အကျဉ်းထောင်/စခန်းအသီသီးတွင် ပြင်ပကျန်းမာရေးအဖွဲ့များမှ ကျန်းမာရေးစစ်ဆေးကုသစောင့်ရှောက်ပေးမှုနှင့် အကျဉ်းထောင်ဆရာဝန်များမှ ကျန်းမာရေးအသိပညာပေးဟောပြောပွဲများ ကျင်းပ
အကျဉ်းထောင်/စခန်းအသီသီးတွင် ပြင်ပကျန်းမာရေးအဖွဲ့များမှ ကျန်းမာရေးစစ်ဆေးကုသစောင့်ရှောက်ပေးမှုနှင့် အကျဉ်းထောင်ဆရာဝန်များမှ ကျန်းမာရေးအသိပညာပေးဟောပြောပွဲများ ကျင်းပ
Ministry of Home Affairs/ နေပြည်တော် / October 25, 2025
အကျဉ်းဦးစီးဌာနကွပ်ကဲမှုအောက်ရှိ အကျဉ်းထောင်/စခန်းအသီးသီးတွင် ကျန်းမာရေးဦးစီးဌာနနှင့် ပြင်ပကျန်းမာရေးအဖွဲ့များပူးပေါင်း၍ လစဉ် ကျန်းမာရေးစစ် ဆေးကုသပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်မှ ၂၂ ရက်ထိ ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်ရှိ (ထီးခမ်း၊ ဘန်းကန်)စိုက်ပျိုးမွေးမြူရေးနှင့်အသက်မွေးမှုအတတ်သင်စခန်းများနှင့် တောင်ကြီးမြို့နယ်ရှိ တောင်လေးလုံး စိုက်ပျိုးမွေးမြူရေးနှင့်အသက်မွေးမှုအတတ်သင်စခန်းတို့မှ အကျဉ်းသား ၆၀၇ ဦးကို ရှမ်းပြည်နယ်တီဘီတိုက်ဖျက်ရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ အိအိချော ဦးဆောင်သော အဖွဲ့ဝင် ၁၀ ဦးတို့သည် သလိပ်စစ်ဆေးခြင်း၊ Digital Portable X-ray စက်ဖြင့် ရင်ခေါင်းတီဘီ ဓာတ်မှန်ရိုက်စစ်ဆေးခြင်း၊ တီဘီရောဂါရှာဖွေကုသခြင်းများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ပါသည်။
အလားတူ အောက်တိုဘာ ၂၁ ရက်တွင် မကွေးဗဟိုအကျဉ်းထောင်မှ အကျဉ်းထောင်ဆေးရုံအုပ် ဒေါက်တာ ဝေဖြိုးကိုမှ အကျဉ်းသား/သူ ၂၁၀ ဦး၊ အချုပ်သား/သူ ၃၃ ဦး၊ စုစုပေါင်း ၂၄၃ ဦးတို့အား ဆီးချိုရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်သည့်အချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များနှင့် ရောဂါဖြစ်ပွားပါက ကုသနိုင်သည့်နည်းလမ်းများအား သိရှိလိုက်နာဆောင်ရွက်နိုင်ရန် ကျန်းမာရေးအသိပညာပေး ဟောပြောပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Newspaper
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက် ၊ အောက်တိုဘာ ၂၅ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၄ရက် ၊ အောက်တိုဘာ ၂၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 24, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
Ministry of Transport and Communications / Posted on October 22, 2025
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
Ministry of Transport and Communications / Posted on October 21, 2025
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
Ministry of Transport and Communications / Posted on October 22, 2025
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
