အပြည်ပြည်ဆိုင်ရာတရားရုံး၌ ဂမ်ဘီယာနှင့် မြန်မာတို့၏အမှုနှင့်ပတ်သက်၍ ကြားနာပွဲသို့ တက်​ရောက်တုံ့ပြန်​ချေပလျှောက်လဲခဲ့သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ


Ministry of Information/ Naypyitaw / February 02, 2026
image_latest


ရန်ကုန် ဖေဖော်ဝါရီ ၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဂုဏ်သိက္ခာနှင့် တရားမျှတသော အမှန်တရားအတွက် နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ တုံ့ပြန်​​​ချေပ​လျှောက်လဲခဲ့သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၃၁ ရက်တွင် နယ်သာလန်နိုင်ငံမှ ပြန်လည်ထွက်ခွာလာရာ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ရဟန်းရှင်လူပြည်သူများ၊ အနုပညာရှင်များ၊ ကျောင်းသား ကျောင်းသူများက ဂုဏ်ပြုပန်းစည်းများပေးအပ်၍ ကြိုဆိုထောက်ခံကြောင်း ဗီနိုင်းပိုစတာများ ကိုင်ဆောင်ကာ နိုင်ငံတော်အလံများ‌ ဝှေ့ယမ်းပြီး လှိုက်လှိုက်လှဲလှဲ တစ်ခဲနက်ကြိုဆိုကြသည်။

ဦးစွာ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုကြိုဆိုခြင်းအခမ်းအနားကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ဝင်းအတွင်း ကျင်းပရာ တက်ရောက်လာသူ များက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံတော်အား အလေးပြုကြပြီး နိုင်ငံတော်သီချင်းကို သံပြိုင်သီဆိုကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ပြောကြားရာ၌ ယခုကြားနာမှုမှာ နောက်ဆုံးအဆင့် နှစ်ဖက်စုံညီလျှောက်လဲကြားနာမှုဖြစ်ပြီး အမှု၏ အရေးကြီးဆုံးအဆင့်ဖြစ်ပါကြောင်း၊ ထိုအမှု၏ အရေးကြီးပုံကို အားလုံးလည်းသိရှိပြီးဖြစ်ပါကြောင်း၊ တရားရင်ဆိုင်မှုတွင် သရေမရှိ၊ ပူးတွဲချန်ပီယံမရှိဘဲ အနိုင်၊ အရှုံး နှစ်မျိုးသာရှိပါကြောင်း။

မိမိတို့နိုင်ငံအနေဖြင့် ထိုအမှုတွင် မည်သို့မျှ အရေးနိမ့်၍ မဖြစ်သည့်အတွက် မိမိတို့တစ်ဖွဲ့လုံး ကျားကုတ်ကျားခဲ ကြိုးစား၍ ရင်ဆိုင်ထုချေလျှောက်လဲခဲ့ကြပါကြောင်း၊ မိမိတို့အဖွဲ့ဆိုရာတွင် မြန်မာနိုင်ငံမှ သွားရောက်ရင်ဆိုင်ခဲ့သည့် သက်ဆိုင်ရာဝန်ကြီးဌာန ပေါင်းစုံပါဝင်သည့် လုပ်ငန်းအဖွဲ့ နှင့် ဘရပ်ဆဲလ်မြို့ရှိ မြန်မာသံရုံးမှ သံအမတ်ကြီးနှင့်တကွ သံရုံးဝန်ထမ်းများ၊ နိုင်ငံတကာရှေ့နေ အဖွဲ့များ အတူတကွ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပါကြောင်း၊ အမှုရင်ဆိုင်ခဲ့သည့် ရက်ပေါင်း ၂၀ တွင် အချိန်လု၍ ဆောင်ရွက်ခဲ့ကြရပါကြောင်း၊ မိမိတို့အဖွဲ့သည် နေ့မအား၊ ညမနား ကြိုးပမ်းလုပ်ဆောင်ကြရပါကြောင်း၊ တချို့နေ့ရက်များတွင် ညလုံးပေါက် မနားတမ်း ဆောင် ရွက်ခဲ့ကြရပါကြောင်း။

