အပြစ်ပေးရန် ပျက်ကွက်မှုနှင့် သက်သေအထောက်အထားများ ဖျက်ဆီးမှုဆိုင်ရာ စွပ်စွဲချက်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ ရှေ့နေ Ms. Alina Miron ၏ ချေပ လျှောက်လဲချက်
အပြစ်ပေးရန် ပျက်ကွက်မှုနှင့် သက်သေအထောက်အထားများ ဖျက်ဆီးမှုဆိုင်ရာ စွပ်စွဲချက်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ ရှေ့နေ Ms. Alina Miron ၏ ချေပ လျှောက်လဲချက်
Ministry of Information/ Naypyitaw / January 21, 2026
ဂမ်ဘီယာနိုင်ငံသည် ၎င်း၏ Memorial အခန်း (၁၁) နှင့် Reply အခန်း(၈)တို့တွင် ဖော်ပြခဲ့သော စွပ်စွဲချက်များကို လူမျိုးသုဉ်းသတ်ဖြတ်ရန် ရည်ရွယ်ချက်(genocidal intent)နှင့် သဘောတူစာချုပ်ကို ဖောက်ဖျက်မှုအတွက် သီးခြားတာဝန်ယူရမည့် အခြေခံအကြောင်းရင်းများအဖြစ် စွပ်စွဲထားပါကြောင်း၊ ထိရောက်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ပျက်ကွက်ခြင်းနှင့် သက်သေအထောက်အထားများကို ဖုံးကွယ်ခြင်းတို့သည် အမှန်တကယ် ဖြစ်ပွားခဲ့သည်ဟု ယူဆလျှင်ပင် လက်တွေ့တွင် ထိုသို့မဟုတ်ပါကြောင်း။
ယင်းတို့ကိုယ်တိုင်က ပြစ်မှုကျူးလွန်သည့်လုပ်ရပ် (actus reus) ၏ အစိတ်အပိုင်းမဟုတ်ဘဲ စာချုပ်အရအကာအကွယ်ပေးရမည့်အုပ်စု(protected group) ကို ဖျက်ဆီးခြင်းနှင့် မည်သို့ဆက်စပ်နေသည်ကို ဂမ်ဘီယာက သက်သေပြနိုင်ခြင်းမရှိပါကြောင်း၊ ထို့အပြင် ယင်းအချက်များသည် အရေးကြီးသော အချိန်အခါများတွင် အမှုသွားအမှုလာအရ ရှိခဲ့သည်ဆိုသော protected group ကို ဖျက်ဆီးလိုသည့် သီးခြားရည်ရွယ်ချက် (specific intention) ဖြစ်သည်ဟုလည်း ဂမ်ဘီယာနိုင်ငံအနေဖြင့် သက်သေပြနိုင်ခြင်းမရှိပါကြောင်း၊ ဤကဲ့သို့ တည်ဆောက်ထားသော အယူအဆကို ဂမ်ဘီယာက ကိုးကားထားသော စီရင်ထုံးများအပါအဝင် မည်သည့် အပြည်ပြည်ဆိုင်ရာစီရင်ထုံးကမျှ အတည်ပြုမထားပါကြောင်း၊ ဂမ်ဘီယာက အခိုင်အမာဆိုသကဲ့သို့ "လူမျိုးသုဉ်းသတ်ဖြတ်ရန် ရည်ရွယ်ချက်ရှိကြောင်း ငြင်းပယ်မရသော သက်သေ" မဟုတ်သည့်အပြင် အပြစ်ပေးရန်ပျက်ကွက်မှုနှင့် သက်သေအထောက်အထား ဖျက်ဆီးမှုတို့သည် ဤကိစ္စနှင့် သက်ဆိုင်မှုပင်မရှိပါကြောင်း။
တရားရုံးသည် တစ်ဦးတစ်ယောက်ချင်းစီ၏ ရာဇဝတ်မှုဆိုင်ရာ တာဝန်ရှိမှုအပေါ် စီရင်ပိုင်ခွင့်မရှိခြင်းနှင့် ဂမ်ဘီယာကိုယ်တိုင်က အဆိုပါလုပ်ရပ်များကို မြန်မာ့တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များက ကျူးလွန်သည်ဟု စွပ်စွဲထားခြင်းတို့ကြောင့် ၎င်းအဆိုပြုသော ချဉ်းကပ်ပုံကို တရားရုံးက မည်သို့လက်ခံနိုင်သည်ကို