အမျိုးသမီးများကို တရုတ်အမျိုးသားများနှင့် ပေါင်းသင်းနေထိုင်စေပြီး တရုတ်နိုင်ငံသို့ပို့ဆောင်ရန် စီစဉ်ခဲ့ကြသူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ်စီချမှတ်


Ministry of Information/ Naypyitaw / October 28, 2025
image_latest


နေပြည်တော် အောက်တိုဘာ ၂၇

အမျိုးသမီးများကို တရုတ်အမျိုးသားများနှင့် ပေါင်းသင်းနေထိုင်စေပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ရန် စီစဉ်ခဲ့ကြသူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ်စီချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှသိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာနေ ဒေါ်ပြည့်(ခ) ဒေါ်ခင်ပြည့်နှင့် ၎င်း၏ သမီးဖြစ်သူ တရုတ်နိုင်ငံနေ မသီတာသောင်းတို့က ၎င်းတို့နှင့် ခင်မင်ရင်းနှီးကြသူများဖြစ်ကြသည့် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်နေ မ----၊ ၂၈/၂၀၂၅ နှစ်၊ မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်နေ မ----၊ ၂၄/၂၀၂၅ နှစ်နှင့် ရှမ်းပြည်နယ် နောင်ချိုမြို့နေ မ----၊ ၃၀/၂၀၂၅ နှစ်တို့ကို တရုတ်နိုင်ငံသားနှင့် လက်ထပ်ပါက ငွေကျပ်သိန်း ၁၀၀ ရရှိမည် တင်နေသည့်အကြွေးများဆပ်ပေးမည်ဟု စည်းရုံးပြောဆို၍ တရုတ်နိုင်ငံသို့ ပို့ဆောင်ရန်အတွက် နိုင်ငံကူးလက်မှတ်အား မြဝတီမြို့၌ သွားရောက်ပြုလုပ်စေခဲ့သည်။

နိုင်ငံကူးလက်မှတ်ရရှိပြီးနောက် ၎င်းအမျိုးသမီးသုံးဦးအနက်နှစ်ဦးကို ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ MGM ဟိုတယ်တွင် တရုတ်နိုင်ငံသား ဝမ်ရှောင်(WANG XIANG)၊ လျူရှုချန့် (RUCHENG) တို့နှင့်ပေါင်းသင်းနေထိုင်စေပြီး ကျန်တစ်ဦးကို တရုတ်နိုင်ငံသားနှင့် ပေါင်းသင်းနေထိုင်ရန် စီစဉ်ဆောင်ရွက်နေစဉ်အတွင်း ဖမ်းဆီးရမိသဖြင့် ပုသိမ်ကြီးမြို့နယ် အုန်းချောနယ် မြေရဲစခန်း(ပ)၄၁/ ၂၀၂၅၊ (ပ)၄၂/ ၂၀၂၅နှင့် (ပ) ၄၃/ ၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/၄၄ တို့ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး အောက်တိုဘာ ၂၃ ရက်တွင် အောင်မြေသာစံခရိုင်တရားရုံးမှ ဖမ်းမိတရားခံဝမ်ရှောင်(WANG XIANG)၊ လျူရှုချန့်(RUCHENG)တို့ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ်ကျခံစေရန်နှင့် တရားခံဒေါ်ပြည့်(ခ)ဒေါ်ခင်ပြည့်ကို အမှုတစ်မှုချင်းစီအတွက် အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ သီတာသောင်းကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။

ထို့တူ မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်နေ မသဲသဲအောင်သည် အိုးဝေမောင်းသည့် အလုပ်အားလုပ်ကိုင်စဉ် အိုးဝေငှားရမ်းစီးနင်းသူ မူဆယ်မြို့နေ မသဲယုယနှင့် ခင်မင်ရင်းနှီးခဲ့ရာ မသဲယုယမှ မိန်းကလေးများကို တရုတ်နိုင်ငံသို့ စိုက်ပျိုးရေး၊ အထည်ချုပ်နှင့် တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ပေးသည့် အလုပ်လုပ်ကိုင်ကြောင်း၊ လူရှာပေးပါက တစ်ဦးလျှင် ငွေကျပ် ၁၅ သိန်း ပေးမည်ဟုပြောဆိုသဖြင့် အိုးဝေလာရောက်ငှားရမ်းစီးနင်းသည့် စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နေသူ မိန်းကလေးနှစ်ဦးနှင့် တစ်ရပ်ကွက်တည်းနေ မိန်းကလေးနှစ်ဦးတို့ကို တရုတ်နိုင်ငံသို့ သွားရောက်၍ တရုတ်ဇနီးမယားအဖြစ် လုပ်ကိုင်ပါက ရုပ်ရည်ပေါ်မူတည်၍ ငွေများများရမည်ဟု စည်းရုံးပြောဆိုကာ ငွေကြေးအကျိုးအမြတ်များရယူ၍ မူဆယ်မြို့နေမသဲယုယထံ ပို့ဆောင်ပေးခဲ့သည်။

စစ်ဆေးချက်အရ မသဲယုယက တရုတ်နိုင်ငံသို့ တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားခဲ့ကြောင်း စိစစ်ပေါ်ပေါက်သဖြင့် ပြည်ကြီးတံခွန်မြို့နယ် စက်မှုနယ်မြေရဲစခန်း(ပ) ၈၈/၂၀၂၅၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး အောက်တိုဘာ ၂၄ ရက်တွင် မဟာအောင်မြေခရိုင် တရားရုံးမှ ဖမ်းမိတရားခံ မသဲသဲအောင်ကို အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ မသဲယုယကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ ကြောင်း သိရသည်။                                

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ October 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 27, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ October 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

အငယ်တန်းစာရေးနှင့် ဒု-လ/ထကွန်ပျူတာလုပ်ဆောင်ရေးမှူးရာထူးနေရာများအတွက် ရေးဖြေအောင်မြင်သူများစာရင်း ထုန်ပြန်ကြေညာခြင်း-

Revenue Appellate Tribunal / Posted on September 19, 2025

အငယ်တန်းစာရေးနှင့် ဒု-လ/ထကွန်ပျူတာလုပ်ဆောင်ရေးမှူးရာထူးနေရာများအတွက် ရေးဖြေအောင်မြင်သူများစာရင်း ထုန်ပြန်ကြေညာခြင်း-

ရေကြောင်းသတိပေးကြေညာချက်

Ministry of Information / Posted on October 27, 2025

ရေကြောင်းသတိပေးကြေညာချက်

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများ ပြင်ဆင်ထုတ်ပြန်

Ministry of Information / Posted on October 27, 2025

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများ ပြင်ဆင်ထုတ်ပြန်

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023