းဆေးကျွန်း ကျေးရွာအုပ်စု၊ ဇီးတောစု ကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက် နေမှု အခြေအနေများကို မေလ ၁၇ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဟင်္သာတ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်း နှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များနှင့်အတူကျေးရွာတွင်း ကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက် နေမှု အခြေအနေ များကို ကြည့်ရှု စစ်ဆေးပြီး ဟင်္သာတ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်း သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစေရေး စနစ်တကျ ဆောင်ရွက်ရန် မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ဇီးတောစု ကျေးရွာတွင် လမ်းတစ်ဖက်စီ အရှည်ပေ ၄၈၀ ၊ အကျယ် ၂ ပေ ၊ အမြင့် ခြောက်လက်မရှိ ကွန်ကရစ်ဘီးလမ်းခင်းခြင်း လုပ်ငန်းကို စီမံကိန်းအတိုးရငွေ၏ ၅၀ ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ် ၁၀၀ သိန်း၊ ပြည်သူထည့်ဝင် ငွေ ၁၀ သိန်း၊စုစုပေါင်း ၁၁၀ သိန်း အသုံးပြုကာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု ၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ၊ကျေးရွာသားများ ကိုယ်တိုင် ယခုနှစ် မတ်လ ၆ ရက်နေ့မှ စတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်း ဆောဂ်ရွက်မှုမှာ ၅၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါကြောင်း ဟင်္သာတ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်း က ပြောပြ၍ သိရသည်။
ဇင်မာ
Newspaper
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ March 18, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။
Announcement
အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း
Ministry of Information / Posted on March 16, 2026
အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း
၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း
Ministry of Information / Posted on March 16, 2026
၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း
Naypyitaw Development Committee / Posted on March 16, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း