အကောက်ခွန်ဦးစီးဌာနက မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း လုပ်ငန်းများ အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးကြေညာချက်
အကောက်ခွန်ဦးစီးဌာနက မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း လုပ်ငန်းများ အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးကြေညာချက်
Ministry of Information/ Naypyitaw / April 05, 2026
- အကောက်ခွန်ဦးစီးဌာနသည် မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း အကောက်ခွန်လုပ်ငန်းများ လွယ်ကူလျင်မြန်စေရေး အလေးထားဆောင်ရွက်လျက်ရှိပါသည်။
- အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများနှင့် အပြည်ပြည်ဆိုင်ရာလေကြောင်းများမှတစ်ဆင့် တင်သွင်း/ တင်ပို့မည့်ကုန်ပစ္စည်းများအား မဟာသင်္ကြန်ရုံးပိတ်ရက်ဖြစ်သော (၁၁-၄-၂၀၂၆)၊ (၁၃-၄-၂၀၂၆)၊ (၁၄-၄-၂၀၂၆) နှင့် (၁၅-၄-၂၀၂၆) ရက်နေ့တို့တွင် ရုံးချိန်ပြည့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
- ထို့ပြင် နိုင်ငံတော်လိုအပ်ချက်အရ အရေးတကြီးတင်သွင်းလာသောပစ္စည်းများ ထုတ်ယူနိုင်ရေးအတွက် ကြိုတင်လျှောက်ထားပါက တင်သွင်း/တင်ပို့ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
- အချိန်ပို (Overtime) ဆောင်ရွက်လိုသော ကုမ္ပဏီများအနေဖြင့် တင်သွင်း/တင်ပို့လိုသော ကုန်ပစ္စည်းများနှင့်ပတ်သက်၍ အကောက်ခွန်ဦးစီးဌာနတွင် ကျသင့်ခွန်နှင့်ပတ်သက်သော Deposit ငွေလုံလောက်စွာ ထားရှိသွားရန်နှင့် အချိန်ပိုလုပ်ငန်းဆောင်ရွက်လိုမှုအား (၁၀-၄-၂၀၂၆) ရက်နေ့၊ (၁၄:၀၀) အချိန်ထက် နောက်မကျဘဲ အကောက်ခွန်ဦးစီးဌာနသို့ လျှောက်ထားရမည် ဖြစ်ပါသည်။
- Asia World ဆိပ်ကမ်းတွင် အကောက်ခွန်လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် မြန်မာနှစ်ဆန်း (၁) ရက်နေ့မှအပ ကျန်ရုံးပိတ်ရက်များတွင် ပို့ကုန် ကုန်သေတ္တာများ စစ်ဆေး တင်ပို့မှုအား အချိန်ပို (Overtime) ဆောင်ရွက်ပေးရန် လျှောက်ထားလာပါက အဆိုင်း (၃) ဆိုင်းဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
- လက်ရှိလုပ်ငန်းဆောင်ရွက်လျက်ရှိသော နယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ မြို့နယ်အကောက်ခွန်ဦးစီးဌာနမှူးရုံးတို့တွင် သင်္ကြန်ကာလအတွင်း ပိတ်ရက် မရှိ လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
- ကုန်ပစ္စည်းများတင်သွင်း/တင်ပို့ရာတွင် အခက်အခဲများရှိပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်-
(က) ညွှန်ကြားရေးမှူး (ထုတ်/သွင်း) - ၀၉-၂၅၀၂၅၄၂၀၈
( ခ ) ညွှန်ကြားရေးမှူး (ကာကွယ်ရေး) - ၀၉-၅၀၆၆၅၆၉
( ဂ ) ဒုတိယညွှန်ကြားရေးမှူး (ထုတ်ကုန်) - ၀၉-၇၈၅၀၅၅၄၅၆
(ဃ) ဒုတိယညွှန်ကြားရေးမှူး (သွင်းကုန်) - ၀၉-၇၈၅၄၁၄၄၃၃
( င ) ဒုတိယညွှန်ကြားရေးမှူး (ကာကွယ်ရေး) - ၀၉-၄၄၅၁၇၉၆၉၈
( စ ) ဒုတိယညွှန်ကြားရေးမှူး (လေဆိပ်) - ၀၉-၅၄၀၈၉၅၇
အကောက်ခွန်ဦးစီးဌာန
Newspaper
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 03, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မဟာဘွဲ့သင်တန်းသားများအတွက် လျှောက်လွှာခေါ်ယူခြင်း
Ministry of Cooperatives and Rural Development / Posted on April 03, 2026
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Ministry of Electric Power / Posted on March 24, 2026
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Ministry of Information / Posted on March 27, 2026