အမှန်တကယ်တွင် ထိုအမှုမှာ ရက်ပေါင်း၂၀ သာ အပြင်းအထန်လုပ်ခဲ့ရသည်မဟုတ်ဘဲ မိမိတို့လုပ်ငန်းအဖွဲ့သည် အမှုတွင် ခိုင်ခိုင်မာမာ တုံ့ပြန်ချေပနိုင်ရန် ငါးနှစ်ခန့် ကျားကုတ်ကျားခဲ ကြိုးပမ်းခဲ့ကြရပါကြောင်း၊ အခက်အခဲအမျိုးမျိုး၊ စိန်ခေါ်မှုအမျိုးမျိုးလည်း ကြုံခဲ့ရပါကြောင်း။

ယင်းအနေအထားမှ နောက်ဆုံးကြားနာမှုတွင် မိမိတို့ပင်ပန်းခဲ့ရကြိုးနပ်​အောင် ဆောင်ရွက် နိုင်ခဲ့ပါကြောင်း၊ ဥပဒေပိုင်းဆိုင်ရာတွင်သာမက အချက်အလက်ပိုင်းဆိုင်ရာမှာပါ ပြည့်ပြည့်စုံစုံ ခိုင်ခိုင် လုံလုံနှင့် အချိန်မီပြုစု တင်ပြလျှောက်လဲနိုင်ခဲ့ပါကြောင်း။

ပထမဆုံးကျေးဇူးတင်လိုသည်မှာ အမှုနှင့်ပတ်သက်၍ အစမှ အဆုံးတိုင် မိမိတို့အဖွဲ့အား ယုံယုံကြည်ကြည်ဖြင့် တာဝန်ပေးအပ်ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည့် နိုင်ငံတော်အကြီးအကဲနှင့်တကွ အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း။

အလားတူ အမှုတစ်လျှောက်လုံး ငါးနှစ်တာကာလနှင့် နောက်ဆုံးတိုက်ပွဲရက် ၂၀ အထိ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် အစစအရာရာ အနစ်နာခံ၊ အပင်ပန်းခံ ပါဝင် ဆောင်ရွက်ပေးခဲ့ကြသည့် မိမိ၏ ရဲဘော်ရဲဘက် ICJ လုပ်ငန်းအဖွဲ့ကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့နှင့်အတူ မိမိတို့၏ အဖြစ်မှန်ကို နားလည်သိရှိ၍ မိမိတို့ဘက်မှ စေတနာအပြည့်ဖြင့် ဝတ်​ကျေတန်း​ကျေမဟုတ်ဘဲ ခုခံကာကွယ်လျှောက်လဲပေးခဲ့သည့် နိုင်ငံတကာရှေ့နေအဖွဲ့ကို လည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ထို့ပြင် နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့၌ သွားရောက် တရားရင်ဆိုင်ခဲ့ရသည့်အကြိမ်တိုင်းတွင် အစစ၊ အရာရာ အဆင်ပြေစေရန် ဝိုင်းဝန်းပံ့ပိုးပေးခဲ့ကြ သည့် မြန်မာသံရုံးဘရပ်ဆဲလ်မှ သံရုံးဝန်ထမ်းများ၊ တစ်ထောက်နားခဲ့သည့် လေဆိပ်များတွင် လာရောက်ကူညီခဲ့ကြသည့် သံရုံး ဝန်ထမ်းများ၊ မိမိတို့ ဥပဒေစစ်မြေပြင်ရှေ့တန်းတွင် တိုက်ပွဲ ဝင်နိုင်စေရန် မြန်မာနိုင်ငံအတွင်းမှ အချက်အလက်များကို ပြည့်ပြည့်စုံစုံရအောင် အဘက်ဘက်မှ ဝိုင်းဝန်းပံ့ပိုးကူညီပေးခဲ့ကြသည့် ဝန်ကြီးဌာနများ၊ မီဒီယာများနှင့် ပါဝင်ဆောင်ရွက်ပေးခဲ့ကြသည့် ရဲဘော်ရဲဘက်များ အားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း။