ဂမ်ဘီယာကသက်သေပြနိုင်ခြင်းမရှိပါကြောင်း၊ ဂမ်ဘီယာသည် လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်ခဲ့သည်ဟု သက်သေပြရန် ၎င်း၏တာဝန်ကို ပျက်ကွက်ခဲ့သောကြောင့် အပြစ်ပေးမှုကင်းလွတ်နေခြင်းနှင့် သက်သေအထောက်အထား ဖျက်ဆီးခြင်းဆိုင်ရာစွပ်စွဲချက်များကို စစ်ဆေးရန်ပင်မလိုတော့ပါကြောင်း၊ နှစ်ဖက်အမှုသည်များအနေဖြင့် သဘောတူစာချုပ်အရ အပြစ်ပေးရန်တာဝန်ရှိမှု၏ အတိုင်းအတာနှင့် ပတ်သက်၍ အမြင်ချင်းမတူကြပါကြောင်း၊ တားဆီးရန်တာဝန်ကဲ့သို့ပင် အပြစ်ပေးရန်တာဝန်သည် လုပ်ဆောင်ရမည့်တာဝန် (obligation of conduct) သာဖြစ်ပြီး ဂမ်ဘီယာက ဖော်ပြသကဲ့သို့ ရလဒ်ထွက်ရမည့်တာဝန် (obligation of result) မဟုတ်ပါကြောင်း၊ သဘောတူစာချုပ်တွင် ပါဝင်သည့် အဖွဲ့ဝင်နိုင်ငံများသည် လူမျိုးသုဉ်းသတ်ဖြတ်မှုအတွက် တာဝန်ရှိသူများကို အပြစ်ပေးရန်အတွက် ၎င်းတို့လက်ဝယ်ရှိ သင့်လျော်သော နည်းလမ်းအားလုံးကို အသုံးပြုရန်တာဝန်ရှိပါကြောင်း၊ စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံသည် ဤရည်ရွယ်ချက်အတွက် ၎င်းတွင်ရှိသော အစီအမံများကို အကောင်အထည်ဖော်ရန် သိသာထင်ရှားစွာ ပျက်ကွက်မှသာ တာဝန်ရှိမည်ဖြစ်ပါကြောင်း။
ထို့အပြင် အပြစ်ပေးရန်တာဝန်နှင့် စွပ်စွဲခံရသောလုပ်ရပ်များသည် သဘောတူစာချုပ်၏ အတိုင်းအတာအတွင်း ကျရောက်မှသာ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအပေါ် ကျင့်သုံးနိုင်မည်ဖြစ်ပါကြောင်း၊ ဤသည်မှာ သဘောတူစာချုပ်၏ အကြောင်းအရာဆိုင်ရာအတိုင်းအတာ (ratione materiae)နှင့် ဆက်စပ်နေသော လိုအပ်ချက်တစ်ခုဖြစ်ပါကြောင်း၊ သို့သော် ဂမ်ဘီယာသည် မြန်မာနိုင်ငံအား ယေဘုယျအားဖြင့် "ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သော ပြစ်မှုများ/ရက်စက်ကြမ်းကြုတ်မှုများ"ကို အပြစ်ပေးရန် ပျက်ကွက်သည်ဟူ၍လည်းကောင်း၊ သို့မဟုတ် အထူးသဖြင့် ၂၀၁၆-၂၀၁၇ ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ဆင်ရေးများအတွင်း ကျူးလွန်ခဲ့သော "စစ်ရာဇဝတ်မှုများ"ကို အပြစ်ပေးရန်ပျက်ကွက်သည်ဟူ၍ လည်းကောင်း စွပ်စွဲလေ့ရှိပါကြောင်း၊ သို့သော် သဘောတူစာချုပ်အရ အပြစ်ပေးရန်တာဝန်သည် သဘောတူစာချုပ် အပိုဒ် ၃ တွင် ဖော်ပြထားသော လုပ်ရပ်များနှင့်သာ သက်ဆိုင်သည်ဆိုသည်မှာ ရှင်းလင်းပါကြောင်း၊ အချို့သောပြစ်မှုများသည် အပြစ်ပေးခြင်း မခံရဘဲကျန်ရစ်ခြင်း သို့မဟုတ် ဖုံးကွယ်ခံရခြင်းသည် ယင်းတို့မှာ လူမျိုးသုဉ်းသတ်ဖြတ်မှု မြောက်သည်ဟု မဆိုလိုပါကြောင်း။
