အမျိုးသမီးများကို တရုတ်နိုင်ငံသားများနှင့် ပေါင်းသင်းနေထိုင်စေပြီး ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သူများနှင့် အမျိုးသမီးများကို တရုတ်ဇနီးမယားအဖြစ် ဆောင်ရွက်ရန် လိမ်လည်စည်းရုံးခေါ်ဆောင်သူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်များ ချမှတ်


Ministry of Information/ Naypyitaw / March 28, 2026
image_latest


နေပြည်တော် မတ် ၂၇

အမျိုးသမီးများကို တရုတ်နိုင်ငံသားများနှင့် ပေါင်းသင်းနေထိုင်စေပြီး ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သူများနှင့် အမျိုးသမီးများကို တရုတ်ဇနီးမယားအဖြစ် ဆောင်ရွက်ရန် လိမ်လည်စည်းရုံးခေါ်ဆောင်သူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ချစ်တီးကုန်းရပ်ကွက် ခရေပင်ရိပ်မွန်အိမ်ရာတွင် မမေမြတ်သူ (ခ) မေသူနှင့် တရုတ်နိုင်ငံသား Mr. SHAOXUAN တို့ လင်မယားသည် မြန်မာအမျိုးသမီးများကို တရုတ်နိုင်ငံသားများနှင့် လက်ထပ်ပေါင်းသင်းစေပြီး ငွေကြေးအကျိုးအမြတ်များအား ခေါင်းပုံဖြတ်ရယူလျက်ရှိကြောင်း သတင်းရရှိသဖြင့် အမှတ် (၆) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (ရန်ကုန်) မှ တပ်ဖွဲ့ဝင်များက ပူးပေါင်းအဖွဲ့နှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ မြန်မာအမျိုးသမီးသုံးဦးကို တရုတ်နိုင်ငံသား သုံးဦးနှင့်အတူ တွေ့ရှိခဲ့ရသည်။

ဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်နေအမျိုးသမီးတစ်ဦးကို သူငယ်ချင်းဖြစ်သူ အေးအေးထွေးက တရုတ်နိုင်ငံသားနှင့် လက်ထပ်ပါက ငွေကျပ်သိန်း ၁၀၀ ရရှိမည်ဖြစ်ပြီး ရွှေတစ်ဆင်စာပေးမည်ဖြစ်ကြောင်း၊ ကြိုတင်ငွေသိန်း ၂၀ ပေးမည်ဟု ပြောဆိုစည်းရုံးခဲ့ကြောင်း၊ ကရင်ပြည်နယ် မြဝတီမြို့နေ အမျိုးသမီးတစ်ဦးသည် လူမှုကွန်ရက် TikTok ၌ အလုပ်အကိုင်ရှာဖွေခဲ့ရာ အမည်မမှတ်မိအကောင့်တစ်ခုမှ အထက်ပါအတိုင်းစည်းရုံးခဲ့ပြီး ရန်ကုန်သို့လာရောက်ရန် ခေါ်ဆောင်သဖြင့် သွားရောက်ခဲ့ရာ မသဉ္ဇာဝင်း၊ မနှင်းဝေခိုင်၊ မလဲ့ရည်ဝင်းတို့နှင့် တွေ့ဆုံခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်နေ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်နေ တရုတ်မ (ခ) မသန်းသန်းစိုးထံ ဖုန်းဖြင့် ဆက်သွယ်၍ အလုပ်လုပ်ကိုင်လိုကြောင်း ပြောဆိုခဲ့ရာ အလားတူစည်းရုံးခံခဲ့ရကြောင်း၊ ထို့နောက် ၎င်းအမျိုးသမီးသုံးဦးကို စည်းရုံးခဲ့သူအသီးသီးမှ မမေမြတ်သူ (ခ) မေသူနှင့် တရုတ်နိုင်ငံသား Mr. SHAOXUANတို့ လင်မယားနေထိုင်သည့် အိမ်ရာသို့ ပို့ဆောင်ပေးခဲ့ရာ အမျိုးသမီးတစ်ဦးစီသည် တရုတ်နိုင်ငံသား Mr. Qin Weifeng ၊ Mr.Chen Li Bing နှင့် Mr. Shang Xu Dong ဆိုသူတို့နှင့် တစ်ဦးစီပေါင်းသင်းနေထိုင်ခဲ့ရကြောင်း၊ မမေမြတ်သူ (ခ) မေသူနှင့် တရုတ်နိုင်ငံသား Mr. SHAO-XUAN တို့ လင်မယားက တရုတ်နိုင်ငံသားများထံမှ တရုတ်ယွမ် ၄၀၀၀၀ စီရယူခဲ့ပြီး မြန်မာအမျိုးသမီးများကို ငွေကျပ်သိန်း ၄၀ ခန့်နှင့် လာရောက်ပို့ဆောင်ပေးသူများကို ငွေကျပ် ၅ သိန်းမှ ၁၀ သိန်းစီ ခန့်ပေးခဲ့ပြီး ကျန်ငွေကြေးအကျိုးအမြတ်များကို ခေါင်းပုံဖြတ်ရယူခဲ့ကြောင်း စိစစ်သိရှိရသဖြင့် အမှတ် (၆) လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့စု (ရန်ကုန်) မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ မင်္ဂလာဒုံမြို့မရဲစခန်း(ပ)၁၈၀/ ၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/ ၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး မတ် ၂၄ ရက်တွင် မင်္ဂလာဒုံခရိုင် ခရိုင်တရားရုံးမှ တရားခံ မမေမြတ်သူ (ခ) မေသူနှင့် တရုတ်နိုင်ငံသား Mr. SHAOXUAN တို့ နှစ်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်စီ၊ တရုတ်နိုင်ငံသား Mr. Qin Weifeng ၊ Mr.Chen Li Bing ၊ Mr. Shang Xu Dong ၊ မသဉ္ဇာဝင်း၊ မနှင်းဝေခိုင်နှင့် မလဲ့ရည်ဝင်းတို့ ခြောက်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ ၄၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ မအေးအေးထွေးနှင့် မသန်းသန်းစိုး (ခ) တရုတ်မတို့ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ ၄၄/ ကျင့် ၅၁၂ အရ ၈၇/ ၈၈ အတည်ပြုထုတ်ဆင့်ခဲ့သည်။