အထူးသဖြင့် မိမိတို့ ICJ ဆိုင်ရာ မြန်မာအဖွဲ့ကို ရင်ထဲ၊ အသည်းထဲမှ လှိုက်လှိုက်လှဲလှဲထောက်ခံအားပေးခဲ့ကြသည့် အမိမြန်မာပြည်မှ ပြည်သူလူထုကြီး တစ်ရပ်လုံးကို မိမိတို့အဖွဲ့က အစဉ်ထာဝရကျေးဇူးတင်နေမည်ဖြစ်ပါကြောင်း၊ ပြည်သူတစ်ရပ်လုံးက မိမိတို့နှင့်အတူ အားပေးရပ်တည်ခဲ့မှုသည် မိမိတို့အတွက် အဖိုးမဖြတ်နိုင်သည့် ခွန်အားဖြစ်ခဲ့ပါကြောင်း၊ ပြည်သူပါသည့်ဘက်က စစ်နိုင်သည်ဆိုသည့် ဆိုရိုးစကားအတိုင်း နိုင်ငံတော်အစိုးရနှင့် ပြည်သူလူထုကြီးတစ်ခုလုံး စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်ဖြင့် ဆက်လက်ပြီး လက်တွဲ ဆောင်ရွက်ကြမည်ဆိုလျှင် မည်သည့်အခက်အခဲမဆို၊ ကြမ်းတမ်းသည့် စိန်ခေါ်မှုမျိုးကိုမဆို အောင်မြင်စွာ ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့အားလုံး မျှော်လင့်တောင့်တနေကြသည့် နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် အားလုံးစည်းလုံးညီညွတ်မှုနှင့် ရွှေရောင် အနာဂတ်ကို အတူတကွ လျှောက်လှမ်းကြပါစို့ဟု တိုက်တွန်းလို ပါကြောင်း။

မကြာခင်ပေါ်ပေါက်လာတော့မည့် နိုင်ငံတော်၏ အခင်းအကျင်းအသစ်နှင့်အတူ မိမိတို့ချစ်သည့် မြန်မာနိုင်ငံတော်ကြီး အဓွန့်ရှည်၊ တည်တံ့ခိုင်မြဲရေးနှင့် အေးချမ်းသာယာဖွံ့ဖြိုးရေးအတွက် ရည်မှန်း၍ မိမိတို့အားလုံး နိုင်ငံတော်အလံကို အလေးပြုပြီး နိုင်ငံတော်သီချင်းကို တက်တက် ကြွကြွသီဆိုကာ မိမိတို့၏ နိုင်ငံချစ်စိတ်ကို ပြသပေးကြပါစို့ဟု မေတ္တာရပ်ခံလိုပါကြောင်း ပြော ကြားသည်။

တစ်ခဲနက်ကြိုဆိုထောက်ခံ

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဒေါက်တာသီတာဦးတို့ ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်မှ မော်တော်ယာဉ်တန်းဖြင့် ပြန်လည်ထွက်ခွာရာ လမ်းတစ်​လျှောက်တွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ရဟန်းရှင်လူ ပြည်သူများ၊ ကျောင်းသား ကျောင်းသူများက ဗီနိုင်းပိုစတာများ ကိုင်ဆောင်ပြီး နိုင်ငံတော်အလံများ‌ ဝှေ့ယမ်းကာ လှိုက်လှိုက်လှဲလှဲ တစ်ခဲနက်ကြိုဆို​​ထောက်ခံကြောင်း ပြသခဲ့ကြသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက် ၊ ဖေဖော်ဝါရီ ၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 02, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 01, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၃၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 31, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း

Ministry of Information / Posted on February 01, 2026

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း

အကြောင်းအမျိုးမျိုးကြောင့် ဌာနမှကင်းကွာနေသည့်ဝန်ထမ်းများအား ပြစ်မှုကျူးလွန်ခြင်းမရှိပါက အမည်မည်းစာရင်း (Black Lists)မှ ဖြေလျှော့ပေးလျက်ရှိ

Ministry of Information / Posted on January 31, 2026

၁။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းအချို့သည် အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက်မရရှိဘဲ လုပ်ငန်းခွင်ကို စွန့်ခွာသွားကြသည့်အတွက် သက်ဆိုင်ရာဌာနများ၏ အမည်မည်းစာရင်း (Black Lists)တွင် ပါဝင်နေ၍ စိုးရိမ်ပူပန်စိတ်ဖြင့် အခြားနေရာများသို့ ရှောင်တိမ်းနေကြောင်း သိရှိရပါသည်။

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023