အမျိုးသမီးအခွင့်အရေးများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ


Ministry of Information/ Naypyitaw / March 06, 2026
image_latest


ရန်ကုန် မတ် ၅

နိုင်ငံတော်သည် အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့်စပ်လျဉ်း၍ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း NSPAW Phase II (၂၀၂၃-၂၀၃၂)ကို ဆောင်ရွက်လျက်ရှိရာ မဟာဗျူဟာစီမံကိန်း၏ အမျိုးသမီးအခွင့်အရေးနှင့် လူ့အခွင့်အရေး ကဏ္ဍရှိ လုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် ၂၀၂၆ ခုနှစ် မတ် ၈ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ကြိုဆိုသည့်အနေဖြင့် အမျိုးသမီးအခွင့်အရေးများဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်း တွင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ရုံး (ရန်ကုန်)၌ ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်နှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အမျိုးသမီးများနှင့် လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ဝန်ကြီးဌာနအဖွဲ့အစည်းများမှ လုပ်ငန်းကော်မတီဝင်များ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌက လူ့အခွင့်အရေးဆိုသည်မှာ လူသားအားလုံးရရှိအပ်သည့် မွေးရာပါအခွင့်အရေးများဖြစ်ကြောင်း၊ အမျိုးသမီးများအပေါ် လူ့အခွင့်အရေးဆိုင်ရာ အခြေခံမူများဖြစ်သော တန်းတူညီမျှမှုရှိ စေရန်နှင့် ခွဲခြားဆက်ဆံမှု မရှိ စေရန် (Equality and Non-discrimination)ကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြကြောင်း၊ နိုင်ငံတော်အနေဖြင့် အမျိုးသမီးအခွင့်အရေးများကို ဆောင်ရွက်လျက်ရှိသည့်နည်းတူ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကလည်း အမျိုးသမီးများနှင့် အမျိုးသမီးငယ်များ၏ အခွင့်အရေးများ မြှင့်တင်ကာကွယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း၊ ယနေ့ဆွေးနွေးချက်မှ ထွက်ပေါ်လာမည့်အကြံပြုချက်များသည် NSPAW မဟာ ဗျူဟာစီမံကိန်းပန်းတိုင် အကောင်အထည်ဖော်ရာတွင် အထောက်အကူ ဖြစ်စေမည့်အတွက် ဆွေးနွေးပွဲတက်ရောက် လာသူများကလည်း NSPAW မဟာဗျူဟာစီမံကိန်းပါ အမျိုးသမီးများနှင့် လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းများကို တက်ကြွစွာပါဝင်ဆွေးနွေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် အမျိုးသမီးများနှင့် လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်က အလုပ်ရုံဆွေးနွေးပွဲနှင့် စပ်လျဉ်း၍ ပဏာမရှင်းလင်းဆွေးနွေးပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်က လူ့အခွင့်အရေး အခြေခံအယူအဆနှင့် အမျိုးသမီးအခွင့်အရေးများ အကြောင်းကို ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် အမျိုးသမီးများနှင့် လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းကော်မတီအတွင်းရေးမှူးကော်မရှင်ရုံး ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးတို့က အမျိုးသမီးများနှင့် လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ (၂၀၂၃ - ၂၀၃၂) ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းစဉ် (၁၂) ရပ်နှင့် စပ်လျဉ်း၍ ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ခုချင်းအပေါ် ရှင်းလင်းဆွေးနွေးကြရာ တက်ရောက်လာ သူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးပြီး အမျိုးသမီးများနှင့် လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ကော်မရှင်ရုံးညွှန်ကြားရေးမှူးက နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း

Ministry of Information / Posted on April 10, 2026

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း

Video