အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ)မောင်မယ်သစ်လွင်ကြိုဆို


Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / January 23, 2025


ဘားအံ - ဇန်နဝါရီ  (၂၃)

ကရင်ပြည်နယ်အတွင်း အမှန်တကယ်အသုံးချရန် လိုအပ်နေသည့် နည်းပညာနှင့်သက်မွေးပညာသင်တန်းများ ကို သင်ယူနိုင်ရန် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဖွင့်လှစ်ပေးခဲ့သော အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ)၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက် ၉ နာရီက အဆိုပါသိပ္ပံ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ)တွင် A.G.T.I(၃)နှစ်ဒီပလိုမာသင်တန်းများဖြစ်သော မြို့ပြအင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာနှင့် စက်မှုအင်ဂျင်နီယာသင်တန်းများကို စတင်ဖွင့်လှစ်သင်ကြားပေးနေပြီး မောင်မယ်သစ်လွင် ၆၉ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မိမိတို့ ရွေးချယ်ထားသည့် ဘာသာရပ်အသီးသီးတွင် ကျွမ်းကျင်ပညာရှင်များဖြစ်အောင် မိမိ၏မျှော်မှန်းချက်များအကောင်အ ထည်ဖော်အောင်မြင်ရန်အတွက် သက်ဆိုင်ရာပညာရပ်များကိုကြိုးစားသင်ယူ၍ ပြောင်းလဲတိုးတက်နေသည့် နည်းပညာရပ်များကို အမြဲမပြတ်လေ့လာဆည်းပူးရင်း ထူးချွန်ထက်မြတ်သည့် နိုင်ငံ့သားကောင်း၊သမီးကောင်း ပညာရှင်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကျောင်းအုပ်ဆရာမကြီးက ကြိုဆိုဝမ်းမြောက်ကြောင်းနှင့် သင်ကြားသင်ယူမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး မောင်မယ်သစ်လွင်ကျောင်းသား၊ကျောင်းသူများက တိုင်းရင်းသားတို့၏ရိုးရာယဉ်ကျေးမှုအကအလှ များဖြင့် သီဆိုကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တက်ရောက်လာသူများက ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ကြကာ ပြည်နယ်ဝန်ကြီး ချုပ်က လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့်နှစ်သိမ့်ဆု(၃)ဆု ရရှိကြသူ များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။

ယင်းနောက် မောင်မယ်သစ်လွင်များကိုယ်စား ပထမနှစ်ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မောင်မယ်သစ်လွင်ကျောင်းသား၊ကျောင်းသူများအား ရင်းနှီးနွေးထွေးစွာတစ်ဦးချင်းတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ)၏ မောင်မယ်သစ်လွင် အဆောင်နေ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ဆရာမများနှင့်အတူ စားရိပ်သာခန်းမ၌ အထူးနေ့လည်စာစားပွဲကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က နောင်တစ်ချိန်တွင် တိုင်းပြည်မှအားကိုးအားထားပြုရမည့် အင်ဂျင်နီယာပညာရှင်ကြီးများ ဖြစ်လာကြမည့် မောင်မယ်တို့ကို အလေးထားသည့်အတွက် ယခုကဲ့သို့အထူးနေ့လည်စာကိုအတူတကွလာရောက်သုံး ဆောင်ခြင်းဖြစ်ပြီး ကိုယ်ကျင့်တရားကောင်းမွန်၍ ဗလငါးတန်ပြည့်စုံအားကောင်းသည့် လူငယ်များ၊ အမိစက်မှုလက်မှု သိပ္ပံက ဂုဏ်ယူရသူများဖြစ်အောင်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ဆင့်ကမ်းတာဝန်များကို ထမ်းရွက်နိုင် ရန် ကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောကြားကာ အထူးနေ့လည်စာအတွက် ငွေကျပ် လေးသိန်းသုံးသောင်းကို ကျောင်းအုပ်ဆရာမကြီးထံ ချီးမြှင့်ပေးအပ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ)ရှိ ဆရာ၊ဆရာမများ၊ အဆောင်နေကျောင်းသား၊ ကျောင်းသူများနှင့်အတူ အထူးနေ့လည်စာကို သုံးဆောင်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆရာ၊ဆရာမ၊ ကျောင်းသား၊ကျောင်းသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။

ဆက်လက်၍ ကရင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏(၁/၂၀၂၅)အစည်းအဝေးကို မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပရာ ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်အတွင်းရှိ ခရီးစဉ်ဒေသများလုံခြုံရေး၊ သန့်ရှင်းသာယာလှပရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေး၊ စိမ်းလန်းစိုပြေရေး၊ ခရီးစဉ်ဒေသအသစ်များရှာဖွေဖော်ထုတ်နိုင်ရေးနှင့် ခရီးသွားများ သွားလာတည်းခိုနေထိုင်စားသောက်ရေး အဆင်ပြေစေရန် ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားပြီး ဒုတိယဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်က ပြည်နယ်၏ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။

ထို့နောက် ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးဦးသက်လင်းက ယခင်အပတ်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက် ပြီးစီးမှုအခြေအနေများ၊ (၁/၂၀၂၅)အစည်းအဝေးတွင် ဒေသကော်မတီမှလုပ်ကိုင်ဆောင်ရွက်နေမှုများနှင့် ဆုံးဖြတ်အ တည်ပြုရမည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး ဘားအံခရိုင်ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဆဒ္ဒန်ဂူ၊ ကော့ဂွန်းဂူ၊ ရသေ့ပျံဂူ၊ ကော့ကသောင်ဂူ၊ လွန်းညရေပြာအိုင်၊ ဇွဲကပင်တောင်၊ ကျောက်ကလပ်၊ တောင်ဝိုင်း၊ ကျုံထော်ရေတံခွန်၊ ဖောင်တော်ဦး၊ ပဒုမ္မာဂူ၊ ဘုရင့်ညီဂူ၊ လင်းနို့ဂူ၊ နောင်ခလိုင် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့များက သက်ဆိုင်ရာဒေသများအလိုက် လိုအပ်ချက်များ၊ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့်ကိစ္စရပ်များကို ဆွေးနွေးတင်ပြ ကြရာ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြသည်။

ထိုသို့ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။

 

Newspaper

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၅ ရက် ၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၄ ရက် ၊အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 04, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၃ ရက် ၊တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း

Ministry of Information / Posted on February 04, 2025

တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာန၏ အရပ်ရပ်အခွင့်အရေးလိုင်စင် (၇၀)ခု၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းလုပ်ကိုင်ခွင့်များအား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်း

Naypyitaw Development Committee / Posted on February 04, 2025

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာန၏ အရပ်ရပ်အခွင့်အရေးလိုင်စင် (၇၀)ခု၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းလုပ်ကိုင်ခွင့်များအား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023