အကြမ်းဖက်အဖျက် ကင်းစင်ရေး ပြည်သူအားလုံး ဝိုင်းဝန်းဆန့်ကျင်
အကြမ်းဖက်အဖျက် ကင်းစင်ရေး ပြည်သူအားလုံး ဝိုင်းဝန်းဆန့်ကျင်
Ministry of Information/ Naypyitaw / February 18, 2026
အများပြည်သူ ကူးသန်းသွားလာရေးနှင့် ကုန်စည်များ သယ်ဆောင်ရောင်းဝယ်ရေးတို့အတွက် အဓိကအားထားအသုံးပြုနေရသည့် မြစ်ကူးတံတားကြီးတစ်စင်းကို အကြမ်းဖက်သောင်းကျန်းသူများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးလိုက်ပြန်ပြီဖြစ်သည်။ ကယားပြည်နယ် ဖားဆောင်းမြို့အနီး ဖားဆောင်း-မယ်စဲ့ - ဘီပီ(၁၃) ကားလမ်းပေါ်တွင်တည်ရှိသော သံလွင်တံတား (ဖားဆောင်း) ကို KNPP ၊ KNDF အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းတွင် ဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်။
တပ်မတော်စစ်ကြောင်းများသည် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ဖားဆောင်းမြို့ကို ပြန်လည်တိုက်ခိုက် ထိန်းချုပ်ရာတွင် တိုက်ပွဲကြီး/ငယ် ၃၁ ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှ လက်နက်မျိုးစုံ ၁၇ လက်၊ အကြမ်းဖက်သမား ရုပ်အလောင်းများနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။ အကြမ်းဖက်သောင်းကျန်းသူများသည် ဖားဆောင်းမြို့ကို ယာယီစိုးမိုးထားစဉ်အတွင်း ဘာသာရေးအဆောက်အအုံများ၊ ကျောင်းများ၊ ဌာနဆိုင်ရာအဆောက်အအုံများ၊ ဆေးရုံဆေးခန်းများ၊ လူနေအိမ်များကို အကာအကွယ်ယူ၍ ဘန်ကာများဆောက်လုပ်ကာ တပ်မတော်စစ်ကြောင်းများကို ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဒေသခံပြည်သူများ၏ အိမ်များနှင့် ဈေးဆိုင်ခန်းများကိုဖောက်ထွင်း၍ တန်ဖိုးကြီးပစ္စည်းများ၊ စားသောက်ကုန်နှင့် အသုံးအဆောင်ပစ္စည်းများကို အဓမ္မယူဆောင်ခြင်း၊ လူနေအိမ်များအကြားနှင့် အများပြည်သူသွားလာသည့် လမ်းများပေါ်တွင် မိုင်းထောင်ခြင်း၊ ပြည်သူကို လူသားတံတိုင်းအဖြစ် အကာအကွယ်ယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းတို့ ပြုလုပ်ခဲ့သည့်အပြင် ဘော်လခဲ-ထူးချောင်း-ဖားဆောင်း ဆက်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ထူးချောင်းတံတားကိုလည်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည်။
ယခုအခါ NUG ၊ CRPH အကြမ်းဖက်အဖွဲ့များနှင့် ၎င်းတို့၏ လက်အောက်ခံ PDF အကြမ်းဖက်များ၊ ဒေသအလိုက် လှုပ်ရှားနေကြသည့် လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များမှာ တစ်စတစ်စ ပြိုကွဲပျက်စီးလျက်ရှိနေပြီး ခေါင်းဆောင်ပိုင်းများက ကိုယ်ကျိုးရှာမှုများ၊ အထက်အောက်ခွဲခြားမှု၊ အာဏာပြမှုများ၊ ဒေသခံပြည်သူများအပေါ် အနိုင်ကျင့်ဖိစီးမှုများ၊ လက်နက်အားကိုး ကျူးလွန်စော်ကားမှုများ စသည်တို့ကို ခံစားကြရသူများက လူမှုကွန်ရက်မီဒီယာများတွင် ထုတ်ဖော်ပြသလာကြသည်ကို အများအပြားတွေ့နေကြရသည်။ ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို စိတ်ကုန်လာကြသည့် အဖွဲ့ဝင်အများအပြားတို့မှာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသည့်အပြင် အကြောင်းကြောင်းကြောင့် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအတွင်း ရောက်ရှိနေကြသူ အများအပြားတို့မှာလည်း အမှောင်မှသည် အလင်းသို့ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိနေကြကြောင်း ကြားသိရသည်။
နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဖေဖော်ဝါရီ ၁၅ ရက်က စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့တွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပြောကြားရာတွင် “ နိုင်ငံအတွင်း ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးဖိတ်ခေါ်မှုများကို အမြဲမပြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသတည်ငြိမ် အေးချမ်းရေးကို ပျက်စီးအောင် လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်အဖွဲ့များမရှိစေရေး အားလုံးဝိုင်းဝန်း ဆန့်ကျင်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်တိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း” ထည့်သွင်းဆွေးနွေးပြောကြားခဲ့သည်။ သို့ဖြစ်ရာ နိုင်ငံတော်သည် တစ်ဖက်တွင် ငြိမ်းချမ်းရေးအတွက် အမြဲမပြတ် ဖိတ်ခေါ်နေသည့်နည်းတူ တစ်ဖက်တွင်လည်း အကြမ်းဖက်သောင်းကျန်းမှုနှိမ်နင်းရေးကို နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှုရရှိသည်အထိ ပြည်သူလူထုနှင့်လက်တွဲ၍ ဆောင်ရွက်သွားမည်သာဖြစ်သည်။
မကြာမြင့်မီကာလအတွင်း မိမိတို့နိုင်ငံတွင် ဒီမိုကရေစီစနစ်နှင့်အညီ လွှတ်တော်များနှင့် အစိုးရအဖွဲ့တို့ ပေါ်ပေါက်လာတော့မည်ဖြစ်သည်။ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိလာခြင်းအားဖြင့် နိုင်ငံရေးအရ လိုလားချက်များ၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလိုလားချက်များ စသည်တို့ကို လွှတ်တော်တွင်း နိုင်ငံရေးလမ်းကြောင်းမှ ဂုဏ်သိက္ခာရှိစွာ၊ သွေးထွက်သံယိုကင်းပြီး ငြိမ်းချမ်းစွာဆောင်ရွက်နိုင်ကြပြီဖြစ်သည်။
ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် အဓိကလိုအပ်သည့်အရာမှာ တည်ငြိမ်အေးချမ်းမှုပင်ဖြစ်ရာ အကြမ်းဖက်အဖျက်သောင်းကျန်းမှုများ ချုပ်ငြိမ်းဖို့လိုသည်။ ဒေသအတွင်း အကြမ်းဖက်အဖျက်သမားများ တည်ရှိနေခြင်းသည် ဒေသအတွက် ဆုတ်ယုတ် ပျက်စီးမှုကိုသာဖြစ်ပေါ်စေရာ မိမိတို့ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ ဖော်ဆောင်နိုင်ရန်အတွက် အကြမ်းဖက်အဖျက်ကင်းစင်ရေး ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ကြရပါမည့်အကြောင်း။ ။
Newspaper
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 18, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 17, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 16, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
DownloadAnnouncement
အထူးကျေးဇူးတင်ရှိကြောင်း အသိပေးထုတ်ပြန်ချက်
Ministry of Information / Posted on February 11, 2026
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ အပိုင်းလိုက်ကျင်းပပြုလုပ်ခဲ့ရာ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲတစ်ရပ်အဖြစ် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါသည်။
တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမည်စာရင်းကြေညာခြင်း
Ministry of Information / Posted on February 11, 2026
တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမည်စာရင်းကြေညာခြင်း
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းနှင့် သတင်းအေဂျင်စီလုပ်ငန်းလုပ်ကိုင်သူများ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် အသစ်လဲလှယ်ရန် အသိပေးကြေညာခြင်း
Ministry of Information / Posted on February 11, 2026
၁။ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေများ ထွက်ရှိသည့် ၁၀-၁၀-၂၀၁၄ ရက်နေ့မှစ၍ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ်များအား ၅ နှစ် သက်တမ်းခွင့်ပြုပေးခဲ့ပါသည်။
