အကျဉ်းထောင်/စခန်းအသီးသီး၌ ပြင်ပကျန်းမာရေးအဖွဲ့များမှ ကျန်းမာရေးစောင့်ရှောက်ပေးမှုများ ပြုလုပ်

Ministry of Home Affairs/ နေပြည်တော် / January 10, 2026

      အကျဉ်းဦးစီးဌာနကွပ်ကဲမှုအောက်ရှိ အကျဉ်းထောင်/စခန်းအသီးသီး၌ ကျန်းမာရေးဦးစီးဌာန၊ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်များရှိ ကျန်းမာရေးအဖွဲ့များနှင့်ပူးပေါင်း၍ လစဉ်ကျန်းမာရေးစောင့်ရှောက် ပေးမှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်ပြည်သူ့ဆေးရုံကြီးမှ ခွဲစိတ်အထူးကုဆရာဝန် ဒေါက်တာ သန့်ဇင် ဦးဆောင်သော အဖွဲ့ဝင် နှစ်ဦးတို့သည် အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား/ အကျဉ်းသူ ၁၂၈ ဦး၊ အချုပ်သား/ အချုပ်သူ ၁၈ ဦး၊ စုစုပေါင်း ၁၄၆ ဦးအား လည်းကောင်း။
      ဇန်နဝါရီ ၅ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ အထွေထွေရောဂါကု ဆေးရုံကြီးမှ လက်ထောက်ဆရာဝန်(ဆေးပညာ) ဒေါက်တာ မင်းခန့်ဆွေ ဦးဆောင်သော အဖွဲ့ဝင် လေးဦးတို့သည် မန္တလေးဗဟိုအကျဉ်းထောင်မှ အကျဉ်းသား/ အကျဉ်းသူ ၁၈၂ ဦး၊ အချုပ်သား ၁ ဦး၊ စုစုပေါင်း ၁၈၃ ဦးအား လည်းကောင်း၊ အလားတူ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ပြည်သူ့ ဆေးရုံကြီးမှ ဒေါက်တာ ဇင်လင်းထိုက်သည် ထားဝယ်အကျဉ်းထောင်မှ အကျဉ်းသား ၄၄ ဦးအား လည်းကောင်း။
      အလားတူ ဇန်နဝါရီ ၆ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ စိတ်ရောဂါကု အထူးကုဆေးရုံကြီးမှ အထူးကုဆရာဝန်(စိတ်) ဒေါက်တာ သီတာဝင်း ဦးဆောင်သော အဖွဲ့ဝင် လေးဦး တို့သည် မန္တလေးဗဟိုအကျဉ်းထောင်မှ အကျဉ်းသား/ အကျဉ်းသူ ၁၀၂  ဦး၊ အချုပ်သား ၂ ဦး၊ စုစုပေါင်း ၁၀၄ ဦးအား လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာ ထွေးနုဝေ ဦးဆောင်သော အဖွဲ့ဝင် လေးဦးတို့သည် ညောင်ဦးအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၄၀ ဦးအား လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာ ဘုန်းတင့်အောင်သည် ကော့သောင်းအကျဉ်းထောင်မှ အကျဉ်းသား ၁၅ ဦး၊ အချုပ်သား ၅ ဦး၊ စုစုပေါင်း ၂၀ ဦးအား လည်းကောင်း ကျန်းမာရေးစောင့်ရှောက်မှုများ အသီးသီးပြုလုပ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Newspaper

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂ​နွေနေ့။

Publisher: မြန်မာ့အလင်း/ January 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စ​နေနေ့။

Publisher: မြန်မာ့အလင်း/ January 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။

Publisher: မြန်မာ့အလင်း/ January 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၁၂-၂၀၂၅)

Ministry of Information / Posted on January 09, 2026

စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းတစ်ပိဿာ ငွေကျပ် ၆၁၀၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

Ministry of Information / Posted on January 09, 2026

စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023