အခက်အခဲစိန်ခေါ်မှုများကျော်လွှား နားလည်မှုဖြင့် ပူးပေါင်းဆောင်ရွက်


Ministry of Information/ Naypyitaw / March 25, 2026
image_latest


လက်ရှိကာလတွင် မြန်မာနိုင်ငံရှိ ပြည်သူများအနေဖြင့် အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပေါ်နေသော ပဋိပက္ခများကြောင့် နိုင်ငံတကာရိုက်ခတ်မှုကို အနည်းနှင့် အများဆိုသလို ကြုံတွေ့ခံစားနေကြရသည်။ အထူးသဖြင့် စက်သုံးဆီပြဿနာကြောင့် မော်တော်ယာဉ်သုံးစွဲသူများကြားတွင် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်။ အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ဖြစ်ပေါ်လာနိုင်သည့် စက်သုံးဆီရှားပါးမှုကို ကြိုတင်ကာကွယ်ရန်ရည်ရွယ်၍ နိုင်ငံတော်အနေဖြင့် နည်းလမ်းအမျိုးမျိုးကို မဖြစ်မနေ ဆောင်ရွက်ခဲ့ရသည်။

ဦးစွာ “စုံ၊ မ”ယာဉ်သုံးစွဲသည့်စနစ်ဖြင့် မော်တော်ယာဉ်သုံးစွဲမှုနှင့် စက်သုံးဆီဝယ်ယူသည့်စနစ်များကို သတ်မှတ်ကြေညာခဲ့သည်။ ထိုသို့သတ်မှတ်ကြေညာခဲ့သည့်နည်းတူ နိုင်ငံတော်အစိုးရအနေဖြင့် စက်သုံးဆီတင်သွင်းရရှိရေးကို နည်းလမ်းမျိုးစုံဖြင့် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ လက်ရှိတွင် လုံလောက်သော အရန်စက်သုံးဆီရှိသော်လည်း အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သော စွမ်းအင်ဆိုင်ရာ စိန်ခေါ်မှုများအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် စက်သုံးဆီသုံးစွဲမှုကို ချွေတာလျှော့ချနိုင်ရန်ရည်ရွယ်ကာ အစိုးရရုံးဌာနများမှ အရာထမ်း၊ အမှုထမ်းများ အနေဖြင့် သက်ဆိုင်ရာရုံးဌာနများသို့ သွားရောက်လုပ်ကိုင်ခြင်းမပြုဘဲ မိမိနေထိုင်ရာ နေအိမ်၊ အဆောက်အအုံများတွင်သာ ရုံးလုပ်ငန်းဆောင်ရွက်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများဆောင်ရွက်ခြင်းကို ၂၀၂၆ ခုနှစ် မတ်လ ၂၅ ရက်(ယနေ့)မှစတင်၍ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဆောင်ရွက်သွားကြရန် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က မတ် ၂၂ ရက်နေ့က အသိပေးထုတ်ပြန်ခဲ့သည်။ ထိုသို့သတ်မှတ်ကြေညာခြင်းသည် စက်သုံးဆီကို ချွေတာရန်ဖြစ်သည့်အားလျော်စွာ အစိုးရရုံးဌာနများမှ အရာထမ်း၊ အမှုထမ်းများအနေဖြင့် အဆိုပါရက်တွင် တာဝန်မှအပ ခရီးသွားလာခြင်း မပြုလုပ်ရန်နှင့် ယာဉ်သုံးစွဲမှုမပြုလုပ်ကြရန် လိုအပ်ပါသည်။ ပုဂ္ဂလိကအလုပ်ဌာနများ အနေဖြင့်လည်း အစိုးရရုံးဌာနများနည်းတူ work from home ကဲ့သို့ လုပ်ဆောင်မှုမျိုးဖြင့် အတတ်နိုင်ဆုံး ပါဝင်ဆောင်ရွက်ကြရန် မေတ္တာရပ်ခံပါသည်။

