အမျိုးသမီးများကို တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားခဲ့ကြသူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ်


Ministry of Information/ Naypyitaw / May 04, 2025
image_latest


နေပြည်တော် မေ ၃

အမျိုးသမီးများကို တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားခဲ့ကြသူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်အသီးသီးချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ထန်းတပင်ကျေးရွာနေ ဇော်မင်းဆန်းနှင့် မသော်တာမင်း (လိပ်စာတူ)နေသူတို့က နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ထန်းတပင်ကျေးရွာနေ မ---၊ ၄၂/၂၀၂၄ နှစ်အား တရုတ်အမျိုးသားနှင့် လက်ထပ်ရန်တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ကြသဖြင့် လယ်ဝေးခရိုင် ဒက္ခိဏသီရိမြို့နယ် ဧည့်ဂေဟာနယ်မြေရဲစခန်း (ပ) ၅၉/၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က)ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့သည်။

လယ်ဝေးခရိုင်တရားရုံးမှ ဧပြီ ၂၉ ရက်တွင် တရားခံ ဇော်မင်းဆန်းနှင့် မသော်တာဝင်းတို့နှစ်ဦးအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ မဥမ္မာထွေး(ခ) မထွေး(ခ) ယွန်းငယ်အား ရာဇဝတ် ကျင်ထုံးဥပဒေပုဒ်မ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။

အလားတူ ရှမ်းပြည်နယ် မူဆယ်မြို့ မန့်ဝိန်းနယ်မြေ စွမ်းစော်ရပ်ကွက် “ကောင်း ဟိုတယ်ဝင်း ဆိုင်ကယ်ဂိုဒေါင်နေ အောင်ဆန်းဦးက ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်ခရိုင် နမ့်ဖက်ကာမြို့နယ် ရီယာန်ကျေးရွာနေ မ ---၊၁၇/၂၀၂၅ နှစ်အား တရုတ်အမျိုးသားနှင့် လက်ထပ်ရန် တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သဖြင့် မူဆယ်မြို့မရဲစခန်း (ပ)၃၉/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က) /၄၄ ဖြင့် အမှုရေး ဖွင့်တရားစွဲတင်ခဲ့သည်။ မူဆယ်ခရိုင်တရားရုံးမှ ဧပြီ ၂၈ ရက်တွင် တရားခံ အောင်ဆန်းဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)အရ အလုပ်နှင့်ထောင်ဒဏ်နှစ် ၂၀ ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ ဒေါ်ဝင့်ဝါထွန်းနှင့် ဒေါ်နန်းအေးဆေးတို့ နှစ်ဦးအား ရာဇဝတ်ကျင်ထုံးဥပဒေပုဒ်မ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 04, 2025

Publication Date: 2025

Page: ၃၂

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 02, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

Announcement

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၃/၂၀၂၅)

Union Civil Service Board / Posted on May 02, 2025

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၄/၂၀၂၅)

စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးခြင်းဖြေဆိုရန်ကိစ္

Union Civil Service Board / Posted on April 29, 2025

စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးခြင်းဖြေဆိုရန်ကိစ္

စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးမှုခံယူမည့်သူများအမည်စာရင်းကြေညာခြင်း

Union Civil Service Board / Posted on April 29, 2025

စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးမှုခံယူမည့်သူများအမည်စာရင်းကြေညာခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023