အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲကျင်းပ


Ministry of Cooperatives and Rural Development/ Naypyitaw / December 30, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၂၉

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဌာနခွဲများမှ ဝန်ထမ်းများ ကွန်ပျူတာအသုံးပြုခြင်း အခြေခံတတ်မြောက်ရန်နှင့် ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမို ထိရောက် စနစ်တကျရှိစေပြီး ဝန်ထမ်းတစ်ဦးချင်း လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားစေရေး အတွက် အခြေခံကွန်ပျူတာသင်တန်းအား (၂၉-၁၂-၂၀၂၅ မှ ၁၂-၂-၂၀၂၆ ထိ) ရက်သတ္တပတ် (၆) ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ပြည်ထောင်စု ဝန်ကြီးရုံး၊ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဇော်မင်းထွဋ်၊ သင်တန်း နည်းပြ ဆရာ/ဆရာမများနှင့် သင်တန်းသူ/သား စုစုပေါင်း (၂၀) ဦး တက်ရောက်ကြသည်။

ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဇော်မင်းထွဋ်က အမှာစကားပြောကြားရာတွင် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ပေးရန်၊ ကွန်ပျူတာအသုံးပြုပြီး ရုံးလုပ်ငန်းများ ဆောင်ရွက် ရာတွင် ပိုမိုစနစ်တကျရှိစေရန်နှင့် ခေတ်နှင့်အညီ ရင်ဘောင်တန်းနိုင်သော လူ့စွမ်းအားအရင်း အမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်တို့အတွက်ရည်ရွယ်ပြီး သင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းတွင် သင်ကြားပေးမည့် Microsoft Word , Excel , Power Point စသည့် ဘာသာရပ် များကို ကျွမ်းကျင်စွာတတ်မြောက်ခြင်းဖြင့် လက်တွေ့ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အချိန် ကုန်သက်သာစေခြင်း၊ ပိုမိုမြန်ဆန်မှန်ကန်လာနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာနိုင်မည် ဖြစ်ပါကြောင်း၊ ဆက်လက်၍ သင်တန်းသူ/သားများအနေဖြင့် တစ်ဦးချင်း လိုအပ်ချက်အရဖြစ်စေ၊ ဌာနအတွက် လုပ်ငန်းလိုအပ်ချက်အရဖြစ်စေ၊ ကျွမ်းကျင်မှုအရည်အချင်း ပြည့်ဝစွာဖြင့် လုပ်ငန်း စွမ်းဆောင်ရည် မြင့်မားရေးအတွက် သင်တန်းချိန်မှန်ကန်စွာ တက်ရောက်ရန်၊ သင်တန်းဆရာမ များ၏ သင်ကြားပို့ချမှုများအား စနစ်တကျ ကြိုးစားသင်ယူလေ့လာ၍ ရရှိတဲ့အသိပညာတွေကို မိမိတို့၏ ကိုယ်ရည်ကိုယ်သွေးတိုးတက်ရန်နှင့် ဌာန၏အကျိုးအတွက် ထိရောက်စွာ ပြန်လည် အသုံးချနိုင်ရန်တို့အတွက် ကြိုးစားသင်ယူသွားကြဖို့ လိုအပ်ကြောင်း ပြောကြားသည်။

နိဂုံးချုပ်အနေဖြင့် သင်တန်းသူ/သားများ လိုက်နာရန်စည်းကမ်းချက်များနှင့် ထားရှိရမည့် စိတ်ထားများအား အသေးစိတ်ရှင်းလင်းပြောကြားပြီး သင်တန်းမှသင်ကြားပေးမည့် ကွန်ပျူတာ ပညာရပ်များကို စိတ်ပါဝင်စားစွာသင်ယူရန်၊ အမှန်တကယ် တတ်ကျွမ်းမှုရှိစေရေး လက်တွေ့ 

Newspaper

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၃၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက် ၊ ဒီဇင်ဘာ ၂၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက် ၊ ဒီဇင်ဘာ ၂၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ December 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

Ministry of Information / Posted on December 28, 2025

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

Ministry of Information / Posted on December 28, 2025

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

ရှမ်းပြည်နယ်အတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

Ministry of Information / Posted on December 28, 2025

ရှမ်းပြည်နယ်အတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023