အဆိုပါ work from home အစီအစဉ်ကို လက်ရှိတွင် အိမ်နီးချင်းနိုင်ငံအချို့ တွင်လည်း ကျင့်သုံးလျက်ရှိသည်။ မြန်မာနိုင်ငံတွင် အစိုးရရုံးဌာနများ၌ အသုံးပြု လျက်ရှိသည့် သောင်းနှင့်ချီသော ယာဉ်များအနေဖြင့် တစ်ရက်တာသုံးစွဲမှုဆိုင်းငံ့ လိုက်ခြင်းအားဖြင့် စက်သုံးဆီပမာဏများစွာ အပိုအလျှံထွက်လာပြီး စက်သုံးဆီခြိုးခြံချွေတာရေးကို ထိရောက်စွာ အထောက်အကူပြုနိုင်မည်ဖြစ်သည်။ အလားတူ ပုဂ္ဂလိကကိုယ်ပိုင်ယာဉ်များအနေဖြင့်လည်း လိုလျှင်သုံး၊ မလိုလျှင် စက်သုံးဆီကို မသုံးစွဲဘဲ ပါဝင်ကူညီဆောင်ရွက်ခြင်းအားဖြင့် စက်သုံးဆီလိုအပ်ချက်ကို အထောက်အကူပြုဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။ အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပေါ်လျက်ရှိသော စစ်ရေးပဋိပက္ခကြောင့် နိုင်ငံအတွင်း စက်သုံးဆီသုံးစွဲမှု အခက်အခဲမဖြစ်ပေါ်စေရေး စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စောင့်ကြည့်၊ ကြပ်မတ်၊ ထိန်းကျောင်းမှုများကို ဆောင်ရွက်လျက်ရှိသည်။

မတ်လ ၁၂ ရက်နေ့တွင် မော်တော်ယာဉ်များအတွက် Bar Code အား ဖတ်ခြင်း၊ ဆိုင်ကယ်များအတွက် QR Code ထုတ်ပေးခြင်းစနစ်ကို စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပြီး တွေ့ကြုံရသည့် အခက်အခဲများအပေါ်မူတည်၍ သက်ဆိုင်ရာဌာနများအနေဖြင့် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးနေသကဲ့သို့ ပြည်သူ လူထုအနေဖြင့်လည်း နားလည်မှုရှိစွာ ပူးပေါင်းဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။ ယင်းသို့ဆောင်ရွက်နေစဉ်အတွင်း စက်သုံးဆီအရောင်းဆိုင်များသို့ ညွှန်ကြားချက်များ ထုတ်ပြန်ပြီး လိုက်နာဆောင်ရွက်ရန် စစ်ဆေးကြပ်မတ်လျက်ရှိသည်။ ပြည်သူလူထုအနေဖြင့် တိကျစွာ တိုင်ကြားလာမှုများအပေါ်တွင် သက်ဆိုင်ရာအရောင်းဆိုင်များကို သွားရောက်စစ်ဆေးပြီး စည်းကမ်းမလိုက်နာသူများအား ရောင်းချခွင့်လိုင်စင် ပိတ်သိမ်းခဲ့သည်။

