ဟိုပုံးမြို့၌ ဝင်ငွေတိုးစီမံကိန်းဖြင့် ဒေသထွက် စတော်ဘယ်ရီနှင့် သီနှံအခြေခံ တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်
ဟိုပုံးမြို့၌ ဝင်ငွေတိုးစီမံကိန်းဖြင့် ဒေသထွက် စတော်ဘယ်ရီနှင့် သီနှံအခြေခံ တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်
Ministry of Cooperatives and Rural Development/ Naypyitaw / December 10, 2024
ဟိုပုံး၊ ဒီဇင်ဘာ ၁၀
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန် ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းဖြင့် ဆောင်ရွက်မည့် ဒေသထွက် စတော်ဘယ်ရီနှင့် သီးနှံအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဟိုပုံးမြို့၊ ရန်ကင်းကျေးရွာ၌ ကျင်းပ ပြုလုပ်ပါသည်။
အခမ်းအနားသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး၊ သက်ဆိုင် ရာတာဝန်ရှိသူများ၊ စီမံကိန်းကော်မတီဝင်များ၊ သင်တန်းနည်းပြများ၊ ရပ်မိရပ်ဖများနှင့် သင်တန်းသား များ တက်ရောက်ကြပါသည်။
ဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးက အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များနှင့် ဌာနမှဆောင်ရွက်လျက်ရှိ သည့် စီမံကိန်းလုပ်ငန်းအကြောင်းအား ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
ယခု ဖွင့်လှစ်သော သင်တန်းတွင် သင်တန်းသား (၁၅)ဦးအား ယိုအမျိုးမျိုး (စတော်ဘယ်ရီ၊ ခရမ်းချဉ်သီး၊ သင်္ဘောသီး၊ သံပုရာသီး နှင့် ကျောက်ဖရုံသီး)၊ ဝိုင်အမျိုးမျိုး၊ ဖျော်ရည်အမျိုးမျိုး (စတော် ဘယ်ရီ၊ ဇီးသီး၊ မန်ကျည်းသီး) နှင့် စတော်ဘယ်ရီတော်ဖီ ပြုလုပ်နည်းတို့ကို ကိုယ်ပိုင်လုပ်ငန်းထူထောင် နိုင်သည်အထိ ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ (၇)ရက်ကြာ စာတွေ့၊ လက်တွေ့ သင် ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ် လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား (၅)ဦးအား သတ်မှတ်ချက်များနှင့်အညီရွေးချယ်ပြီး လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရပါ သည်။
Newspaper
၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 26, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 26, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 25, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
DownloadAnnouncement
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) တက္ကသိုလ်ဝင်ခွင့်ရရှိသူများစာရင်း (နောက်ဆက်တွဲ) စာရင်းကြေညာခြင်း
Ministry of Cooperatives and Rural Development / Posted on December 24, 2024
အခွန်အယူခံခုံအဖွဲ့ရုံးတွင် လစ်လပ်လျက်ရှိသည့် အငယ်တန်းစာရေးရာထူးနေရာ ခန့်ထားနိုင်ရေးအတွက် လျှောက်လွှာခေါ်ယူခြင်း
Revenue Appellate Tribunal / Posted on December 24, 2024
အငယ်တန်းစာရေးရာထူးနေရာအတွက် အတည်ပြုခန့်ထားသူစာရင်း ထုတ်ပြန်ကြေညာခြင်း
Revenue Appellate Tribunal / Posted on December 24, 2024
အငယ်တန်းစာရေးရာထူးနေရာအတွက် အတည်ပြုခန့်ထားသူစာရင်း ထုတ်ပြန်ကြေညာခြင်း