ဂမ်ဘီယာသည် ၎င်း၏သက်သေပြရန်တာဝန်ကို မြန်မာနိုင်ငံအပေါ် လွှဲပြောင်းခြင်းဖြင့် မိမိကိုယ်ကိုကင်းလွတ်အောင်မလုပ်နိုင်ပါ။ ထို့ကြောင့် ဂမ်ဘီယာသည် သက်ဆိုင်ရာ သက်သေအထောက်အထားစံနှုန်းများနှင့် ကိုက်ညီရန်ပျက်ကွက်ခဲ့ပါကြောင်း၊ ဂမ်ဘီယာက ကိုးကားထားသော သက်သေအထောက်အထားများသည် "လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ လုပ်ရပ်များကျူးလွန်ကြောင်း ခိုင်လုံသောသက်သေများ" ဖြစ်ရန် အလှမ်းဝေးလှပါကြောင်း။
ဤအမှုတွင် တရားစွဲဆိုမှုမရှိခြင်းသည် တရားစွဲဆိုရန်တာဝန်ကို သိသိသာသာ ဖောက်ဖျက်ခြင်းဖြစ်သည်ဟု ဂမ်ဘီယာကသက်သေပြရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံက တရားစွဲဆိုသင့်သည့် လူပုဂ္ဂိုလ်များမှာ လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟု "သံသယရှိရန် ခိုင်လုံသော အကြောင်းပြချက်များ" ရှိကြောင်း ပြသရန်ဆိုလိုပါကြောင်း၊ ထိုကဲ့သို့သော သက်သေ အထောက်အထားများမရှိခြင်းနှင့် အပြစ်ပေးရန်တာဝန်သည် လုံ့လစိုက်ထုတ်ရမည့်တာဝန်(duty of diligence) ဖြစ်သည်ကို ထောက်ရှုပါက ဂမ်ဘီယာအနေဖြင့် တရားစွဲဆိုရန် သို့မဟုတ် ပြစ်ဒဏ်ချမှတ်ရန် ပျက်ကွက်ခြင်းသည် အလိုအလျောက် (ipso facto)အပြစ်ပေးရန်တာဝန်ကို ဖောက်ဖျက်ခြင်းဖြစ်သည်ဟု မဆိုနိုင်ပါကြောင်း၊ မြန်မာနိုင်ငံသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်ဆင်ရေးများအတွင်း ကျူးလွန်ခဲ့သော လုပ်ရပ်များအတွက် ၎င်း၏လက်နက်ကိုင်တပ်ဖွဲ့ဝင်အချို့ကို တရားစွဲဆိုခဲ့ပြီး အချို့မှာ ထောင်ဒဏ်များ ချမှတ်ခံခဲ့ရပါကြောင်း၊ ထို့ပြင် ဂမ်ဘီယာသည် ဤအရေးယူမှုများကို အရေးမပါ သကဲ့သို့ ပြောဆိုနေသော်လည်း ယင်းတို့ကို အသိအမှတ်ပြုထားပါကြောင်း။
ဂမ်ဘီယာသည် "လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ကြောင်း သက်သေပြမည့် အထောက်အထားများ" ကို ဖျက်ဆီးရန်ရည်ရွယ်ချက်ဖြင့် "ရိုဟင်ဂျာကျေးရွာများ" ကို မီးရှို့ခြင်း သို့မဟုတ် ဘူဒိုဇာများဖြင့် ဖျက်ဆီးခြင်းတို့ကို အဓိကထားရည်ညွှန်း၍ စွပ်စွဲထားပါကြောင်း၊ ပထမဦးစွာ ဤဖြစ်ရပ်မှန်များသည် အမှန်တကယ်ဖြစ်ပွားခဲ့သည်ဟု ယူဆလျှင်ပင် (quod non-မဟုတ်ပါ) မည်သည့်အတွက်ကြောင့် လူမျိုးသုဉ်းသတ်ဖြတ်မှု၏သက်သေဖြစ်နိုင်သည် ဆိုသည်ကို သိရှိလိုပါကြောင်း၊ ယင်းတို့ကိုယ်တိုင်က ပြစ်မှုကျူးလွန်သည့်လုပ်ရပ် (actus reus) သို့မဟုတ် သီးခြားရည်ရွယ်ချက် (dolus specialis) မဟုတ်ပါ။ ဒုတိယအချက်မှာ၊ ဂမ်ဘီယာသည် ၂၀၁၆-၂၀၁၇ ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်ဆင်ရေးအတွင်း