စက်သုံးဆီဝယ်ယူရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် ယာဉ်၏ စက်စွမ်းအားအပေါ်မူတည်၍ တစ်ပတ်အတွင်း ဝယ်ယူခွင့်ရှိသည့် ပမာဏကို သတ်မှတ်ပြီး တစ်ပတ်အတွင်း တစ်ကြိမ်တည်းဖြစ်စေ၊ အများဆုံး နှစ်ကြိမ်ခွဲ၍ဖြစ်စေ ဝယ်ယူနိုင်မည့်စနစ်ကို Bar Code ၊ QR Code စနစ်အတွင်း ထည့်သွင်း၍ လာမည့် ရက်သတ္တပတ်အတွင်း စတင်ဆောင်ရွက်သွားမည်ဟု သိရသည်။ နိုင်ငံတော်က စက်သုံးဆီဖူလုံမှု ရက် ၅၀ စာ သိုလှောင်ထားရှိပြီးဖြစ်သည့်အပြင် ပုံမှန်တင်သွင်း နေသည့် လမ်းကြောင်းများအပြင် အခြားလမ်းကြောင်းများမှလည်း တင်သွင်းနိုင်ရန် ချိတ်ဆက်ဆောင်ရွက်ထားမှုများရှိပြီးဖြစ်၍ ပြည်သူလူထုအနေဖြင့် စိုးရိမ်ကြောင့်ကြပြီး မလိုအပ်ဘဲ ဝယ်ယူမှုပြုလုပ်ခြင်း၊ စက်သုံးဆီရောင်းချခြင်းနှင့်စပ်လျဉ်း၍ မမှန်ကန်မှုများ တွေ့ရှိရပါက သက်ဆိုင်ရာဖုန်းနံပါတ်များသို့ ဆက်သွယ်၍ တိကျစွာတိုင်ကြားမှုများပြုလုပ်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြပါရန် အသိပေး မေတ္တာရပ်ခံအပ်ပါကြောင်း။ ။

Newspaper

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ မတ် ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ မတ် ၂၃ ရက်၊ တနင်္လာနေ့


Publisher: မြန်မာ့အလင်း/ March 23, 2026

Publication Date: 2026

Page: ၃၂

Language: မြန်မာ

Download

Announcement

အခွန်အယူခံခုံအဖွဲ့က (၃၁-၃-၂၀၂၆) ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

Revenue Appellate Tribunal / Posted on March 24, 2026

အခွန်အယူခံခုံအဖွဲ့က (၃၁-၃-၂၀၂၆) ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပေါ်နေသည့် စစ်ရေးပဋိပက္ခကြောင့် မိမိတို့နိုင်ငံတွင် စက်သုံးဆီသုံးစွဲမှု အခက်အခဲမဖြစ်ပေါ်စေရေး ပူးပေါင်းဆောင်ရွက်ကြပါရန် အသိပေးထုတ်ပြန်ချက်

Ministry of Information / Posted on March 22, 2026

အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပေါ်လျက်ရှိသည့် စစ်ရေးပဋိပက္ခကြောင့် မိမိတို့နိုင်ငံအတွင်း စက်သုံးဆီသုံးစွဲမှု အခက်အခဲမဖြစ်ပေါ်စေရေး စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စောင့်ကြည့်၊ ကြပ်မတ်၊ ထိန်းကျောင်းမှုများ ဆောင်ရွက်လျက်ရှိပါသည်။

အပတ်စဉ်ဗုဒ္ဓဟူးနေ့အား အစိုးရရုံးဌာနများ၏ ရုံးလုပ်ငန်းများကို နေအိမ်မှသာဆောင်ရွက်ကြရန် သတ်မှတ်ကြေညာ

Ministry of Information / Posted on March 22, 2026

၁။ အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ဖြစ်ပေါ်လာနိုင်သည့် စက်သုံးဆီရှားပါးမှုကို ကြိုတင်ကာကွယ်ရန်ရည်ရွယ်၍ စုံ ၊ မ ယာဉ်သုံးစွဲသည့်စနစ်နှင့် စက်သုံးဆီဝယ်ယူသည့်စနစ်တို့ကို သတ်မှတ်ကြေညာခဲ့ပြီးဖြစ်ပါသည်။ ထိုသို့ သတ်မှတ်ကြေညာခဲ့သည့်နည်းတူ နိုင်ငံတော်အစိုးရအနေဖြင့်လည်း စက်သုံးဆီတင်သွင်းရရှိရေးကို နည်းလမ်းမျိုးစုံဖြင့် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိတွင် လုံလောက်သော...

Video