အလားတူ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ရွာဟောင်းကန်ကျေးရွာနေ အမျိုးသမီးတစ်ဦးအား ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ် ကမာပါကျေးရွာနေ မအေးချမ်းမြေ့နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့ အေးသာယာမြို့ အမှတ် (၃) ရပ်ကွက်နေ မယမင်းထက် (ခ) မထက်တို့ နှစ်ဦးက တရုတ်နိုင်ငံ ရွှေလီမြို့ရှိ ထမင်းဆိုင်၌ အလုပ် လုပ်လိုပါက တစ်လလျှင် ယွမ် ၃၅၀၀၊ မြန်မာငွေ ၁၈ သိန်းကျပ်ခန့်ရရှိမည်ဖြစ်ကြောင်း ပြောဆိုစည်းရုံးကာ တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံရှိ အမည်မသိတရုတ်ပွဲစားအမျိုးသမီး၏ နေအိမ်တွင် နေထိုင်စဉ် မယမင်းထက် (ခ) မထက်က Wechat မှတစ်ဆင့် တရုတ်ယောက်ျားယူရမည်၊ ယွမ် ၃၀၀၀၀ ရမည်၊ တစ်နှစ်ပေါင်းသင်း ရမည်ဟု ပြောကြားခဲ့ကြောင်း၊ ၎င်းမှတရုတ်ယောက်ျားမယူလိုဘဲ နေအိမ်သို့ ပြန်လိုကြောင်း ပြောကြားခဲ့ရာ လမ်းခရီးကုန်ကျစရိတ်များအား ပေးလျော်ရမည်ဟု ပြောကြားခဲ့ကြောင်း၊ ထို့နောက် တရုတ်ပွဲစားအမျိုးသမီး၏ နေအိမ်မှ ထွက်ပြေးကာ ၎င်းနှင့်ရင်းနှီးသူတစ်ဦး၏ နေအိမ်တွင် တစ်လခွဲခန့် ရှောင်တိမ်းနေထိုင်စဉ် တရုတ်ရဲတပ်ဖွဲ့က လာရောက်ခေါ်ဆောင်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း စိစစ်ပေါ်ပေါက်သဖြင့် အမှတ် (၁၁) လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စု (မန္တလေး) မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ပြည်ကြီးတံခွန်မြို့နယ် စက်မှုနယ်မြေရဲစခန်း (ပ) ၁၁၀/၂၀၂၅၊ လူကုန် ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲ တင်ပို့ခဲ့ပြီး မတ် ၂၄ ရက်တွင် မဟာအောင်မြေခရိုင်တရားရုံးမှ တရားခံ မယမင်းထက် (ခ) မထက်ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၁ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ အေးချမ်းမြေ့အား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့သည်။

