အင်ဂျင်နီယာမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနား
အင်ဂျင်နီယာမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနား
Ministry of Cooperatives and Rural Development/ Naypyitaw / January 22, 2025
နေပြည်တော် ဇန်နဝါရီ ၂၀
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ အင်ဂျင်နီယာမွမ်းမံသင်တန်း(၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို (၂၀-၁-၂၀၂၅)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ စစ်ဆေးရေးအရာရှိချုပ်၊ အင်ဂျင်နီယာချုပ်(မြို့ပြ)များ၊ ညွှန်ကြားရေးမှူးများ၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်မှ သင်တန်းတက်ရောက်ကြမည့် သင်တန်းသား/သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်က သင်တန်းဖွင့်အမှာစကား ပြောကြားရာ သင်တန်းသား/သူများအနေဖြင့် သင်တန်းမှ သင်ကြားပို့ချပေးမည့် ဘာသာရပ်များနှင့်ပတ်သက်၍ အလေးအနက်လိုက်နာမှတ်သား သင်ယူကြရန်၊ မိမိတို့လုပ်ငန်းခွင်သို့ ပြန်လည်ရောက်ရှိသည့်အခါ သင်တန်းမှ သင်ကြားပို့ချပေးလိုက်သည်များကို လက်တွေ့ကျကျ အကျိုးရှိရှိ/ထိထိရောက်ရောက် ပြန်လည်အသုံးချရမည်ဖြစ်ကြောင်း၊ မိမိတို့ ဦးစီးဌာနမှ ချမှတ်ထားသော ကျင့်ဝတ်နှင့်တန်ဖိုးကို လေးစားလိုက်နာ၍ ကျေးလက်နေပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေးအဆင်ပြေစေရန် ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ သင်တန်းတက်ရောက်ကြသည့် သင်တန်းသား/သူ တစ်ဦးချင်းမှ မိတ်ဆက်စကား ပြောကြားပြီးနောက် သင်တန်းဖွင့်ပွဲ အမှတ်တရ မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
အဆိုပါသင်တန်းကို (၂၀-၁-၂၀၂၅)ရက် နေ့မှ (၂၈-၁-၂၀၂၅)ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းသား/သူ (၄၀)ဦးတက်ရောက်ကြကြောင်း သိရှိရပါသည်။
Newspaper
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ January 22, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ အင်္ဂါနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ January 19, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
DownloadAnnouncement
သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ပြင်ပမှ ခေါ်ယူသော အငယ်တန်းစာရေး၊ စာရင်းကိုင်-၄၊ စာပေလက်ထောက်-၄၊ ပြတိုက်လက်ထောက်-၄ ရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲအောင်မြင်သူများစာရင်းနှင့် ရုံးအကူစာပို့၊ လုပ်သား(ဆွမ်းချက်)၊ လုပ်သား(ဆွမ်းပြင်)ရာထူးနေရာများအတွက် လူတွေ့ဖြေဆိုခွင့်ရရှိသူများစာရင်း ကြော်ငြာခြင်း
Ministry of Religious Affairs & Culture / Posted on January 22, 2025
ဒုတိယဦးစီးမှူးအဆင့် ရာထူး(၁၆)နေရာအတွက် လူတွေ့(နှုတ်ဖြေ) ဖြေဆိုရမည့်သူများ၏ ခုံအမှတ်စာရင်း ထုတ်ပြန်ခြင်း
Ministry of Ethnic Affairs / Posted on January 21, 2025
ဒုတိယဦးစီးမှူးအဆင့် ရာထူး(၁၆)နေရာအတွက် လူတွေ့(နှုတ်ဖြေ) ဖြေဆိုရမည့်သူများ၏ ခုံအမှတ်စာရင်း ထုတ်ပြန်ခြင်း
နေပြည်တော်ကောင်စီဝင် ခန့်အပ်တာဝန်ပေးခြင်း
Ministry of Information / Posted on January 20, 2025
နေပြည်တော်ကောင်စီဝင် ခန့်အပ်တာဝန်ပေးခြင်း