ဟင်္သာတ မြို့နယ်၌ အဆင့်မြင့် အပ်ချုပ်စက်သင်တန်း ဖွင့်လှစ်သင်ကြားနေမှု စစ်ဆေး
ဟင်္သာတ မြို့နယ်၌ အဆင့်မြင့် အပ်ချုပ်စက်သင်တန်း ဖွင့်လှစ်သင်ကြားနေမှု စစ်ဆေး
Ministry of Cooperatives and Rural Development/ Naypyitaw / May 18, 2026
ဟင်္သာတ မြို့နယ်၌ အဆင့်မြင့် အပ်ချုပ်စက်သင်တန်း ဖွင့်လှစ်သင်ကြားနေမှု စစ်ဆေး
=====================================
ဟင်္သာတ မေ ၁၆
သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတ ခရိုင် ဟင်္သာတမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း များရရှိစေရန်၊ဝင်ငွေတိုး လုပ်ငန်းများ ပိုမိုတွင်ကျယ်စွာ လုပ်ကိုင်လာနိုင်စေရန် နှင့် ကျွမ်းကျင်လုပ်သားများပေါ်ပေါက်စေရန် ရည်ရွယ်၍ ၂၀၂၆ -၂၀၂၇ ခု ဘဏ္ဍာ နှစ် ရက် ၁၀၀ စီမံချက်ဖြင့် အသက်မွေး ဝမ်းကျောင်းအထောက် အကူပြု အဆင့်မြင့် အပ်ချုပ်စက်သင်တန်း ဖွင့်လှစ် သင်ကြားနေမှုအခြေအနေများကို တာဝန်ရှိသူများ မှ ယနေ့နံနက်ပိုင်းအချိန်က ကွင်းဆင်းစစ်ဆေးကြ ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဟင်္သာတမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်း နှင့် ဝန်ထမ်းများမှ အသက်မွေး ဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့် အပ်ချုပ်စက်သင်တန်းဖွင့်လှစ်သင်ကြားနေမှု အခြေ အနေများကို ကြည့်ရှု့စစ်ဆေးကြပြီး နောက် သင်တန်းသူများနှင့်တွေ့ဆုံကာ မိသားစုအတွက်အပိုဝင်ငွေရှာဖွေပေးနိုင်သည်အထိကြိုးစားသင်ယူကြရန်နှင့် အလုပ်အ ကိုင်အခွင့်အလမ်းနှင့် ရင်းနှီးမတည်ငွေများရရှိ ရေးဆောင်ရွက်ပေးမည်အခြေအနေများကို ဆွေး နွေးပြောကြားခဲ့ကြောင်းသိရသည်။
ဟင်္သာတမြို့နယ်၌ နိုင်ငံ တော်ထောက်ပံ့ရန်ပုံငွေကျပ် ၅ ဒဿမ ၄၇၈ သန်းအသုံးပြုပြီး အသက်မွေးဝမ်းကျောင်းအထောက် အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်းကို ဖွင့်လှစ်သင်ကြားနေခြင်းဖြစ်ကြောင်း၊ ဟင်္သာတမြို့နယ် နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ သင်တန်းသူ(၂၀)ဦးတက်ရောက်ကြောင်း၊ အပ်ချုပ်စက်နှင့် ပတ်သက်၍ ကျွမ်းကျင်နည်း ပြဆရာမများက ၂၀၂၆ ခုနှစ် မေလ ၄ ရက်နေ့မှစတင်ပြီး ဇွန်လ ၁၇ ရက်နေ့ အထိ ၄၅ ရက်ကြာ စာတွေ့လက်တွေ့နှစ်မျိုးဖြင့် အခမဲ့သင်ကြားပေးနေခြင်းဖြစ်ကြောင်းသိရသည်။
ဇင်မာ
Newspaper
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 16, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း
Naypyitaw Development Committee / Posted on May 18, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း
ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT) အစီအစဉ် အသိပေး နှိုးဆော်ခြင်း
Ministry of Information / Posted on May 14, 2026
ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT)အစီအစဉ် အသိပေးနှိုးဆော်ခြင်း
လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း
Ministry of Information / Posted on May 14, 2026
လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း