ထို့အတူ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် အောက်ဝါးနက်ချောင်းကျေးရွာအုပ်စု အင်တန်းကျေးရွာနေ အမျိုးသမီးတစ်ဦးက မှတ်ပုံတင်ပြုလုပ်လို၍ အဒေါ်ဖြစ်သူ ဒေါ်နှင်းယုလွင်အား ဆက်သွယ်ခဲ့ရာ အ‌ဒေါ်ဖြစ်သူက ခရေပင်ရိပ်မွန်အိမ်ရာအတွင်းရှိ တိုက်အမှတ် (၁၀၂) သို့ ရောက်ရှိနေကြောင်း ပြောဆိုသဖြင့် အဆိုပါနေအိမ်သို့ သွားရောက်ခဲ့ရာ အ‌ဒေါ်ဖြစ်သူအား မတွေ့ရှိဘဲ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ချစ်တီးကုန်းရပ်ကွက်နေ မမေမြတ်သူ (ခ) မေသူနှင့် ခင်ပွန်းဖြစ်သူ တရုတ်နိုင်ငံသား Mr. SHAOXUAN တို့အား တွေ့ရှိခဲ့ပြီး မမေမြတ်သူ (ခ) မေသူက ၎င်းအား တရုတ်ယောက်ျားယူပါက တင်တောင်းငွေ ကျပ်သိန်း ၁၀၀ ရရှိမည်၊ လက်ဝတ်ရတနာများ ဆင်ပေးမည်ဟု ပြောဆိုစည်းရုံးသဖြင့် သဘောတူခဲ့ကြောင်း၊ တစ်ပတ်ခန့်အကြာတွင် မမေမြတ်သူ (ခ) မေသူက ကြိုတင်ငွေသိန်း ၂၀ ပေးခဲ့ပြီး တရုတ်နိုင်ငံသား Mr. Li Wei နှင့် ပေါင်းသင်းနေထိုင်ခဲ့ရကြောင်း၊ ငါးလခန့် ပေါင်းသင်းနေထိုင်စဉ် မမေမြတ်သူ (ခ) မေသူက နိုင်ငံကူးလက်မှတ်စာအုပ်ပြုလုပ်ပေးခြင်း၊ ဗီဇာလျှောက်ထားခြင်း၊ ရွှေလက်စွပ်၊ ရွှေနားကပ် ပြုလုပ်ပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသားက မမေမြတ်သူ (ခ) မေသူအား အကျိုးဆောင်ခအဖြစ် ယွမ် ၄၀၀၀၀ ပေးခဲ့ရကြောင်း စိစစ်ပေါ်ပေါက်သဖြင့် အမှတ် (၆) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (ရန်ကုန်) မှ တရားလိုပြုလုပ် တိုင်တန်းခဲ့ရာ မင်္ဂလာဒုံမြို့မရဲစခန်း (ပ) ၁၈၁/၂၀၂၅၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲ တင်ပို့ခဲ့ပြီး မတ် ၂၄ ရက်တွင် မင်္ဂလာဒုံခရိုင်တရားရုံးမှ တရားခံ မေမြတ်သူ (ခ) မေသူနှင့် Mr. SHAOXUAN တို့ နှစ်ဦးအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ်စီ၊ တရားခံတရုတ်နိုင်ငံသား Mr. Li Wei အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 31, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Ministry of Electric Power / Posted on March 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Ministry of Transport and Communications / Posted on March 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Video