ဖြစ်ရပ်များနှင့် နောက်ပိုင်းဖြစ်ရပ်များကို ရောထွေးနေပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် စစ်ဆင်ရေးများအတွင်း နေအိမ်အချို့ဖျက်ဆီးခံရမှုကို လက်ခံသော်လည်း အခြားသော ဖျက်ဆီးမှုများကို ARSA က ကျူးလွန်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ထို့ပြင်ဂမ်ဘီယာ၏စွပ်စွဲချက်နှင့် ကွဲလွဲနေသည့်အချက်မှာ ဖျက်ဆီးမှုများသည်နေရာ အနှံ့အပြားတွင် ဖြစ်ပွားခဲ့ခြင်းမရှိသည့်အချက် ဖြစ်ပါကြောင်း၊ ဂမ်ဘီယာသည် ပထဝီဝင်အနေအထားအရ ယေဘုယျခြုံငုံစွပ်စွဲပြောဆိုနေသဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိဘင်္ဂါလီမွတ်ဆလင်ကျေးရွာ ရာပေါင်းများစွာမှာ ၎င်းစွပ်စွဲနေသကဲ့သို့ ထိခိုက်မှုမရှိခဲ့သည်ကို ထောက်ပြလိုပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် အချက်အလက်ရှာဖွေရေးအဖွဲ့၏ လုပ်ပိုင်ခွင့်ကို အသိအမှတ်ပြုရန် ငြင်းဆိုရခြင်းမှာ ယင်းအဖွဲ့၏ ဘက်မလိုက်မှုအပေါ် သံသယရှိခြင်းကြောင့်ဖြစ်သည်ဟု ရှင်းပြခဲ့ပါကြောင်း၊ အချက်အလက်ရှာဖွေရေးအဖွဲ့ နောက်ပိုင်းထူထောင်ခဲ့သော စုံစမ်းစစ်ဆေးရေး ယန္တရားမှာလည်း ထိုနည်းအတိုင်းပင် ဖြစ်ပါကြောင်း၊ အဆိုပါအဖွဲ့အစည်းများ၏ အစီရင်ခံစာများအပေါ် များစွာမှီခိုနေရသော ဂမ်ဘီယာအနေဖြင့် ယင်းအဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များ အခြေခံထားသည့် စုံစမ်းစစ်ဆေးရေး နည်းလမ်းများအပေါ် မြန်မာနိုင်ငံ၏ စိုးရိမ်ပူပန်မှုများကို အလေးမထားခြင်းမှာ အံ့ဩဖွယ်မရှိပါကြောင်း၊ သို့သော် မြန်မာနိုင်ငံအနေဖြင့် ယင်းတို့နှင့် ယင်းတို့၏ ကောက်ချက်များကို စိန်ခေါ်ပိုင်ခွင့်ရှိကြောင်း၊ ထိုသို့ လုပ်ဆောင်ခြင်းသည် သီးခြားရည်ရွယ်ချက် (dolus specialis) သို့မဟုတ် အပြစ်ပေးရန်တာဝန်ကို ဖောက်ဖျက်ခြင်း၏ "သက်သေ" မဟုတ်သည်ကို အလေးအနက်ပြောကြားလိုပါကြောင်း တင်ပြခဲ့ပါသည်။
Newspaper
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Announcement
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
Naypyitaw Development Committee / Posted on March 12, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
Naypyitaw Development Committee / Posted on March 11, 2026
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း
Revenue Appellate Tribunal / Posted on March 11, 2026
အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း
