အကျဉ်းထောင်/စခန်းအသီးသီးတွင် ပြင်ပကျန်းမာရေးအဖွဲ့များမှ ကျန်းမာရေးစစ်ဆေးကုသစောင့်ရှောက် ပေးမှုများနှင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်


Ministry of Home Affairs/ နေပြည်တော် / December 19, 2025


     အကျဉ်းဦးစီးဌာနကွပ်ကဲမှုအောက်ရှိ အကျဉ်းထောင်/စခန်းအသီးသီးတွင် ကျန်းမာရေးဦးစီးဌာန၊ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်များရှိ ကျန်းမာရေးအဖွဲ့များနှင့်ပူး ပေါင်း၍ လစဉ်ကျန်းမာရေးစစ်ဆေးကုသ စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်တွင် ကချင်ပြည်နယ်၊ ပြည်သူ့ကျန်း မာရေးဦးစီးဌာန၊ ပြည်နယ်တီဘီရောဂါတိုက်ဖျက်ရေးဌာန၊ ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ သွယ်သွယ်စိမ်း ဦးဆောင်သော အဖွဲ့ဝင် ၈ ဦးတို့သည် မြစ်ကြီးနားအကျဉ်းထောင်မှ အကျဉ်းသား/အချုပ်သား ၂၆၄ ဦးတို့အား လည်းကောင်း။

     အလားတူ ဒီဇင်ဘာ ၁၂ ရက်တွင် ကယားပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ စည်သူ ဦးဆောင်သော အဖွဲ့ဝင် ၄ ဦးတို့သည် လွိုင်ကော်အကျဉ်း ထောင်မှ အကျဉ်းသား ၁၅၀ ဦးတို့အား လည်းကောင်း။

     အလားတူ ဒီဇင်ဘာ ၁၆ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန် ဦးကွမ်းကျော်ကျော် ဦးဆောင်သော အဖွဲ့ဝင် ၂ ဦး တို့သည် ကသာအကျဉ်းထောင်မှ အကျဉ်းသား/သူ ၁၈ ဦးတို့အား လည်းကောင်း။

     အလားတူ ဒီဇင်ဘာ ၁၂ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ (ခုခံကျ/ကာလသား) ရောဂါ တိုက်ဖျက်ရေးအဖွဲ့မှ ဒေါက်တာ ချမ်းသာဇော် ဦးဆောင်သော အဖွဲ့ဝင် ၅ ဦးတို့သည် ပြည်အကျဉ်းထောင်မှ အကျဉ်းသား/သူ ၅၃၄ ဦး၊ အချုပ်သား/သူ ၁၇ ဦး၊ စုစုပေါင်း ၅၅၁ ဦးတို့အား လည်းကောင်း၊ ဒီဇင်ဘာ ၁၆ ရက်တွင် ပြည်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဇင်ဇင်ဝေမင်း ဦးဆောင်သော အဖွဲ့ဝင် ၂၇ ဦးတို့သည် ပြည်အကျဉ်းထောင်မှ အကျဉ်းသား/သူ ၂၆၅ ဦး၊ အချုပ်သား ၅ ဦး၊ စုစုပေါင်း ၂၇၀ ဦးတို့အား လည်းကောင်း။

     အလားတူ ဒီဇင်ဘာ ၁၂ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆေးရုံကြီးမှ လက်ထောက်ဆရာဝန် ဒေါက် တာ သက်နိုင် ဦးဆောင်သော အဖွဲ့ဝင် ၆ ဦးတို့သည် မန္တလေးဗဟိုအကျဉ်းထောင်မှ အကျဉ်းသား/သူ ၃၇၉ ဦးတို့အား လည်းကောင်း၊ ဒီဇင်ဘာ ၁၂ ရက်တွင် အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း (ဗဟို-မန္တလေးရုံးခွဲ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ အောင်ကျော်စိုး ဦးဆောင်သော အဖွဲ့ဝင် ၈ ဦးတို့သည် ထုံးဘို(၂) ကုန်ထုတ်စခန်းမှ အကျဉ်းသား ၂၇၀ ဦးတို့အား လည်းကောင်း။

     အလားတူ ဒီဇင်ဘာ ၁၇ ရက်တွင် မွန်ပြည်နယ်၊ သထုံခရိုင်ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာ သင်းယုလှိုင် ဦးဆောင်သော အဖွဲ့ဝင် ၈ ဦးတို့သည် သထုံအကျဉ်းထောင်မှ အကျဉ်းသား ၂၉၃ ဦးတို့အား လည်းကောင်း။ 

     အလားတူ ဒီဇင်ဘာ ၁၆ ရက်မှ ဒီဇင်ဘာ ၁၇ ရက်ထိ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာ ဇော်မင်းသိုက် ဦးဆောင်သော အဖွဲ့ဝင် ၁၀ ဦးတို့သည် မြောင်းမြ အကျဉ်းထောင်မှ အကျဉ်းသား/သူ၊ အချုပ်သား/သူ ၂၅၀ ဦးတို့အား လည်းကောင်း ကျန်းမာရေး စစ်ဆေးကုသစောင့်ရှောက်မှုများနှင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Newspaper

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက် ၊ ဒီဇင်ဘာ ၂၀ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ December 20, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက် ၊ ဒီဇင်ဘာ ၁၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 19, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လကွယ်နေ့ ၊ ဒီဇင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 18, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

Announcement

နေပြည်တော်ကောင်စီဝင် ခန့်အပ်တာဝန်ပေးခြင်း

Ministry of Information / Posted on December 18, 2025

နေပြည်တော်ကောင်စီဝင် ခန့်အပ်တာဝန်ပေးခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023